အသားကင်ဇကာ သန့်ရှင်းရာမှာသုံးသည့် ဘရပ်ရှ်များကြောင့် အန္တရာယ်ရှိနိုင်


လေ့လာမှုတစ်ခုအရ အသား ကင်ဇကာများတွင်ကပ်နေသောချိုး များကိုခွာရန်သုံးသော ဘရပ်ရှ်များမှ သံစွေလေးများကြောင့် အရေးပေါ် ခန်းသို့ပို့ဆောင်ကုသမှုခံယူခဲ့ရသူအရေအတွက်မှာ ၂၀၀၂ ကစပြီး ယခုအချိန်အထိ ၁၆၀၀ ဦးရေရှိပြီး ဖြစ်တယ်လို့သိရပါတယ်။ အသား ကင်ဇကာတွေကိုသုံးစွဲပြီးနောက် သန့်ရှင်းရေးလုပ်စဉ်မှာ ဘရပ်ရှ် တွေကလျော့ရဲနေတဲ့သံခွေလေး တွေကကပ်ကျန်ခဲ့ရာမှ တဆင့်ကင်နေတဲ့အစားအသောက်တွေထဲအကြောင်းအမျိုးမျိုးကြောင့်ရောက် ရှိသွားပြီး စားသုံးမိတဲ့ အခါမှာပါးစပ်၊ လည်ချောင်းနဲ့အာသီးတွေကိုထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။

သုတေသီတွေကတော့စားသုံးသူတွေအနေနဲ့အစားအစာတွေကိုကင်ပြီး တဲ့အခါမှာသေချာစစ်ဆေးဖို့ လုပ်သင့်ကြောင်းနဲ့ အသားကင်ဇကာတွေကို သန့်ရှင်းရာမှာတခြားနည်းလမ်း တစ်မျိုး သုံးသင့်တယ်လို့အကြံပြုခဲ့ပါတယ် ။ ဒါ့အပြင် ဆရာဝန်အနေနဲ့ ဒီလိုပြဿနာမျိုး ကြုံတတ်တာကို သတိမထားမိတတ်တဲ့ အခါမျိုးမှာလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ဖို့ နှောင့်နှေးလေ့ရှိပြီး ရောဂါ အဖြေမှန်ရဖို့ကြန့်ကြာသွားတတ်ပါတယ်။ သုတေသီတွေက ၂၀၀၂ကနေ ၂၀၁၄ ကြား ယင်းကဲ့သို့အသားကင်ဇကာ သန့်ရှင်းရာမှာသုံးတဲ့သံခွေအမျှင်များကြောင့် အရေးပေါ် ဌာနရောက်လာတဲ့ အရေအတွက်ကိုစီစစ်ခဲ့ရာ ၁၆၉၈ ဦးရှိကြောင်း တွေ့ခဲ့ရပါတယ်။ အဖြစ်အများဆုံးကတော့ခံတွင်း၊ အစာရေမျိုနဲ့အာသီးတို့ပဲဖြစ်ပြီး တချို့ကိစ္စတွေမှာတော့ခွဲစိတ်ဖို့လိုအပ်ခဲ့ပါတယ်။

သံခွေမျှင်လေးတစ်မျှင်ကသတိမထားမိလိုက်ပဲခန္ဓာကိုယ်ရဲ့နေရာအမျိုးမျိုးမှာသွားရောက် စိုက်ဝင်နေနိုင်ပါတယ်။ တကယ်လို့ခံတွင်း၊ အစာရေမျိုတို့မှာ စိုက်ဝင်မနေပဲ ထပ်ဆင်းသွားမယ် ဆိုရင်အစာရေမျို၊ အစာအိမ်၊ အူတို့မှာ သွားရောက်စိုက်ဝင်နေနိုင် ပါတယ်။ ပြဿနာအရှိဆုံးကတော့ အူမှာစိုက်ဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်သံခွေပါ သန့်ရှင်းရေး ဘရပ်ရှ်များ အစား နိုင်လွန်ဘရပ်ရှပ် အမာများ အစားထိုးသုံးသင့်တယ်လို့အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ