Yogurt and Diabetes ရောဂတ်နှင့် ဆီးချို


ဒိန်ချဉ်က ဆီးချိုကိုသက်သာစေနိုင်တယ်လို့ ဆိုလိုတာလားဆရာ မရှင်းလို့ပါ။
ဒိန်ချဉ်ခေါ်တာနဲ့ သူများတွေဆီမှာ ရောဂတ်ခေါ်တာ အတော်ဆင်တူပါတယ်။ နွားနို့ကို အချဉ်ဖေါက်ထားတယ်။ ကျန်းမာရေးအကျိုးရစေတယ်။ ကာဗွန်ဟိုက်ဒရိတ် ခေါ် ကစီဓါတ်ပါတာနည်းတယ်။ သကြားဓါတ် တက်မှာမစိုးရိမ်ရဘူး။ ဆီးချိုရှိသူတွေ သွားရည်စာအဖြစ် စားသောက်နိုင်တယ်။ ရောဂါပျောက်ဘို့ မဟုတ်ပါ။ ချိုအောင် သကြားထည့်စားဘို့ မဟုတ်ပါ။ ဝသူတွေလည်း စားနိုင်တယ်။
အဲလိုအစာတွေထဲမှာ ဗက်တီးရီးယားတွေပါနေတယ်။ Probiotics ပရိုဘိုင်အောတစ်လို့ခေါ်ပါတယ်။ အစာလမ်းအတွက် ကောင်းတယ်။ နောက်ဆုံးသုတေသနတွေအရ သကြားဓါတ်တက်တာ နည်းတယ်။ သွေးတိုး အထက်ဂဏန်းတက်တာ နည်းတယ်။ တချို့သုတေသနအရ အများဆုံးဖြစ်တဲ့ ဆီးချိုအမျိုးအစား (၂) ဖြစ်လမ်းနည်းတယ်လို့ ဆိုပါသေးတယ်။ သုတေသနတွေတော့ ဆက်လုပ်နေဆဲပါ။ အတည်ယူဘို့တော့ စောသေးတယ်။
နွားနို့ကထုတ်တဲ့အစားအစာတွေထဲမှာ Glycemic index သကြားဓါတ်ညွှန်းကိန်း မများတာတွေ့ရတယ်။ ရောဂတ် အမျိုးအစားကိုတော့ စစ်ဆေးရမယ်။ ဘယ်ဓါတ်တွေ ဘယ်လောက်ပါသလဲ။
Yogurt ၆ အောင်စထဲမှာပါတဲ့ Carbohydrates ကာဗွန်ဟိုက်ဒရိတ်နဲ့ သကြားဓါတ်
Plain Greek yogurt = 6-8 grams - 4-8 grams
Flavored Greek yogurt = 16-22 grams - 12-18 grams
Plain yogurt = 11-15 grams - 10-12 grams
Vanilla yogurt = 22-33 grams - 21-28 grams
တချို့ရောဂတ်တွေမှာ အပိုအဆာတွေထည့်ထားတယ်။ ဥပမာ အစေ့အဆံ။ အဲတာတွေကနေ အာဟာဓါတ် အပိုတွေ ရစေမယ်။ အချိုတုပါတာလည်း သတိပြုရမယ်။ လူကိုဝစေနိုင်တယ်။ စားသောက်တဲ့ပမာဏ အနည်း-အများကိုလည်း သတိပြုရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ