ပဲပုပ်စေ့စားသုံးမှုနှင့် ရင်သားကင်ဆာကြောင့်သေဆုံးနိုင်ခြေလျော့ကျမှု ဆက်နွယ်နေ


ရင်သားကင်ဆာဖြစ်ပွားနေသူများသည် ပဲပုပ်စေ့ကို မစားသုံးသင့်ကြောင်း စိုးရွံ့ စွာ တားမြစ်မှုများ ရှိနေသော်လည်း လက်တွေ့ တွင် ပဲပုပ်စေ့ကိုနိုင်နိုင်စားပေးလျင် ရင်သားကင်ဆာကြောင့် အသက်သေဆုံး နိုင်ခြေကိုပင် လျှော့ချပေးသည်ကိုတွေ့ ရကြောင်းအမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် ပြည်နယ်ရှိ Tufts University မှ ထုတ်ပြန်ကြေညာသည်။

ရင်သားကင်ဆာဖြစ်ရင် ပဲပုပ်စေ့မစားရဘူး၊ ပဲနို့ မသောက်ရဘူးအစရှိသည်ဖြင့် စိုးရွံ့ မှုတွေရှိနေတာကို အခြေအမြစ်မခိုင်မာဘူးလို့  ပြောလိုပါတယ်။ တစ်ကယ်တမ်းမှာ အာရှနိုင်ငံတွေက အမျိုးသမီးတွေ ကိုလေ့လာကြည့်တဲ့ အခါ ပဲပုပ်စေ့ကိုအစားများသူအမျိုးသမီးတွေမှာရင်သားကင်ဆာကြောင့် အသက်သေ ဆုံးနိုင်ခြေလျော့နည်းလာတာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူဒေါက်တာ Fang Zhang က ပြောပြသည် ။ ရင်သားကင်ဆာအကြိတ်များသည် အက်စထရိုဂျင်ဟိုမုန်းကိုရရှိလျင် ကြီးထွား လွယ်ကူမြန်ဆန်ကြောင်း ၊ ပဲပုပ်စေ့တွင်အမြောက်အများပါဝင်သည့် isoflavoneဓါတ်က ၄င်းအက်စထရိုဂျင် ဟိုမုန်းကို ထိန်းချုပ်ကန့်  သတ်ပေးကြောင်း၊ ထိုအခါ ကင်ဆာအကြိတ်များသည် ဟိုမုန်းပြတ်လတ်ပြီး ကြီးထွားရန်မလွယ်ကူတော့ သည့် အခြေအနေသို့ ရောက်ရှိလာသည်ကိုတွေ့ ရှိရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောပြသည် ။ ရင်သားကင်ဆာရှိသူတွေအနေနဲ့  ပဲပုပ်စေ့ စားသင့်၊မစားသင့် ဆိုတဲ့မေးခွန်းရဲ့ အဖြေကတဖြည်းဖြည်းနဲ့ ငြင်းခုံစရာပိုကောင်းလာပါတယ်။

အရှေ့ တိုင်းအမျိုးသမီးတွေအတွက်ကောင်းမွန်သင့်လျော်ပြီးအနောက်တိုင်းအမျိုးသမီးတွေအတွက် မသင့်လျော်ဘူး၊အန္တရာယ်ရှိတယ်ဆိုတာတော့ မဖြစ်တန်ရာပါဘူး။ စူးစမ်းလေ့လာမှုများအရပဲပုပ်စေ့ ဟာကင်ဆာရှိသူတွေအတွက် အကျိုးပြုတဲ့အစားအစာတစ်မျိုးဖြစ်တယ်ဆိုတာသေချာပါတယ်။ ဒါကြောင့် ရင်သားကင်ဆာရှိသူအမျိုးသမီးများအနေနဲ့  ပဲပုပ်စေ့ကိုချက်၍ဖြစ်စေ၊ လှော်၍ဖြစ်စေ၊ ပဲနို့ ပြုလုပ်၍ဖြစ်စေ မှီဝဲသင့်ပါတယ် ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

သို့ သော် အနောက်တိုင်းနိုင်ငံများတွင် ပဲပုပ်စေ့နှင့်ကင်ဆာအကြိတ်အကြားဆက်နွယ်မှုမှာနည်းပါးကြောင်း၊ အကြောင်းကိုရှာသော်အခါ အနောက်တိုင်းတွင် ပဲပုပ်စေ့၊ပဲပုပ်၊ပဲနို့  အစရှိသည်တို့ ကိုစားသောက်မှု အားနည်းသည်ကိုတွေ့ ရကြောင်း၊ ထို့ အပြင် ပဲပုပ်စေ့တွင်ပါဝင်သည့် isoflavone က ရင်သား ကင်ဆာ ကုထုံးတွင် ပါဝင်သည့် tamoxifen ကုထုံးကို အနှောက်အယှက်ပေးနိုင်သည်ဟု ဆိုကာ အနောက်တိုင်းသုတေသီများက ရင်သားကင်ဆာဝေဒနာရှင်များကို ပဲပုပ်စေ့မစားစေလိုကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ