Pancreatitis သရက်ရွက်ရောင်ခြင်း


သရက်ရွက်ရောင်ခြင်း Acute pancreatitis ရက်တိုချက်ချင်းဖြစ်တာရှိတယ်။ ဗိုက်နာမယ် ။ နော်ကေ ကျာဖက် အထိနာမယ် ။ အစာစားရင်ပိုဆိုးမယ်။ ပျို့အန်မယ်။ ဖျားမယ်။ နှလုံးခုန်မြန်မယ်။ ဗိုက်ထိတာနဲ့ နာမယ်။ Chronic pancreatitis နာတာရှည်ရောင်နေရင် ဗိုက်နာမယ်။ ကိုယ်အလေးချိန်ကျလာမယ်။ ဝမ်းထဲမှာ အဆီတွေပါနေမယ်။

Gallstones သည်းခြေကျောက်ကနေဆက်ဖြစ်နိုင်တယ်။ အစာခြေအင်ဇိုင်းတွေ ကမောက်ကမဖြစ်ရာကနေ ဆက်ဖြစ်နိုင်တယ်။ ရက်တိုဖြစ်တိုင်း သရက်ရွက်ပျက်စီးတယ်။ နာတာရှည်ဖြစ်လာနိုင်တယ်။ သူ့အလုပ် မလုပ်နိုင်ဖြစ်မယ် ။ ဆီးချိုထပ်ဖြစ်လာနိုင်တယ်။ သူက သကြားဓါတ်ကို ထိန်းတဲ့ဟော်မုန်းထုတ်ပေးနေ တာဖြစ်တယ် ။

အရက်သောက်သူတွေ၊ ဗိုက်ခွဲရသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ တချို့ဆေးတွေ၊ Cystic fibrosis ရောဂါရှိသူတွေ ၊  မိသားစုရာဇဝင်ရှိသူတွေ၊ Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ် များနေသူတွေ  Hyperparathyroidism ရောဂါရှိသူတွေ၊ ပိုးဝင်ခံရသူတွေ၊ ဗိုက်ကိုထိခိုက်ခံရသူတွေ၊ Pancreatic cancer သရက်ရွက်ကင်ဆာရှိသူတွေမှာ သရက်ရွက်ရောင်တာ ဆက်ဖြစ်နိုင်တယ်။

သရက်ရွက်ရောင်ရာကနေ ဒါတွေဆက်ဖြစ်နိုင်တယ်။
Pseudocyst ဆူဒိုဆစ် အရည်အိတ်၊
Infection ပိုးဝင်ခြင်း၊
Kidney failure ကျောက်ကပ်မကောင်းတော့ခြင်း၊
Breathing problems အသက်ရှူခက်ခြင်း၊
Diabetes ဆီးချို၊
Malnutrition အာဟာရချို့တဲ့ခြင်း။
Pancreatic cancer ကင်ဆာ။

ကုသခြင်း
Fasting အစာမစားရခြင်း၊
Pain medications အနာသက်သာဆေးပေးခြင်း၊
Intravenous (IV) fluids သွေးကြောကနေ ဆေးသွင်းပေးခြင်း၊
လမ်းကြောင်းပိတ်နေတာကို ရှင်းပေးခြင်း၊ Endoscopic retrograde cholangiopancreatography (ERCP) နည်း သုံးတယ်။ Cholecystectomy ခွဲစိတ်နည်း၊ Pancreas surgery ခွဲစိတ်နည်းတွေလုပ်မယ်။
Enzymes အစာခြေအင်ဇိုင်းဆေးတွေပေးမယ်။

Pancreatectomy သရက်ရွက်ထုတ်ရတဲ့လူနာ အလားအလားသိပ်မကောင်းပါ။ ဆောရီး။ သရက်ရွက်ကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတွေမရနိုင်တော့ပါ။ glucagon, insulin, somatostatin နဲ့ pancreatic polypeptide တွေ ဖြစ်တယ်။ exocrine enzymes ခေါ်တဲ့ trypsin, chymotrypsin, pancreatic lipase နဲ့ amylase တွေလဲ မရတော့ပါ။ ဆေးတွေမှီဝဲနေရမယ်။ အစားအသောက်ဆင်ခြင်နေရပါမယ်။ islet cell transplantation ခေါ်တဲ့ အစားထိုးကုသနည်း လုပ်နိုင်ရင်တော့ ကောင်းပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/photos

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ