ဝိုင်နီ သောက်သုံးခြင်းက သွားကျန်းမာရေးကို အထောက်အကူပြုပြီး သွားပေါက်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်


လေ့လာတွေ့ ရှိမှုအသစ်တစ်ခုက ၀ိုင်နီသောက်သုံးခြင်းဟာ သွားပိုးပေါက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သွားကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ တွေ့ ရှိခဲ့ပါတယ်။

ဓာတုနည်းကျ စိုက်ပျိုးရေးနှင့်စားသောက်ကုန် လေ့လာရေး ဂျာနယ်မှာ ဒီတွေ့ ရှိမှုကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ ရှိမှုဟာ သွားရောဂါတွေကို ကာကွယ်တားဆီးနိုင်မယ့် သဘာဝစားသောက်ကုန်ပစ္စည်းတွေ တိုးတက်ထုတ်လုပ်မှုကို ဦးဆောင်နိုင်လိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

သွားပိုးပေါက်များဖြစ်ပေါ်ခြင်း၊ သွားဖုံးရောဂါနဲ့ သွားဆုံးရှုံးမှု ပြဿနာတွေဟာ ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းက နေ ၉၀ ရာခိုင်နှုန်းလောက်မှာ ကြုံတွေ့ နေရတယ်လို့ ဆိုခဲ့ပါတယ်။

ပါးစပ်အတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားတွေဟာ အတူတကွပေါင်းစည်းမိပြီး အလွှာတစ်ခု ဖြစ်ပေါ်ကာ သုတ်သင်ဖို့ ခက်ခဲတဲ့ ဘက်တီးရီးယားရောဂါပိုးအစုအစည်းအဖြစ် ရောက်ရှိသွားပါတယ်။ သူတို့ ဟာ သွားတွေရဲ့ ကြွေလွှာပေါ်မှာ ဖြစ်တည်ပြီး အက်စစ်ဓာတ်တွေကို ထုတ်ရာကနေတဆင့် သွားကို ထိခိုက်ပျက်စီး စေတာပါ။

သွားတိုက်ဆေးတွေမှာပါတဲ့ ဖလိုရိုက်ကို ရေနဲ့ ဆေးကြောခြင်းနဲ့ တခြားနည်းလမ်းတွေကနေ သွားပိုးတွေကို နှိမ်နှင်းနိုင်ပေမယ့် ထိရောက်မှုကတော့ အကန့် အသတ်ရှိတယ်လို့ ဆိုပါတယ်။ စပျစ်သီးအစေ့က ထုတ်လုပ်တဲ့ ၀ိုင်ဟာ ဘက်တီးရီးယားတွေ ကြီးထွားမှုကို နှောင့်နှေးစေပြီး သွားပိုးပေါက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ် လို့ တွေ့ ရှိခဲ့ရတာပါ။

ဒါဟာ ၀ိုင်နီသောက်သုံးသူတွေ အတွက် သတင်းကောင်းတစ်ခုဖြစ်ပေမယ့် သတင်းဆိုးတစ်ခုကလည်း ရှိပါသေးတယ်။ မကြာသေးခင်က လေ့လာမှုတစ်ခုက အများသူငါ ထင်ထားသလို ၀ိုင်နီသောက်သုံးမှုဟာ အသက်ကို ပိုမိုရှည်စေနိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ခုမှ မတွေ့ ခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ