အစာအိမ်တုပ်ကွေးအကြောင်း သိကောင်းစရာ


အစာအိမ်နှင့်အူလမ်းကြောင်း ကူးစက်ရောဂါ တစ်မျိုးဖြစ်သည့် viral gastroenteritis သည် အစာအိမ်တုပ်ကွေးဟု လူသိများကြသည် ။ ယင်းရောဂါ၏ ရောဂါလက္ခဏာများ မှာ ၀မ်းအရည်များသွားခြင်း၊ ဗိုက်ရစ်ခြင်းနှင့်အန်ခြင်းတို့ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများ ပါဝင်နေသည့် အစားအသောက်ကို စားသုံးမိခြင်းနှင့်ရောဂါရှိသူနှင့်ထိတွေ့မှုရှိခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း ကူး စက်ရောဂါဖြစ်ပွားနိုင်ပါသည် ။ အဆိုပါအစာအိမ်တုပ်ကွေးလို ဝေဒနာ လျော့ပါးသက်သာစေနိုင်မည့်နည်း လမ်း(၅)မျိုးမှာ

(၁) ရေလုံလောက်စွာသောက်သုံး ခြင်း
နေမကောင်းခြင်းကြောင့် အ စားအသောက်ပျက်ကာ ရေဓာတ်ခမ်းခြောက်နိုင်ပါသည်။ ထို့အပြင်အန်ခြင်း၊ ၀မ်းသွားခြင်းတို့မှလည်း ရေဓာတ်များစွာ ဆုံးရှုံးခြင်းတို့ကြောင့် ရေလုံလောက်စွာသောက်သုံးပေး သင့်ပါသည်။

(၂) ဂျင်းနှင့်ပူဒီနာ(pepper-mint)
]]ဂျင်း}} သည်ရောင်ရမ်းခြင်းကိုလျော့ချပေးကာ ၀မ်းသွားခြင်းနှင့် ပျို့အန်ခြင်းကိုသက်သာစေပါသည်။ ပူဒီနာသည်လည်း အစာမကြေလေပွခြင်းကိုသက်သာစေနိုင်သည်။ ယင်းဂျင်းနှင့်ပူဒီနာတို့အား လက်ဖက်ရည်ကြမ်းကဲ့သို့ပြုတ်သောက်ပေးပါကသက်သာစေနိုင်ပါသည်။

(၃) သစ်ကြံပိုးခေါက်(Cinnamon)
သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးမှရသောသစ်ကြံပိုးခေါက်သည်ရောင်ရမ်းခြင်းနှင့်ဗိုင်းရပ်စ်ပိုး များကိုနှိမ်နင်းနိုင်သည့်အစွမ်းသတ္တိ ရှိပါသည်။ ရောဂါပိုးကူးစက်ခြင်းကိုသက်သာပျောက်ကင်းစေပြီး အစာခြေခြင်းကိုလည်း ကောင်းမွန်စေပါသည်။ အဓိကတော့ပျို့အန်ခြင်းတို့ကိုသက်သာပေးစေခြင်းပဲဖြစ်ပါသည်။ ကိုက်ခဲခြင်းနှင့်ချမ်းစိမ့်ခြင်းတို့ကိုလည်း နွေးထွေးသော သဘာဝရှိသည့် Cinnamon မှသက်သာမှုပေး ပါသည်။
ရေပူတွင် Cinnamon အမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ထည့် ကာ အအေးခံ၊ အနည်ကျသည်အထိစောင့်ပြီး သောက်ပေးနိုင်ပါသည်။

(၄)Chamomile
အစာအိမ်တုပ်ကွေးအား အိမ်တွင်သက်သာအောင်ပြုလုပ်သည့်နည်းလမ်းများထဲတွင်အသုံးပြုလို့ရသည့်အပင်တစ်မျိုးသည် Chamomile ပင်ဖြစ်ပါသည်။ ယင်း သည်ကြွက်သားများကိုပြေလျော့စေပြီး ယောင်ယမ်းမှုကိုလျော့ပါးစေသည့် အစွမ်းသတ္တိရှိသည်။ ယင်းအပင်သည် ၀မ်းလျောခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစာမကြေခြင်း၊ လေထခြင်းတို့အတွက်သင့်တော်ပါသည်။ Chamomile tea ပြုလုပ်ကာ မှီဝဲပေးသင့်ပါသည်။
(၅) သံပုရာသီး (Lemon)
အက်ဆစ်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီ တန်ဖိုးပြည့်ဝစွာ ပါဝင် တာကြောင့်ရောဂါပိုးများကို ဖယ်ရှား နိုင်စွမ်း ရှိပါသည်။ ကိုယ်ခံအား စနစ်ကိုလည်း မြင့်တင်ပေးပါသည်။ူLemon Juice အဖြစ်အစာမစားမီမိနစ် ၃၀ ခန့်အလိုတွင် ဝေဒနာ သည်သာပျောက်ကင်းသည်အထိသောက်သုံးပေးသင့်ပါသည်။
ရှောင်ရှားရမည့်အစား အသောက်များကတော့နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကဖိန်းပါဝင်သော အရာများ၊ အရက်၊ နီကိုတင်းနှင့်အဆီများသောအစားအသောက်များတို့ဖြစ်သည်။ အစားအသောက်ကိုလည်း တဖြည်းဖြည်း ပြန်လည်စတင် စား သုံးပေးရမည်ဖြစ်ပါသည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ