Otomycosis (ear fungus) နားမှို
မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၄၂ နှစ်ပါ။ ကျွန်မငယ်ငယ်ထဲက ခုချိန်ထိ ဘယ်ဘက်နားဟာ နားမှိုတက်တဲ့ရောဂါလို့ ပြောရမလား၊ အဖြူအဖတ်အဖတ်တွေကပ်နေပြီး ယားယံလာတတ်ပါတယ်။ သင်္ကြန်ကျပြီးတိုင်း ဆေးခန်းပြ၊ အဖြူရောင်အဖတ်တွေ အခဲလိုက်ထွက်သွားပြီးရင် သက်သာသွားပြန်ရော။ ဒီရောက်ပြီး ၁ဝ နစ်ကျော်အထိ ရောဂါပြန်ပေါ်မလာပဲ လွန်ခဲ့တဲ့ ၃ နစ်လောက်စပြီး တစ်နှစ်တစ်ခါ နားကိုက်တတ်လာပြီ။ ဆေးခန်းပြရပါတယ်ဆရာ။ နားဆရာဝန်တွေဟာ အင်မတန်ဈေးကြီးပါတယ် (ကျွန်မအထင်)။ ဒီနှစ်လည်း နားကိုက်လာပြန်တာနဲ့ ဂွမ်းတံလေးနဲ့ ကလော်ပြီး ရက်သိပ်မကြာ နားထဲက အရည်ကြည် ပြည်စ သွေးစလေးတွေပါလာတာမို့ နာကျင်ကိုက်ခဲတာတော့ မရှိဘူးဆရာ။ အမြဲတစေ ကျနေတာမျိုးလည်း မဟုတ်တာကြောင့် ဆေးခန်းပြ သင့်မပြသင့်နဲ့ ဘာဆေးလေးများ သောက်ရင် သက်သာပျောက်ကင်းနိုင်မလည်းဆိုတာ မေတ္တာရှေ့ထား ဆရာအားလပ်လျှင် ဖြေကြားပေးပါရှင်။
• မှိုဆိုတာ ပူနွေးစိုထိုင်းတာကိုကြိုက်တယ်။ နားစိုနေရင် မှိုဝင်လာတတ်တယ်။ ရေမဝင်စေရပါ။
• Abnormal ear itching (pruritis) နားကယားစရာမဟုတ်ပဲယားရင် သတိပြုပါ။
• Ear pain (otalgia) နားကိုက်လာရင်လည်း သတိပြုပါ။
• Ear discharge (otorrhea) နားထဲကနေ တခုခုအရည်စတာထွက်ရင်လည်း သတိပြုပါ။
• Hearing loss နားအရင်လိုကောင်းကောင်းမကြားရင်လည်း သတိပြုပါ။
(က) Home Remedies အိမ်တွင်းကုသနည်းများ
• Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ေးရည် ၂-၃ စက်ထည့်ပါ။ ၅-၁ဝ မိနစ်စောင့်ပါ။ ခေါင်းကိုစောင်းပြီး ဆေးရည်ထွက်ကျစေပါ။ သန့်တဲ့ဂွမ်းစနည့် သန့်ရှင်းပေးပါ။
• Hair dryer ခေါင်လျှော်ပြီး ဆံပင်ခြောက်အောင်လုပ်တာနဲ့ ၁ဝ မိန်စလောက်ကြာလေပူအနေတော်မှုတ်ပြီး ခြောက်သွေ့စေပါ။
• Warm compress နားနေရာကို အပူကပ်ပေးပါ။
• Rubbing alcohol အရက်ပျံ + apple cider vinegar ပန်းသီးဆိုင်ဒါဗနီဂါဆတူရောပြီး နားထဲ ၂-၃ စက်ထည့်ပါ။ ၁ဝ မိနစ်ထားပါ။ ခေါင်းစောင်းထားပြီးထွက်စေပါ။ သန့်ပေးပါ။ ၄ နာရီတခါ၊ ၁-၂ ပါတ်ကြာလုပ်နိုင်တယ်။
• Vitamin C ဗီတာမင်စီများတဲ့အစားအသောက်စားသုံးပါ။
• Garlic oil ကြက်သွန်ဖြူဆီလည်းသုံးနိုင်တယ်။ ဆေးတောင်းဆိုရင် ဖေါက်ထည့်နိုင်တယ်။ ၁ဝ မိန်စထားပြီးနောက်မှာ ခေါင်းကိုစောင်းထုတ်ပါ။ သန့်ပေးပါ။
• Olive oil သံလွင်ဆီလည်းသုံးနိုင်တယ်။ ၃ စက်ထည့်ပါ။ ၅-၁ဝ မိနစ်ထားပါ။ ခေါင်းစောင်းပြီး ထုတ်ပါ။ သန့်ပေးပါ။
(ခ) Medications ဆေးသုံးနည်းများ
• နားအထူးကုဆရာဝန်ကိုပြတာ အကောင်းဆုံးဖြစ်ပါတယ်။
• Clotrimazole 1% ear drops (Canesten®) or Flumetasone pivalate 0.02%, Clioquinol 1% ear drops (Locorten–Vioform®) တွေကိုသုံးရတယ်။ ၂-၃ စက်ထည့်ပါ။ ၂-၃ မိနစ်စောင့်ပါ။ ခေါင်းစောင်းပြီးထွက်ကျစေပါ။ သန့်ပေးပါ။
• Fluconazole (Diflucan) မှိုသေစားဆေးလည်းတချို့အတွက်လိုမယ်။ 200mg တနေ့ ၁ ကြိမ်၊ ၃-၅ ရက်သောက်ပါ။
• Avoid antibiotics ပိုးသေဆေးတွေရှောင်ပါ။
- Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
- Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
- Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
• Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html
- Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html
- Fluid in the ear နားထဲမှာအရည်ရှိတာ http://doctortintswe.blogspot.com/2014/12/fluid-in-ear.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin