Vitamin D pills could stop colds or flu ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင်


ကနေ့ထွက်တဲ့ သတင်းဖြစ်တယ်။ ယူကေနိုင်ငံတခုတည်းမှာ အအေးမိတာနဲ့ တုပ်ကွေးမိတာ နှစ်စဉ် လူပေါင်း ၃ သန်း ရှိတယ်။ နေရာင်ကနေရတဲ့ ဗီတာမင်ဒီဟာ အရိုးအတွက်အလွန်အရေးပါတယ်။ ခုခံအားစနစ်အတွက်လည်း အသုံးဝင်တယ်။ ကြွက်သားအတွက်လည်း ကောင်းတယ်။ နည်းတဲ့သူတွေ အစားအသောက်မှာ ဗီတာမင်ဒီပါဘို့လိုတယ်။ ဗီတာမင်ဒီဆေးသောက်ဘို့လိုတယ်။ လေ့လာမှုကို ၂၅ နေရာမှာ လူပေါင်း ၁၁၃၂၁ ယောက်ကိုလုပ်ခဲ့တယ်။

ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်းရောဂါရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင် နှလုံးနဲ့ ကျောက်ကပ်ကိုထိခိုက်စေမယ်။

ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင်တယ်လို့အထိတော့ ကောက်ချက်မချနိုင်သေးပေမယ့် စမ်းသပ်သူတွေမှာ ကောင်းတာတွေ့ရတယ်။

Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://doctortintswe.blogspot.com/…/calcium-blood-test_29.h…
Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ