ခါးနာဝေဒနာအတွက် ဆေးဝါးမဟုတ်သောကုထုံးကို ပထမရွေးချယ်သင့်


ခါးနာခါးကိုက်ဝေဒနာခံစားရသူများအနေဖြင့် ဆေးဝါးကုထုံးကိုချက်ခြင်းမရွေးချယ်ပဲခါးကိုအပူပေးခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်းကဲ့သို့ သောဆေးဝါးမဟုတ်သည့် ကုထုံးကို ပထမ ဦးစားပေးရွေး ချယ်သင့် ကြောင်း အမေရိကန် သုတေသီများကပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် ခါးနာ၊ ခါးကိုက်ဝေဒနာကြောင့်ဆရာဝန်နှင့်ပြသသူဦးရေမှာအများဆုံးဟုဆိုနိုင်ကြောင်း၊ တစ်ကယ်တမ်းတွင် Oxycontin နှင့် Vicodin ကဲ့သို့  ဘိန်းဖြူပါသည့် အကိုက်အခဲ အပြင်းစားများ ကိုနောက်မှ သာရွေးချယ် သင့်ကြောင်း၊ ရှေးဦးစွာ ဆေးဝါးမဟုတ်သောသဘာဝကုထုံးများကို ရွေးချယ်သင့်ကြောင်းသုတေသီတစ်ဦးကပြောသည်။ အစားအသောက်ရွေးချယ်မှု၊ လူ့ဘ၀သက်တမ်း ၊နေထိုင်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားခြင်းရှိ ၊မရှိအစ ရှိတာတွေပေါင်းစပ် သွားပြီးခါးနာခါးကိုက်ခြင်းဖြစ်နိုင်တဲ့အတွက် အချိန်တိုင်းမှာ အကိုက်အခဲ အပြင်း စားတွေ သောက်ဖို့  မလိုအပ်ပါဘူး ။ အဲဒီဆေးတွေသောက်လို့  သက်သာတယ်ဆိုရင်လည်းပဲ အနေ အထိုင်မဆင် ခြင်တဲ့အတွက် ဆက်နာနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ခါးကိုက်ခါးနာရင် နာတဲ့နေရာ ကိုသွေးလည်ပတ်မှု ကောင်းအောင် အပူပေးနိုင်ပါတယ်။ ရေနွေးအိတ်ကပ်တာမျိုးဟာကောင်းမွန်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုကိုမှန်မှန်လုပ်ပေးသင့်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

အကိုက်အခဲပျောက်ဆေးများအနက် Tylenol သည် ခါးကိုက်ဝေဒနာအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အမေရိကန်တွင် Tylenol ကိုခါးကိုက်ကုထုံးမှဖျက်လိုက်ပြီဖြစ်ကြောင်း၊ ခါးကိုက်ခါးနာရာတွင် အမှုမဲ့အမှတ်မဲ့နာကျင်ခြင်းနှင့် နာတာရှည်ဝေဒနာဟူ၍နှစ်မျိုးရှိကြောင်း၊ ရံဖန်ရံခါအလေးမ၍လည်းကောင်း၊ အထိုင်အထမှားယွင်း၍လည်းကောင်းခါးနာသွားတတ်ကြောင်း၊ ဆေးကိုချက်ခြင်းရွေးချယ်ရန်မလိုအပ် ကြောင်း၊ နာတာရှည်ဝေဒနာရှင်များသည်လည်း ဆေးကိုချဉ်းအားမကိုးဘဲအထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုကို မှန်ကန်ကောင်းမွန်အောင်လုပ်ပေးရန်လိုအပ်ကြောင်းသိရသည်။ ခါးနာခါးကိုက်ရာတွင် radicular back pain အမျိုးအစားရှိကြောင်း၊ ကျောရိုးအာရုံကျောတစ်ခုခုညှပ်ခြင်းကြောင့် နာကျင်ခြင်းဖြစ်ပြီး နာကျင်မှု မှာခြေထောက် အထိသက်ရောက်ကြောင်း ၊ ခြေထောက်ထုံကျင်ခြင်း ၊ ခြေထောက်ပျော့ခွေ သွားခြင်းတို့ ကို ခံစားရနိုင်ကြောင်း ၊ မည်သို့ ပင်ဖြစ်စေ သဘာဝကုထုံးများကိုသာ အရင် အသုံးပြု သင့်ကြောင်း သုတေ သီများ ကပြောသည် ။ ၁၂ ပတ်အောက် ခါးကိုက်ခါးနာခြင်းများအတွက် ကြပ်ထုပ်ပေးခြင်း၊ နှိပ်နယ်ပေးခြင်း ၊ အပ်စိုက်ကုသခြင်း၊ ကျောရိုးကိုနှိပ်နယ်ပေးခြင်းတို့ ဖြင့် များစွာသက်သာလာနိုင်စေမည်ဖြစ်ကြောင်း၊ ၁၂ ပတ် ကျော်လျင် လည်း သဘာဝကုထုံးများကိုဆက်လက်အသုံးပြုနိုင်ကြောင်း၊ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားပေးခြင်း၊ ယောဂလုပ်ခြင်း၊ ထိုက်ကျိချွမ် ကစားခြင်း အစရှိသည်တို့  ကိုပြုလုပ် သင့်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ