ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားသလဲ


ကျန်းမာ သွက်လက်နေစေဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်ဆို တာကို လူတိုင်းသိပါတယ်။ အသက် ပိုရှည်စေတယ်၊ စိတ်နဲ့ခန္ဓာရွှင်လန်း စေဖို့ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခု လုပ်နေဖို့ လိုအပ်ပါတယ်။

(၁) ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်မယ်
အဆီကျပြီး ခန္ဓာကိုယ်ကို သွယ်လျှကျစ်လစ်စေမှာပါ။ ကယ်လို ရီလောင်ကျွမ်းနှုန်း အားကောင်းစေ ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ဆိုပြီး သတ်သတ်မှတ်မှတ် မလုပ် နိုင်ရင်တောင် အထပ်မြင့်တွေတက် တဲ့အခါ ဓာတ်လှေကားသုံးမယ့်အစား ခြေလျှင်တက်ဖို့ အမျိုးသမီးတွေဆို ရင်လည်း အိမ်မှုကိစ္စတွေကို လေး လေးပင်ပင် လုပ်မနေဘဲ ခပ်သွက် သွက်လေး လုပ်ပေးရင် လေ့ကျင့်ခန်း တစ်မျိုးလုပ်ပေးရာ ရောက်ပါတယ်။

(၂) နှလုံးအားကောင်းစေပြီး ရောဂါ တွေကို တွန်းလှန်ကာကွယ်နိုင်ခြင်း
နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်မှာ စိတ်ပူမနေပါနဲ့။ လေ့ကျင့် ခန်းပုံမှန် ပြုလုပ်ခြင်းက သွေးထဲက ကောင်းမွန်တဲ့ HDL ကိုလက်စထရော ကို မြှင့်တင်ပေးပြီး မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ Triglycerides တွေကို လျော့နည်းစေပါ တယ်။ မကောင်းတဲ့ ကိုလက်စထရော တွေ လျော့နည်းသွားခြင်းက နှလုံး ရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါ အမှတ် (၂)၊ စိတ်ကျရောဂါ၊ ကင်ဆာ ရောဂါ အချို့နဲ့အဆစ်အမြစ်ရောင် ရောဂါတွေဖြစ်ခြင်းမှ ကင်းဝေးစေပါ တယ်။

(၃) စိတ်ခံစားမှုတွေကို ကောင်းမွန်စေ တယ်
အလုပ်တွေ အရမ်းရှုပ်၊ စိတ် တွေအရမ်းဖိစီးနေရင် ခဏနားပြီး လေ့ကျင့်ခန်း မိနစ်(၃၀) လောက် လုပ်ကြည့်ပေးပါ။ ကိုယ်လက်လှုပ်ရှား မှုက ဦးနှောက်ကို ပျော်ရွှင်စေပြီး အနားရစေပါတယ်။ သင့်ကို ပိုမို ကြည့်ကောင်းစေမှာဖြစ်ပြီး ကိုယ့် ကိုကိုယ် ယုံကြည်မှုရှိစေပါတယ်။

(၄) စွမ်းအင်ကို မြှင့်တင်ပေးခြင်း
ကြွက်သားတွေ ပိုမိုအား ကောင်းစေပြီး သက်လုံပိုကောင်းစေ ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အောက်စီဂျင်ကို ခန္ဓာကိုယ်မှ ပိုမို ရရှိစေပြီး နှလုံးသွေးကြောတွေကို ကောင်းမွန်စေပါတယ်။ နှလုံးနဲ့ အဆုတ် စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရာ ရောက်ပါတယ်။

(၅) အိပ်လို့ ပိုကောင်းခြင်း
ဒါကတော့ သိသာပါတယ်။ သင့်ကိုမြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ ဒါပေမယ့် အိပ်ရာဝင်ခါနီး အချိန်အထိတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ မျက်စိတွေ ကြောင်ပြီး အိပ်မရဖြစ်တတ်ပါတယ်။

(၆) လိင်ဆက်ဆံရေးအတွက် အရေး ပါခြင်း
အထိအတွေ့ကို အာရုံ ခံစားက ပိုအားကောင်းစေပြီး ပိုမိုပျော်ရွှင် စေပါတယ်။ ယောင်္ကျားအင်္ဂါနဲ့ ပတ်သတ်ပြီး မကျန်းမာခြင်းတွေ ကင်းဝေးစေပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ရတာ ပျော်ဖို့ ကောင်းပါတယ်။
လူအများစုနဲ့လုပ်ရင် တော့ စိတ်ချမ်းသာမှုပါ ရရှိပါတယ်။ ရယ်မောရင်း၊ စကားပြောရင်းလုပ်တဲ့ အတွက် သင့်ကိုပျော်ရွှင်စေမှာပါ။ အကအဖွဲ့မှာ ပါဝင်တာ၊ စက်ဘီးစီး အဖွဲ့မှာ ပါဝင်တာ၊ ဘောလုံးအသင်း မှာပါဝင်တာတွေက သင့်ကိုစိတ်ရော ကိုယ်ပါ လန်းဆန်းစေပါတယ်။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ