Steroid injections (စတီရွိုက်) ထိုးဆေး


ဆရာ သမီးရိုသေလေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ သမီးက မအူပင်မြို့နယ်ကပါ။ သမီးတို့ရွာမှာ လူကြီးတွေ ဒူးနာတာကို ဒူးခေါင်းထဲဆေးထိုးထဲ့တဲ့ဆရာတယောက်ခေတ်စားနေတယ်။ ထိုးပြီးတလလောက်ကတော့ ပေါ့ပါးတယ် ပြောကြတာဘဲ။ ထိုးတဲ့သူက ရမ်းကုပါ။ သင့်မသင့် ဖြေပေးပါလားဆရာ။

အားကစားသမားတွေ ကိုယ်ကာယ-လှချင်သူတွေ သုံးတာကို ရေးမှာ မဟုတ်ပါ။ (စတီရွိုက်) ဆေးဆိုတာ အဆစ်ဖြစ်ဖြစ် တခြား နေရာမှာဖြစ်ဖြစ် တခုခုဖြစ်ရာကနေ Inflammation ရောင်-ဖေါင်း-နာတဲ့ လက္ခဏာတွေကို သက်သာစေတဲ့ဆေး ဖြစ်တယ်။ နာတာရှည် ဒုက္ခပေးတတ်တဲ့ ဆိုးဝါးတဲ့ Keloid အမာရွတ်မျိုးကိုလဲ အမာရွတ်နေရာမှာ ထိုးတာလဲ ရှိတယ်။

Intra-articular Steroid injections အဆစ်ထဲကို (စတီရွိုက်) ဆေး ထိုးတာဟာ ရောဂါလက္ခဏာတွေ သက်သာပြီး သူ့အလုပ်သူ ပြန်လုပ်နိုင်ဘို့ ရည်ရွယ်တယ်။ Steroid ထိုးဆေးကို (စတီရွိုက်) စားဆေး ပေးရင်းလဲ ထိုးပေးနိုင်တယ်။ ထိုးတာသက်သက်လည်း လုပ်ပါတယ်။ ဆေးထိုးဘို့ လုပ်ရင်း အဆစ်ထဲက အရည်ကို စုပ်ယူပြီး ဓါတ်ခွဲစမ်းသပ်နိုင်တယ်။ တနှစ်မှာ တဆစ်ထဲကို ၃ ခါထက်ပို မထိုးသင့်ဘူး။

ဆေးမှန်သမျှ သတိထားရမှာတွေ ရှိတယ်။ ဒီလို အဆစ်-ထိုးဆေးမှာ ဒါတွေဖြစ်တတ်တယ်။
• Fat necrosis အဆီသွေးမရတာ၊
• Skin pigmentation ဆေးထိုးရာနေရာ အရောင်မဲလာတာ၊
• Joint degeneration အဆစ် အိုတာ မြန်စေတာ၊
• ဆီးချိုရှိသူကို ထိုးရင် သကြားဓါတ် ခဏတက်လာတတ်တာ၊
• ဆေးထိုးနေရာ ပိုးဝင်တတ်တာ၊
• Muscle strains ကြွက်သား တင်းအား များတာ၊
• Trauma ထိခိုက်မိတာ၊
• Polyarthritis အဆစ်တွေနာရောဂါ
• Connective tissue disease တွယ်ဆက် (တစ်ရှူး) ရောဂါ၊
• Degenerative joint disease (DJD) အဆစ် အိုနာ၊
• Tendinitis ကြွက်သားချောင်း (တင်ဒွန်) ရောင်ရောဂါ၊
• Bursitis အဆစ်ဖုံးရောင်တာ၊
• Arthritis အဆစ်နာ၊
• Neoplasm ကင်ဆာ၊
• Miscellaneous systemic diseases တခြားရောဂါတွေ၊

Anti-inflammatory medications ရောင်ခြင်းဖြစ်စဉ်အတွက် ဆေးတွေ ဥပမာ Aspirins, NSAIDs, Prednisone တွေကို Acute ရက်တိုနဲ့ Chronic နာတာရှည် အဆစ်နာသမားတွေကို ပေးမယ်။ ၁ဝ-၁၄ ရက်မှာ ဆေးအား အပြည့်ပေးတယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး မပေါ်သ၍ လိုသေးရင် ရက်တိုးနိုင်တယ်။ စားဆေးကို သက်သာတာနဲ့ တဖြေးဖြေးချင်း လျှော့ချ ပေးရတယ်။ တိကနည်း မဖြတ်ရဘူး။ Elavil လိုဆေးက Nonnarcotic pain medications ဘိန်းမပါ-အနာသက်သာဆေးတမျိုး ဖြစ်တယ်။ ချက်ချင်း ဖြစ်လာသူတွေကို နားခိုင်းမယ်။ ရေခဲတင်ခိုင်းမယ်၊ ကျပ်စည်း ခိုင်းတယ်။ နောက်ပိုင်းမှာ Physical therapy အကြောကုသမှု၊ Massage therapy အနှိပ်၊ General rehabilitation management နလံထ စောင့်ရှောက်ခြင်းတွေ ဆက်ရတယ်။

ဘယ်လိုလူတွေကို အဆစ်ထဲ ဆေးထိုးမလဲ။
• Synovitis အဆစ်အိတ်ရောင်တာ၊
• Osteoarthritis အရိုး-အဆစ်ရောင်တာ၊
• Bursitis အဆစ်ဖုံးအိတ်ရောင်တာ၊
• Gouty arthritis (ဂေါက်) လိုဖြစ်တာ၊
• Frozen shoulder syndrome အဆစ်ခဲသွားတာ၊
• Tendinitis ကြွက်သားချောင်းရောင်တာ၊
• Rheumatoid arthritis (ရူမတွိုက်) အဆစ်နာ၊
• Muscle trigger points ကြွက်သားတနေရာထိရင် နာတတ်တာ၊
• Carpal tunnel syndromes (ကာပယ်-တာနယ်-ဆင်ဒရုမ်း) ဖြစ်တာ၊
• Fasciitis ဖါရှာ-အရွတ်ပြားရောင်တာ၊
• Ganglion Cysts (ဂင်ဂလီယွန်) အိတ်၊
• Neuromas အာရုံကြောကြီးတာ၊

Shoulder ပခုံး၊ Hip တင်ပါး-ခါး၊ Elbow တဒေါင်ဆစ်၊ Knee ဒူး၊ Hand လက်၊ Wrist လက်ကောက်ဝတ်တွေမှာရှိတဲ့ Joint အဆစ်ထဲ၊ Tendons ကြွက်သားချောင်းထဲ၊ Bursa အဆစ်ဖုံးထဲကို ဆေးထိုးနိုင်တယ်။ ကြောက်လွန်းသူတွေကို ထုံဆေး ကူပေးရတတ်တယ်။

ဒီလိုဟာတွေ ဖြစ်နေ-ရှိနေရင် ဒီနည်းမသုံးရပါ။
• Charcot joint (neuropathic sensory loss) ထုံနေတဲ့ (ချာကော့တ်) အဆစ်နာ၊
• Infection ရောဂါပိုးဝင်နေတာ၊
• Tumor ကင်ဆာ၊ ကင်ဆာမဟုတ် အလုံး၊
• Neurogenic disease အာရုံကြောရောဂါ၊
• Tuberculosis တီဘီ လတ်တလောဖြစ်နေတာ၊
• Immune-suppressed hosts ခုခံအားမကောင်းတာ၊
• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါ၊
• Bleeding dyscrasias သွေးယိုရောဂါ၊
• Uncontrolled diabetes ထိန်းမရတဲ့ ဆီးချို၊
• Joint prosthesis အဆစ်အတုထည့်ထားတာ၊
• Surrounding joint osteoporosis ဘေးမှာ အရိုးရောဂါရှိနေတာ၊
• Patellar or Achilles tendinopathies ကြွက်သားချောင်း ပျက်စီးနေတာ၊

1. အများဆုံးသုံးတဲ့ဆေးကတော့ long-acting methylprednisolone preparation ဖြစ်တယ်။ တချို့
2. ထိုးဆေး နာမည်တွေက Depo-Medrol, Aristospan, Kenalog and Celestone အမျိုးမျိုးရှိတယ်။
3. တချို့ အထူးကုတွေက Lidocaine + Triamcinolone, which is intermediate acting (40 mg/mL) + Dexamethasone, which is long acting (4 mg/mL) ဆေးအရောကို သုံးတယ်။

တခုခုဖြစ်လို့ ရောင်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ သဘာဝတုံ့ပြန်မှုပါ။ သူဖြစ်လာလို့ ကောင်းစေတယ်။ ခက်တာက ဆိုးတာလဲ တွဲလာတယ်။ (စတီရွိုက်) ဆေးဟာ ရောင်ခြင်းဖြစ်စဉ်ကို လျှော့ချစေတာ ဖြစ်ပါတယ်။ အဲတော့ အဆိုးဘက်က ဟာတွေ သက်သာစေမယ်။ အကောင်းတွေလဲ ထိတယ်။ ဒီနေရာမှာ ချိန်ဆတတ်တာ ဆရာဖြစ်တယ်။ ဒီလိုလူနာကို ဆေးကုဘို့ Multidisciplinary approach စည်းကမ်းချက်တွေ လိုက်နာရတယ်။

Arthritis အဆစ်နာ၊ Frozen shoulder အေးခဲသွားတဲ့ပခုံး၊ Keloid အရုပ်ဆိုးတဲ့ အမာရွတ်တွေနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ