ကမ္ဘာ့ပထမဆုံး အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး သောက်ဆေးအဖြစ် ရနိုင်တော့မည်


သုတေသနအသစ်တစ်ခုအရ တစ်ကယ်လို သင်ဟာ သင့်ရဲ့ ဆီး အိတ်ကို အကုန်အစင် စွန့်ပစ်ဖို့ ခက်ခဲနေမယ်၊ ၀မ်းချုပ်နေမယ်ဆိုရင် တော့၊ သင့်မှာ ရေယုန်ကူးစက်ခဲ့ဖူးတဲ့ အခွင့်အလမ်း အရမ်းများနေပါတယ် လို့ဆိုပါတယ်။ ရေယုန်ကတော့ လိင် မှတဆင့် ကူးစက်ရောဂါတစ်မျိုးဖြစ် ပြီး အမျိုးအစား (၁) နဲ့ (၂) ဆိုပြီး (၂) မျိုးရှိပါတယ်။ ယေဘုယျအား ဖြင့်တော့ ဘာလက္ခဏာမှမပြပါဘူး။

သုတေသနတစ်ခုမှာတော့ ယင်း ဗိုင်းရပ်စ်ကူးစက်ပိုးနဲ့ ၀မ်းချုပ်တာ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။ ရေးလ်တက္ကသိုလ်က အမျိုးအစား (၁) ရေယုန်ရောဂါကူးစက်ခံရတဲ့ ကြွက်တွေကိုလေ့လာခဲ့ရာ သုံးပုံတစ် ပုံခန့်က ၀မ်းချုပ်တာကို တွေ့ခဲ့ရပါ တယ်။ ရေယုန်ဗိုင်းရပ်စ်က ကြွက်ရဲ့ လိင်တံကိုကူးစက်ပြီးနောက် ကျောရိုး မကြီးကတဆင့် အူမကြီးကို ကူးစက် ပါတယ်။ အူမကြီးကို ရောက်တဲ့အခါ မှာတော့ အူမကြီးရဲ့ အာရုံကြောတွေ ကို ဖျက်ဆီးကာ ရလဒ်အနေနဲ့ ကြွက်သားတွေကို ကျုံ့သွားစေပါ တယ်။

ကြွက်အများစုမှာတော့ နောက် ဆက်တွဲ အသက်အန္တရာယ်ရှိနိုင်တဲ့ အူမကြီးရောင်ရမ်းမှုဝေဒနာ ခံစားရ တာ တွေ့ရပါတယ်။ ကြွက်တွေကို အနာဂတ်မှာ အူမကြီးနဲ့ အစာဟောင်း အိမ်ကင်ဆာမဖြစ်စေဖို့ ၀မ်းနုတ်ဆေး တွေ သုံးစွဲခဲ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက ၀မ်းချုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာပြတဲ့လူနာ တိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိ စစ်ဆေးသင့်တယ်လို့ အကြံပြုခဲ့ပါ တယ်။ ယခုသုတေသနကို Cell Host & Microbe ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ