သွေးဆုံးခြင်းဝေဒနာကို သက်သာလျော့ပါးစေသည့်အပ်စိုက်ကုသနည်း


သွေးဆုံးခြင်းကာလအတွင်းသို့ ၀င်ရောက်လာသည့် အမျိုးသမီးများ အတွက် ဝေဒနာခံစားနေရမှုကို သက်သာလျော့ပါးစေမည်ဟု သိရှိရပါသည်။ အဆိုပါတွေ့ရှိချက်ကို ရရှိခဲ့ သည့်လေ့လာမှုမှ အပ်စိုက် ကုသနည်း ကိုခံယူထားသည့်သွေးဆုံးသွားသောအမျိုးသမီးများသည်ညဘက်ချွေး စေးများ ထွက်ခြင်း ၊ ကိုယ်အပူရှိန်တက် နေခြင်း ဝေဒနာများခံစားရမှုမှာအဆိုပါအပ်စိုက်ကုသနည်းကိုမခံ ယူထားသည့်သူများနှင့်နှိုင်းစာလျှင်သုံးပုံတစ်ပုံနှင့်အထက်အထိလျော့ကျသွားသည်ဟု ဖော်ပြထားပါသည်။
ယင်းကဲ့သို့အကျိုးကျေးဇူး သည်အနည်းဆုံး ၆ လအထိ ကြာရှည်ခံသည်ဟု တွေ့ရှိထားသည်။

အဆိုပါလေ့လာမှုကိုဦးဆောင်ပြုလုပ်ခဲ့သည့်ပြည်သူ့ကျန်းမာရေး သိပ္ပံဌာန ပါမောက္ခဒေါက်တာ နန်စီကဗစ်မှ အပ်စိုက်ကုထုံးကအမျိုး သမီးတိုင်းအတွက် အသုံးမ၀င် သော်လည်း ချွေးစေးများထွက်ခြင်း၊ ကိုယ်အပူရှိန်တက်ခြင်း ဖြစ်ပွားသည့်အကြိမ်အရေအတွက် ကိုလျော့ချပေးနိုင်သည် ကိုလေ့လာမှုကညွှန်ပြနေပြီး ကုသမှုရပ်ဆိုင်ပြီးနောက် (၆) လအထိအကျိုးကျေးဇူးကိုဆက် လက်တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

 Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ