စိတ်ဖိဆီးမှုနဲ့ ဆီးချိုသွေးချိုရောဂါ


စိတ်ဖိစီးမှုနဲ့ ဆီးချိုသွေးချို ရောဂါကြားဆက်စပ်မှုက ဦးနှောက်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စွမ်းရည် မှာ အခြေခံပြီး ဖြစ်ပေါ်လာပါတယ်။ ယင်းထိန်းချုပ်နိုင်စွမ်းက ဦးနှောက်ရဲ့ အထူးပြုလုပ်ငန်းတွေဖြစ်တဲ့ ထိန်း ချုပ်မှု၊ မှတ်ဥာဏ်စွမ်းရည်ပြဿနာ ဖြေရှင်းနိုင်စွမ်းနဲ့ အစီအစဉ်ပြုလုပ် နိုင်စွမ်းစတဲ့ စွမ်းရည်တွေပေါ်မှာ မူ တည်နေပါတယ်။ ယခုလေ့လာမှုကို psychoneuroendo crinology ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ပြီး ခဲ့တဲ့ လေ့လာမှုတွေမှာတော့ စိတ်ဖိစီး မှုများလေ ရောင်ရမ်းခြင်းဖြစ်ပေါ်စေ တဲ့ ဇီဝရုပ်ဖြစ်ပျက်မှုလမ်းစဉ်ကို ပိုမို လှုံ့ဆော်ပေးပြီး ရောင်ရမ်းခြင်းဖြစ်စေ တဲ့ cytokines တွေ ထွက်စေပါတယ်။

ယင်းအထဲတွင် IL-6 ကလဲ အပါ အ၀င်ဖြစ်ပါတယ်။ မှတ်ဥာဏ်စွမ်း ရည်စမ်းသပ်မှု (အာရုံစူးစိုက်မှုနှုန်း) စစ်ဆေးခြင်းမှာ သွေးထဲက သကြား ဓာတ်နဲ့ IL-6 ကိုပါ အရွယ်ရောက် ပြီးသူ ၈၀၀ ခန့်မှာ တစ်ပြိုင်တည်း စစ်ဆေးလိုက်ကြပါတယ်။ IL-6 က ပရိုတင်းတစ်မျိုးဖြစ်ပြီး ယင်းက ခုခံ အားစနစ်ကိုလှုံ့ဆော်ကာ အနာကျက် ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ယင်းက ရုတ်တရက်နဲ့ နာတာရှည် စိတ်ဖိစီးမှုတွေနဲ့ ဆက်စပ်နေပြီး သွေးတွင်း အချိုဓာတ်မြင့်တက်မှုနဲ့ လည်း ဆက်စပ်နေပါတယ်။


ယင်းသုတေသနမှာ မိမိကိုယ် ကို ထိန်းချုပ်နိုင်စွမ်းနည်းတဲ့သူတွေက ထိန်းချုပ်နိုင်စွမ်းများသူတွေထက် သွေးတွင်း IL-6 ပိုများပြီး ဆီးချို သွေးချိုရောဂါပိုဖြစ်စေနိုင်တာ တွေ့ရ ပါတယ်။ အခြားဘယ်လိုစိတ်ပိုင်းဆိုင် ရာ စမ်းသပ်မှုတွေပဲလုပ်လုပ် ရလဒ် ကတော့ တစ်မျိုးတည်းထွက်လာပါ တယ်။ ဒါကြောင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနည်းတဲ့သူတွေက ဆိုးဝါး တဲ့စိတ်ဖိစီးမှုများတဲ့ အတွေးတွေကို မကြာခဏ တွေ့ကြုံရပြီး ဘ၀မှာ ခက်ခဲတဲ့အချိန်တွေ ပိုမိုကြုံတွေ့ရတဲ့ အပြင် စိတ်ဖိစီးမှုကြောင့် အာရုံစိုက်မှု လည်းကျပြီး ရောင်ရမ်းစေတဲ့ပစ္စည်း တွေကို ခန္ဓာကိုယ်က ပိုထုတ်ကာ ရောဂါအများအပြားကို ဖြစ်ပွားစေ ပါတယ်။ ဆီးချိုသွေးချိုရောဂါက လည်း တစ်ခုအပါအ၀င်ပါပဲ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ