နို့ဘူးတိုက်ခြင်းက နို့စို့ကလေးငယ်များတွင် အစာအိမ်ပိတ်ဆို့ခြင်း (stomach obstruction) ကို ပိုဖြစ်စေနိုင်

နို့ဘူးစို့ရတဲ့ ကလေးငယ်တွေက မိခင်နို့စို့ရတဲ့ ကလေးငယ်တွေထက်စာရင် pylorus  လို့ခေါ်တဲ့ အစာအိမ် အစိတ်အပိုင်းက ကြွက်သားတွေထူထဲပြီး ကျဉ်းနိုင်တဲ့အခြေအနေ ပိုများတယ်လို့ အမေရိကန် သုတေသီတွေက ပြောကြားလိုက်ပါတယ်။

နို့ဘူးတိုက်ရတဲ့ အခြေအနေဟာ မိခင်ကအသက်ကြီးခြင်း၊ မွေးဖွားတဲ့ ရင်သွေးငယ်ဦးရေ များပြားခြင်းတွေမှာ ပိုများတယ်လို့ လေ့လာခဲ့တဲ့ Seattle  ကလေးဆေးရုံက ပညာရှင်တွေ က ပြောကြားခဲ့ပါတယ်။ အစာအိမ်ကျဉ်းတဲ့ အခြေအနေကို ဆေးပညာအခေါ်အဝေါ် အရ HPS,hy pertrophic pyloric stenosis  လို့ခေါ်ဆိုပြီး အစာအိမ်နဲ့ အူသိမ်ပိုင်း ကြားမှာ ပိတ်ဆို့မှု ဖြစ်ပွား ရခြင်းဖြစ်ပါတယ် ။ ဒီသုတေသနမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ခုနှစ်အတွင်း မွေးဖွား ခဲ့တဲ့နို့စို့ကလေးငယ်များ အနက် အစာအိမ်ကျဉ်းလို့ ခွဲစိတ်ရတဲ့ ကလေးငယ် ၇၁၄ဦးကို လေ့လာခဲ့ ခြင်းဖြစ်ပါတယ် ။ တွေ့ရှိမှုများ အရ နို့ဘူးစို့ရတဲ့ ရင်သွေးငယ်တွေဟာ အစာအိမ်ပိတ်ဆို့သူ ၁၉.၅%ရှိနေချိန်မှာ မိခင်နို့စို့ရတဲ့ ကလေး ငယ်တွေမှာတော့ ၉%ပဲရှိနေပါတယ်။ ဒါ့အပြင်အစာအိမ်ပိတ်ဆို့တဲ့ ရင်သွေးငယ်တွေရဲ့ မိခင်တွေဟာ အသက်၃၅နှစ်ကျော်သူနဲ့ ကလေး တစ်ကြိမ်ထက် ပိုမွေးဖူးသူတွေ ဖြစ်နေတယ်ဆိုတာလဲ တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေကတော့ နို့ဘူးတိုက်ခြင်းဟာ ကလေးငယ်တွေမှာ အစာအိမ်ပိတ်ဆို့စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဘာကြောင့် အဲလိုဖြစ်ရတယ်ဆိုတာကိုတော့ စမ်းသပ် မှုတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။
ဒီလေလ့ာမှုကို Journal JAMA Pediatrics မှာ ဖော်ပြထားပါတယ်။

သက်နှင်း
ref;ANI

Health Updates Journal No. 91

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ