Bananas may help detect, cure skin cancer ငှက်ပျောသီးကနေ အရေပြားကင်ဆာကို စမ်းသိနိုင်


ငှက်ပျောသီးအခွံမှာ အမည်းရောင်အစက် အပျောက်လေးတွေကနေ အရေပြား ကင်ဆာကို ရောဂါဖြစ်နေ မှန်း မြန်မြန်သိစေနိုင်လို့ ဆေးမြန်မြန်ကုရင် အသက်ကိုကယ်နိုင်တယ်လို့ ပဲရစ်ကလာတဲ့ လွန်ခဲ့တဲ့ သတင်းကဆိုပါတယ် ။

ငှက်ပျောသီးဟာ မှည့်လာရင် အနက်ရောင်အဝိုင်းလေးတွေဖြစ်လာတယ်။ အဲတာက Tyrosinase လို့ခေါ်တဲ့ အင်ဇိုင်း အပြောင်းအလဲကနေဖြစ်စေတယ် ။ အလားတူအင်ဇိုင်းမျိုး လူ့အရေပြားပေါ်မှာလည်း ရှိတယ် ။ မယ်လင်နိုးမားခေါ် အရေပြာကင်ဆာဖြစ်နေရင် အဲတာတွေအများကြီးရှိလေိမ့်မယ်။
ဆွစ်ဇာလန်မှာရှိတဲ့ Laboratory of Physical and Analytical Electrochemistry ဓါတ်ခွဲခန်းမှာ စမ်းသပ် လေ့လာခဲ့ပါတယ်။ ကောက်ချက်ကတော့ အဲဒီအင်ဇိုင်းများခြင်းဟာ အရေပြားကင်ဆာ ရှိနေမယ်လို့ ပြောနိုင်ပါတယ် ။

ကင်ဆာ အဆင့် (၁) မှာ အဲဒီအင်ဇိုင်းက မသိသာသေးပါ။ အဆင့် (၂) ဆိုရင် တပြေးညီပြန့်နေကြပြီ။ အဆင့် (၃) ဆိုရင် မညီမညာပြန့်နေကြပြီ။
အရေပြား ကင်ဆာဟာ စောစောသိလေ သက်သာလေဖြစ်တယ် ။ American Cancer Society အမေရိကန်ကင်ဆာအသင်း အဆိုအရ မယ်လင်နိုးမားကင်ဆာကို အဆင့် (၁) မှာသိရင် (၁ဝ) နှစ်အသက်ရှင်နှုန်း ၉၅% ရှိတယ် ။ အဆင့် (၃) ဆိုရင် ၄၃% သာရှိတယ် ။
Scanner တီထွင်ထားတဲ့စကင်နာမှာ ကွေးနိုင်ဆန့်နိုင်တဲ့ မိုက်ကရိုအီလက်ထရုတ် (၈) ခုတပ်ထားပြီး အရေပြားမှာ Tyrosinase အင်ဇိုင်းအရေအတွက်ကိုတိုင်းတာပေးမယ် ။ တနေ့မှာ အဲဒီစကင်နာနဲ့ ကင်ဆာအကျိတ်ကိုပါ ဖျက်ဆီးပေးနိုင်ဘို့ မျှော်လင့်ရပါတယ် ။

https://www.yahoo.com/…/bananas-may-help-detect-cure-skin-c…
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ