အရေပြားကျန်းမာရေးကို စစ်ဆေးပေးနိုင်မည့် Olay ၏ Skin advisor


Mobile World Congress နည်းပညာပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည့် Olay ၏ အရေးပြားစမ်းစစ်သည့် အက်ပလီကေးရှင်း မှာ တိကျသေခြာသော အရေပြားစမ်းသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် AI နည်းပညာပါဝင်ကြောင်း သိရသည် ။မိတ်ကပ်နှင့် အလှကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Olay ၏ product များကို အသုံးပြုသော အမျိုးသမီး ဈေးဝယ်များအတွက် မိမိတို့ ၏ အရေပြားနှင့် ကိုက်ညီပြီး မိမိ၏ အရေပြား အခြေအနေ တိုးတက်ရေးအတွက် လိုအပ်သော ထုတ်ကုန်များကို ရှာဖွေနိုင်ရန် Olay မှ Skin Advisor အက်ပလီကေးရှင်းကို ဖန် တီးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အရေပြားအကြောင်း အချက်အလက်များ စုံလင်စွာထည့်သွင်းထား၍ တိတိကျ ကျဖြေဆိုနိုင်သော ဖြေရှင်းစနစ်ပါဝင် ပြီးလိုအပ်သည့် အလှကုန်ပစ္စည်းများကို ညွှန်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Skin Advisor မှာ အမျိုးသမီးများ၏ အရေပြားအိုမင်းခြင်း ဖြစ်ပေါ်သည့် နေရာများကို ရှာဖွေစစ်ဆေးနိုင်ပြီး အိုမင်းရခြင်း၏အကြောင်းရင်း များကိုရှာဖွေ ထုတ်ဖော်ပေးနိုင်သည် ။ ကွန်ပျူတာမှတ်ဥာဏ်ဖြင့် Skin Advisor မှာ အရေပြားပေါ်ရှိ အကောင်းဆုံးနေရာများကို ဖော်ပြပေးနိုင်ပြီး တိုးတက်မှုလိုအပ်သော နေရာများကိုလည်း အသိပေးနိုင်သည့်အပြင် ပိုမိုလှပသောအရေပြား ပိုင် ဆိုင်နိုင်ရန်အတွက် အမျိုးသမီးတစ်ဦးချင်းစီ လိုအပ်သော အရေပြားထိန်းသိမ်းနည်းလမ်းညွှန်တို့ ကိုပါ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 Olay ၏ Skin Advisor ကို အသုံးပြုရန်အတွက် မိတ်ကပ် မလိမ်းထားသည့် မိမိ၏မျက်နှာဓါတ်ပုံတစ်ပုံ ရိုက်ကူးရန်လိုအပ်သည်။ မိတ်ကပ်မလိမ်းဘဲ ရိုက်ကူးလိုက်သည့် မိမိ၏ သဘာဝရုပ်ရည်ကို စစ် ဆေး၍ လိုအပ်သည်များကို ဖော်ပြသွားမည်ဖြစ်ပြီး အိုမင်းရင့်ရော်မှု ဖြစ်ပေါ်နေသည့် နေရာများ ကိုဖော်ပြကာ လိုအပ်သော အလှကုန်ပစ္စည်းများကို လမ်းညွှန်ပေးသွားနိုင်သည်။Skin Advisor ၏ နည်းပညာတွင် အချက်အလက်များ ထည့်သွင်းခဲ့ရာ၌ Olay ၏ အရေပြားထိန်းသိမ်းရေး ဆိုင်ရာကျွမ်းကျင်သူများ၏ ကုထုံးနှင့် ဆေးပညာတို့ကို ထည့်သွင်းထားပြီး Olay ၏ ရှာဖွေလေ့လာရေးအသင်းမှ သိပ္ပံပညာရှင်များ ထည့်သွင်းထားသော အချက်အလက်များလည်း ပါဝင်ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ