မိုးရေက သင့်ရဲ့အသားအရေကို ကောင်းမွန်စေလား


ငယ်စဉ်ဘ၀တုန်းက မိုးရေထဲ မှာ ဆော့ကစားခဲ့တာတွေက ပျော် စရာပါပဲ။ အသက်ကြီးလာလေလေ ဘ၀ရဲ့ဖိအားတွေအောက်မှာ နှစ်မြုပ် လေလေဖြစ်ပြီး ဆံပင်ကို ရေစိုမလား၊ အ၀တ်အစားတွေကို ရေစိုကုန်မလား ဆိုပြီး မိုးရေထဲမှာ မနေရဲကြတော့ပါ ဘူး။ အများဆုံးပူပန်တာကတော့ အသားအရေကို ထိခိုက်မလားဆိုတာ ပါပဲ။ မိုးရေကအသားအရေကို ထိခိုက်စေလား ဒါမှမဟုတ် အသား အရေကို ကောင်းမွန်စေတာလားဆို တာကတော့ အယူအဆအမျိုးမျိုး ကွဲပြားကြပါတယ်။

မသန့်ရှင်းတဲ့ မိုးရေ
ဒါကတော့ သင်ဘယ် အရပ် ဒေသကို ရောက်နေလဲဆိုတဲ့ အပေါ် မှာ မူတည်ပါတယ်။ ဆွစ်ဇလန် နိုင်ငံက အဲဗက်(စ်)တောင်တန်းလို နေရာမျိုးမှာ နေထိုင်တဲ့သူဆိုရင် တော့ မိုးရွာတဲ့အခါမှာ မိုးရေက သန့်ရှင်းနေမှာ သေချာပါတယ်။ တကယ်တမ်းက မိုးရေကရေအရင်း အမြစ်တွေ အားလုံးထဲမှာ အသန့်စင် ဆုံးရေအမျိုးအစား ဖြစ်ပါတယ်။ အကယ်၍ စက်ရုံ၊ အလုပ်ရုံတွေ အရမ်းကိုများပြားတဲ့ ဒေသ(သို့) လေထုညစ်ညမ်းမှုများတဲ့ ဒေသမှာ နေထိုင်သူဆိုရင်တော့ မိုးရေမချိုး သင့်ပါဘူး။ သင့်ရဲ့အရေပြားကို အဆိပ်တောက် ဖြစ်စေနိုင်ပါတယ်။

သန့်ရှင်းတဲ့ မိုးရေ
လေထုညစ်ညမ်းမှု ကင်း ဝေးတဲ့နေရာ ဒေသမှာရွာတဲ့မိုးရေ တွေက အသားအရေအတွက် ကောင်းမွန်ပါတယ်။ သန့်စင်မှုရှိပြီး alkaline ဓာတ်လည်း မပါဝင်တဲ့ မိုးရေကို ကျိုပြီး ရေချိုးရင် ပိုအကျိုး ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ ခေတ်အခါမှာ သန့်ရှင်းမှုရှိတဲ့ မိုးရေ ဆိုတာတော့ ရှားပါးသွားပါပြီ။

စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ခြင်း
မိုးရေချိုးလိုက်လို့ လူက တော့ ထူးထူးခြားခြား ဘာမှဖြစ်မသွားပေ မယ့် စိတ်ပိုင်းဆိုင်ရာအနေနဲ့ကြည့် မယ်ဆိုရင်တော့ ပျော်ရွှင်စေပါတယ်။ လွတ်လပ်ပေါ့ပါး သွားသလိုမျိုး လူတိုင်းနီးပါးခံစားရမှာပါ။ မိုးရေ စက်လေးတွေ သင့်ရဲ့ မျက်နှာပေါ်ကို ကျလာတဲ့အချိန်တိုင်း သင့်ရဲ့စိတ်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။ စိတ် ပျော်ရွှင်ခြင်းက ကျန်းမာတဲ့ခန္ဓာကို ရရှိစေမှာဖြစ်ပြီး ကျန်းမာတဲ့ အသား အရေကိုလည်း ပိုင်ဆိုင်စေမှာပါ။

သတိထားရမယ့်အချက်
- ပထမဆုံးရွာမယ့် မိုးရေကိုတော့ မချိုးပါနဲ့။
- မိုးရေချိုးပြီးတိုင်း ရေနည်း နည်းပြန်ချိုးပါ။
- အကယ်၍ မိုးရေက သင့်ရဲ့ အသားအရေကို ထိခိုက်စေတယ်လို့ ထင်ရင်လည်း မိုးရေထဲကို ထွက် တဲ့အခါမှာ ရေစိုခံမိတ်ကပ် လိမ်း ပေးနိုင်ပါတယ်။ မိုးရေမှာပါနိုင်တဲ့ ဓာတုပစ္စည်းတွေရဲ့ဒဏ်ကို ကာကွယ် ပေးနိုင်ပါတယ်။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ