Atrial Fibrillation နှလုံးခုန်မမှန်ခြင်း


မင်္ဂလာပါ ဆရာ။ ကိုယ်ဝန်ဆောင်အမျိုးသမီး (၅ လ) AF (Atrial Fibrillation) ရောဂါရှိတယ်လို့ ဆေးစစ်ချက် ထွက်လာပါတယ်ဆရာ။ အဲရောဂါက စိုးရိမ်ရပါသလား။ ကလေးရော ထိခိုက်နိုင်ပါသလား။ ကျေးဇူးတင်ပါတယ်ဆရာ။

လူ့နှလုံးဟာ ညှစ်ထုတ်ပေးနေတဲ့ ပမ့်စက်ကလေးတခုနဲ့တူတယ်။ တကိုယ်လုံးကို သွေးလှည့်ပတ်စီးဆင်းဘို့ အဆက်မပြတ်လုပ်ပေးနေတယ်။ နှလုံးမှာ အခန်းလေးခန်းရှိတယ်။ အပေါ်နှစ်ခန်းကို အေထရီရမ်လို့ခေါ်တယ်။ အဲဒီအခန်းလေးရဲ့တုန်ခါမှု မူမမှန်တာကို အေထရီရယ် ဖစ်ဘရီလေးရှင်းခေါ်တယ်။ စည်းချက်ဝါးချက်ကျကျခုန်နေတာ မဟုတ်ပါ။ ဒီရောဂါက နှလုံးအဆို့ရှင်မကောင်းတာနဲ့မဆိုင်ပါ။

အဲလိုဖြစ်နေသူသူတွေက နောက်ဆက်တွဲဖြစ်မှာကို အထူးသတိထားရတယ်။ သွေးလွှတ်ကြောထဲမှာ သွေးခဲဖြစ်လာရင် အဲတာလေးက ကွဲထွက်ရာကနေ ဦးနှောက်ထဲက သွေးလွှတ်ကြောတနေရာမှာ သွားပိတ်တာကို ဆထုပ် (သို့) ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်း (သို့) လေဖြတ်ခြင်းဖြစ်နိုင်တယ်။ ဆောရီး။ အဲလိုရောဂါရသူထဲက ၁၅% ကနေ ၃ဝ% ဟာ ဒီနှလုံးခုန်မမှန်တဲ့ရောဂါအခံ ရှိနေကြတယ်။ အဲလိုလူနာတွေကို သွေးကျဲဆေး အမြဲပေးထားရတယ်။ အဲတာကြောင့် ရောဂါရှိနေတာကို သိရမယ်။ ရောဂါလက္ခဏာတွေကို သိထားရမယ်။ ဘယ်လိုကုသလဲ သိထားရမယ်။ အဖြစ်နည်းအောင်နေထိုင်ဘို့ လိုအပ်ပါတယ်။

လူက အားနည်းနေမယ်။ နှလုံးခုန်နှုန်းမြန်နေမယ်။ ပုံမှန်ခုန်တာမဟုတ်။ ရင်ပတ်ကနေ နှလုံးခုန်နေတာကိုမြင်နေမယ်။ ခေါင်းမူးမယ်။ အသက်ရှူခက်မယ်။ စိုးရိမ်စိတ်များမယ်။ သတိလစ်ချင်မယ်။ ချွေးပြန်မယ်။ အမေမခံနိုင်ဘူး။ ရင်ပတ်နာနိုင်တယ်။

တချို့မှာ ပုံမှန်ဖြစ်လာလိုက် အေထရီရယ် ဖစ်ဘရီလေးရှင်းဖြစ်လိုက်နေမယ်။ အဲတာကို Paroxysmal fibrillation လို့ ခေါ်တယ်။ ဖြစ်တာက ၇ ရက်ထက်မပိုလူး။ တနှစ်မှာ ဘယ်နှစ်ခါဖြစ်မလဲ မတူကြပါ။ တချို့ အမြဲဖြစ်နေကြတယ်။

နှလုံးအတက်ရတော့မယ်ဆိုရင် ရင်ပတ်ကစနေမကောင်းဖြစ်မယ်။ ရင်ပတ်အလယ်နေရာကဖြစ်တယ်။ မိနစ်အနည်းငယ် ကြာမယ်။ ပြန်ဖြစ်လာနိုင်တယ်။ ဖိအားသက်ရောက်သလို ခံစားရမယ်။ ညှစ်ဆုပ်ထားခံရသလိုနေမယ်။ ပြည့်နေမယ်။ အလွန်နာမယ်။ ဆောရီး။ ကိုယ်အထက်ပိုင်းပါ အနေရခက်မယ်။ အသက်ရှူခက်မယ်။

Stroke ဆထုပ်လကဏာတွေကို အတိုကောက်နဲ့ F.A.S.T. လို့မှတ်သားနိုင်တယ်။
- Face Drooping မျက်နှာအမူအယာအရင်လိုမလုပ်နိုင်။ ပြုံရယ်တာမလုပ်နိုင်။

- Arm Weakness လက်ကောင်းကောင်းမလှုပ်နိုင်။ မမြှောက်နိုင်။ မကိုင်နိုင်။

- Speech Difficulty စကားအရင်လိုပီပီသသမပြောနိုင်။

- Time အရေးပေါ်ကုသမှုခံယူပါ။

အန္တရာယ်နည်းအောင် ဘယ်လိုကာကွယ်မလဲ
မဖြစ်စေရပါလို့ အာမခံချက်တော့ မပေးနိုင်ပါ။ ဆောရီး။ ဒါပေမယ့် ဒီအကြံပြုချက်တွေကို လိုက်နာရင် အဖြစ်နည်းစေပါတယ်။

ဆရာဝန်တွေက
၁။ နှလုံးခုန်မှန်အောင်ထိန်းခြင်း၊
၂။ နှလုံးခုန်မြန်တာထိန်းခြင်းနဲ့
၃။ သွေးခဲမဖြစ်အောင်ထိန်းနည်းတွေ ညွှန်ပါမယ်။

ကိုယ်တိုင်လုပ်ရမှာတွေက ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုသာ စားသောက်ပါ။ ဆားနည်းပါ၊ ပြည့်ဝဆီနည်းပါ၊ ထရန့်စ်ဆီနည်းပါစေ။ ကိုလက်စထော နည်းပါ။ သွေးတိုး အမြဲထိန်းပါ။ အရက်နဲ့ ဆေးလိပ် ရှောင်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ဆီးချိုရှိရင် နေ့စဉ်ထိန်းနေပါ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှလုံးရောဂါဘေးက ဝေးကြစေ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ