Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂)


ကျွန်တော် အသက်က ၂၆ နှစ်။ အိမ်ထောင်ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးက မြန်မာပြည်မှာပါ ။ ကျွန်တော် အခု (့) မှာ အလုပ် လုပ်နေပါတယ်။ အိပ်မပျော်တာ သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်နေပါပြီ။ ဆရာ တင်ထားတယ့် Sleeping pills အကြောင်းလည်း ဖတ်ရပါတယ်။ စိတ်ဖိစီးမှုတော့ မရှိပါ။ မြန်မာပြည်မှာတုန်းက အာရုံကြောအထူးကုနဲ့ ပြခဲ့ပါတယ်။ Melatonin 3mg နဲ့ အခြား အိပ်စေမယ့် ဆေးတွေ ပေးပါတယ်။ ဒါပေမယ့် အများပြောနဲ့ ဆေးစွဲမှာ ကြောက်လို့ သောက်လိုက်မလိုက်နဲ့ လုံးဝ မသောက်ပဲ နေခဲ့တယ်။ အခြားဗမာဆေးတွေနဲ့ Cyproterone ကိုလည်း လေး-ငါးလကြာ သောက်ကြည့် ဖူးပါတယ်။ နောက်တော့ ဘာဆေးမှ မသောက်ပဲ ကြိုးစားပြီး အိပ်ကြည့်တာ အိပ်တဲ့အခါ အိပ်တယ်၊ မအိပ်တယ်အခါလည်း မအိပ်ဘူး။ အိပ်ရင်လည်း နှစ်နှစ်ခြိုက်ခြိုက် မရှိဘူး။ နှစ်ရက်သုံးရက် ဆက်တိုက် နှစ်နာရီ သုံးနာရီလောက်ပဲ အိပ်လို့ရပြီးတော့ နောက်တစ်နေ့မှာ ၅ နာရီလောက် အိပ်နိုင်တာ မျိုးလည်း ရှိခဲ့တယ်။ မအိပ်နိုင်တာက အိပ်ချိန်မရှိလို့ မဟုတ်ပါ။ ခန္ဓာကိုယ်ကကို သူ့အလို အိပ်မရ ဖြစ်တာပါ။ နောက် နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်နဲ့ ကိုးလကျော်လောက် ဆက်တိုက် ပြခဲ့ပါတယ်။ ဆရာဝန်က ခန္ဓာကိုယ်ကို နားကျပ်နဲ့တောင် မစမ်းသပ်ဘူး။ စဖြစ်ပုံကိုမေးတယ်။ လုပ်တဲ့အလုပ်ကိုမေးတယ်။ တစ်ချိန်လုံး ကွန်ပျူတာ ကြည့်ရတဲ့ အလုပ်ဖြစ်လို့ ညဘက် အိပ်ရာဝင်ကို ကွန်ပျူတာ မသုံးဖို့ တီဗွီ မကြည့်ဖို့ပြောပြီး Melatonin 3 mg နဲ့ အခြား အိပ်ဆေး တစ်မျိုးကို နှစ်လစာ ပေးပါတယ်။ ညတစ်ခါပဲ သောက်ရတယ်။ အခြား အိပ်ဆေးတစ်မျိုးကို Melatonin သောက်လို့ အိပ်မရမှ သောက်ဖို့ ပြောပါတယ်၊။ တစ်လလောက်ပဲ သောက်ပြီး လုံးဝ မသောက်တော့ဘူး။ Melatonin တစ်မျိုးထဲပဲ ဆက်သောက်တယ်။ မသောက်ပဲ နေတာနဲ့ စာရင်တော့ အိပ်လို့ရတယ်။ အိပ်မပျော်တဲ့ရောဂါ Insomnia ကို ခံစားရရင် ပျောက်အောင် ကုလို့ ရ-မရ။ ရောဂါပျောက်နိုင် မပျောက်နိုင်။ ပုံမှန်အခြေနေကို ပြန်ရ-မရ သိပါရစေ။ Melatonin ဆေးက စွဲနိုင်လား။ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ ဆေးအကြောင်းကို သိပါရစေ။ ခုချိန်ထိ အဲဆေးကို သောက်နေပါတယ်။ ဒါပေမယ့် အိပ်တယ့် Cycle က ခုချိန်ထိ ပုံမှန်မရသေးဘူး။ တစ်ခုခု မပြည့်စုံသလို လိုနေသလို ခံစားရတယ်။ နောက်တစ်ခုက ညဘက်အိပ်ရင် ဆီးခဏခဏ သွားတာပါ။ ဆီးရော သွေးရော စစ်ပြီးပါပြီ။ ဆီးချို သွေးချို မရှိ ပုံမှန်လို့ သိရပါတယ်။ အိပ်ဆေး သောက်တဲ့အတွက် ရေတော့ နေ့ခင်းပိုင်းရော ညဘက်မအိပ်ခင်ရော များများ သောက်ပါတယ်။ အိပ်ယာ စဝင်ပြီး အိပ်မပျော်ခင်ထိ ဆီးခဏခဏ သွားပါတယ်။ အိပ်ပျော်တဲ့ချိန်မှာလည်း အနည်းဆုံး သုံးခါလောက် ဆီးသွားဖို့ ထရပါတယ်။ အိပ်တဲ့ အချိန် ရှည်ရင် ရှည်သလောက် ဆီးသွားဖို့ ထရတဲ့ အကြိမ်များပါတယ်။ အဲဒီအတွက် အိပ်ပျော်ဖို့ကို အနှောက်အယှက် ဖြစ်နေပါတယ်။ စအိပ်ကတည်း မနက်နိုးတဲ့အထိ တရေးတည်း မထတမ်းအိပ်ချင်ပါတယ်။

(၁) Melatonin ဆိုတာ လူတွေမှာ ဦးနှောက်ထဲကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတမျိုး ဖြစ်တယ်။
အမေရိကားမှာ Melatonin ကို အားဆေးသဘော ရောင်းကြ-သုံးကြတယ်။ တချို့ကို ဗီတာမင်တွေ၊ (ဟာဗယ်) တွေနဲ့ ရောထားတယ်။
• Cancer ကင်ဆာ၊
• Immune disorders ရောဂါပြီးစနစ်ရောဂါ၊
• Cardiovascular diseases နှလုံး-သွေးကြောရောဂါ၊
• Depression စိတ်ကျရောဂါ၊
• Seasonal affective disorder (SAD) ရာသီဥတုအလိုက် (ဆောင်း-နွေ) စိတ်ကျတာ၊
• Circadian rhythm sleep disorders အိပ်ရမဲ့အချိန်မျိုးမှာ အိပ်မရတာ၊
• Sexual dysfunction လိင်ပိုင်းချို့ယွင်းတာတွေအတွက် သုံးနိုင်တယ်။

အခုမေးသူနဲ့ဆိုင်မှာကတော့ Delayed sleep phase syndrome (DSPS) အိမ်ရမဲ့ကာလ သိပ်နောက်ကျတာ နဲ့ Non-24-hour sleep-wake syndrome ၂၄ နာရီ တနေကုန် နိုးနေသလို ဖြစ်နေတာတွေ ဖြစ်မယ်။ Jet lag ခေါ်တဲ့ အဝေးကြီး ခရီးသွားလို့ အိပ်ချိန် မမှန်တာ နဲ့ Work rotating or night shifts သူများတွေအိပ်ချိန်မှာ ကိုယ်က အလုပ်လုပ်ရလို့ ကိုယ့်အိပ်ချိန်မှာ မအိပ်နိုင်တာမျိုး အတွက်လဲ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၆ သုတေသနတခုအရ Jet lag နဲ့ Shiftwork disorder ကို မသက်သာစေဘူးလို့ တွေ့ရတယ်။ အိပ်ပျော်စေဘို့ ယူတဲ့အချိန်ကို ပိုပြီးတိုစေဘို့ရာ Insomnia အိပ်မပျော်ရောဂါ ရှိသူတွေထက် DSPS ဖြစ်နေသူတွေအတွက် ပိုကောင်းတယ်။ မအိပ်ခင် မိနစ် ၃ဝ-၉ဝ စောပြီး သောက်ထားရင် အိပ်ချင်စိတ်ဖြစ်လာမယ်။ အပြင်စားကြီးတော့ မဟုတ်ဘူး။
၂ဝဝ၇ ခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ညပိုင်းအချိန်နောက်ကျအထိ အလုပ်လုပ်ရတာဟာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ပြောခဲ့တယ်။ Melatonin ဆေးဟာ Anti-oxidant ဖြစ်လို့ ကင်ဆာဖြစ်မှာကို နှိမ်ပေးနိုင်တယ်။
• Alzheimer's disease ရောဂါအတွက်လဲသုံးလာကြတယ်။
• Delirium ဆိုတဲ့ စိတ်ကယောင်ခြောခြားဖြစ်တာကိုလဲ ဆေး နဲနဲလေးပေးတာနဲ့သက်သာစေတယ်။
• ADHD ရောဂါအတွက်လဲ သုံးနိုင်တယ်။
• သွေးဆုံးကာနီး အမျိုးသမီးတွေကို ဆေးပေးကြည့်တာမှာ ရာသီလာတာအတွက်သာမက ကလေးရနိုင်စေဘို့လဲ အထောက်အကူ ပေးတယ်။
• Migraines (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ နဲ့ Cluster headaches ခေါင်းကိုက်ရောဂါအတွက်လဲ သုံးနိုင်တယ်။
• Depression စိတ်ကျရောဂါ နဲ့ Seasonal affective disorder စိတ်မူပြောင်းဖြစ်တာအတွက်လဲ သုံးတယ်။
• ကင်ဆာလူနာပေါင်း ၆၄၃ ယောက်ကို စမ်းသပ်တဲ့အခါ သေဆုံးနှုန်း နည်းစေတာတွေ့ရတယ်။
• Gallbladder stones သည်းခြေကျောက်ဖြစ်မှာကိုလဲ နည်းစေတယ်။
• ကိုယ်အလေးချိန်ကိုလဲ လျှော့ပေးတယ်။
• ဓါတ်ရောင်ခြည်သင့်တာကိုလဲ ကာကွယ်နိုင်တယ်။
• Tinnitus နားထဲမှာ တဝီဝီမြည်နေသံတွေ ကြားနေရတဲ့ရောဂါအတွက်လဲ သုံးသေးတယ်။

Adverse effects ဘေးထွက်-ဆိုးကျိုးတွေ
• လူကလဲ ကိုယ်ခံကောင်း၊ ဆေးကလဲ မများရင် ၃ လအထိ သောက်ခိုင်းတာမှာ ဘေးထွက်-ဆိုးကျိုး နည်းတယ်။
• တနေ့မှာ (~3 mg/day or more) ပေးရင် ခေါင်းကိုက်၊ ပျို့ချင်၊ Morning grogginess နောက်နေ့မှာ နေမကောင်းသလိုဖြစ်၊
• ဟော်မုန်းမတည်ငြိမ်ဖြစ်၊
• Nightmares အိပ်မက်ဆိုးမက်၊ ကိုယ်ပူချိန်ကျတာတွေ ဖြစ်စေနိုင်တယ်။
• အိပ်ချင်စိတ်ဖြစ်နေလို့ ကားမောင်းတာမျိုး မလုပ်သင့်ဘူး။
• Melatonin ဆေးများရင် Lucid dreaming ကိုယ်အိပ်မက်မက်နေတာကို မက်နေမှန်းသိတာ ဖြစ်စေနိုင်တယ်။
• Dream recall မက်တဲ့အိပ်မက်ကို ပြန်ဖေါ်လို့ လွယ်စေတယ်။
Auto immune diseases ရောဂါပြီးစနစ်မကောင်းတာဖြစ်တဲ့ Lupus, Hashimoto’s thyroids, Rheumatoid arthritis, Graves ရောဂါတွေ ရှိရင် မသောက်ရပါ။ ဆီးချို၊ MAO inhibitor စိတ်ကျဆေးသောက်နေရင်၊ Epilepsy အတက်ရောဂါရှိရင်၊ Lymphoma and leukemia တက်စေ့ရောဂါတွေရှိရင်လဲ မသောက်ရပါ။ ကလေးတွေ၊ လူငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ မသောက်ရပါ။
Addiction ဆေးစွဲသလား၊
အတိအကျ ပြောမရပါ။ (အင်တာနက်) အမေး-အဖြေတွေထဲမှာ Melatonin ဆေး ၁၅ နှစ်သောက်နေသူကတော့ ဆေးမစွဲပါဘူးလို့ ရေးတာ ဖတ်ရတယ်။

(၂) Cyproterone acetate ဆေးကို Androcur, Cyprostat, Cyproteron, Procur, Cyprone, Cyprohexal, Ciproterona, Cyproteronum, Neoproxil, Siterone နာမည်တွေနဲ့ရှိတယ်။ Antiandrogen အမျိုးအစားဖြစ်တယ်။ ကျား-ဟော်မုန်း Testosterone (တက်စတိုစတီရုန်း) ကို တားဆီးပေးတယ်။
• Prostate cancer ကျား-ဆီးကျိတ်-ကင်ဆာ၊ Benign prostatic hyperplasia ယောက်ျား-ဆီးကျိတ်ရောင်ရောဂါ၊ Priapism ကျားလိင်အင်္ဂါ ဒါမှမဟုတ် မ-လိင်အစိ ပြန်မကျဘဲ သန်မာနေတဲ့ရောဂါ၊ Hirsutism မိန်းမတွေမှာ ကိုယ်မွှေးတွေ အလွန်အကျွံ ပေါက်နေတာ၊ Hypersexuality လိင်စိတ်ဆန္ဒ သိပ်ကဲလွန်နေတာတွေအတွက် သုံးတယ်။
• Leuprolide မပေါ်ခင်က Precocious puberty အချိန်မတိုင်ခင် အရွယ်ရောက်တာအတွက် Cyproterone ဆေးကိုသာ သုံးခဲ့ရတယ်။
• (Cyproterone acetate 2 mg + Ethinylestradiol 35 or 50 mcg) ကိုယ်ဝန်တား စားဆေးအဖြစ်သုံးတယ်။ ၂၁ ရက် သောက်ရတယ်။
Side effect ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သတိထားဘို့က -
• များများပေးရင် Liver toxicity အဆိပ်အတောက်သဘော ဖြစ်စေနိုင်လို့ အသဲကောင်းဘို့ လိုမယ်။
• Salt loss ဆိုဒီယန် ဆားဓါတ်နည်းစေနိုင်တယ်။ Hyperkalemia (ပိုတက်စီယန်) နည်းစေနိုင်တယ်။
• Stretch mark ဗိုက်ကြောပြတ်တာ ဖြစ်စေနိုင်တယ်။
• Depressive mood changes စိတ်ကျစေနိုင်တယ်။ တချို့မှာ ပြောင်းပြန်ဖြစ်နေတာလဲရှိတယ်။
• ယောက်ျားတွေဆိုရင် Gynecomastia ရင်သား ထွားလာနိုင်တယ်။ Erectile dysfunction လိင်အင်္ဂါသန်မှု နည်းစေနိုင်တယ်။
• ကိုယ်ဝန်ဆောင်တွေကို မပေးရဘူး။

(၃) Frequent urination ဆီးသွားတဲ့အကြိမ်များတာကိုဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ အများဆုံးဖြစ်စေတာတွေကတော့ -
• Urinary tract infection ဆီးလမ်း ပိုးဝင်တာ၊
• Diabetes ဆီးချို၊
• Pregnancy ကိုယ်ဝန်ရှိတာ၊
• Prostate problems ယောက်ျား ဆီကျန်ရောဂါတခုခု၊

သိပ်အဖြစ်မများတာတွေကတော့ -
• Anxiety စိုးရိမ်စိတ်ကဲတာ၊
• Interstitial cystitis ဆီးအိမ်ရောင်ရောဂါ၊
• Medicines such as diuretics ဆီးသွားစေတဲ့ဆေး၊
• Overactive bladder syndrome ဆီးအိမ်ရောဂါတမျိုး၊
• Stroke and other brain or nervous system diseases ဦးနှောက်ရောဂါတွေ၊
• Tumor or mass in the pelvis တင်ပါးဆုံအတွင်း အကျိတ်ဖြစ်နေတာ၊
• Urinary incontinence ဆီးမလုံတဲ့ရောဂါ၊
• Vaginitis ဗဂျိုင်းနား ပိုးဝင်တာ၊

အဖြစ်အနည်းဆုံးတွေကတော့ -
• Bladder cancer ဆီးအိမ်ကင်ဆာ၊
• Bladder dysfunction ဆီးအိမ်အလုပ်မမှန်တာ၊
• Radiation therapy ကင်ဆာအတွက် ဓါတ်ကင်တာ၊

၁။ Sleeping pills အိပ်ဆေး
၂။ Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန်
၃။ Sleeping မအိပ်ဘဲနေ အသက်မရှည် တွေနဲ့ တွဲဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ