Mammograms မင်မိုဂရမ်


ဆရာရှင့် ကျွန်မအသက် ၃၅ နှစ်ပါ။ ကလေးတစ်ယောက်အမေပါရှင့် ။ ကလေးက ၅နှစ်ပါ ။ နောက်ကလေး ယူချင်ပါသည် ။ ယူခါနီး ရင်သားတွင် 1.3 cm ပမာဏရှိတဲ့ အကျိတ်လေးတွေလို့ ကင်ဆာဖြစ်မှာစိုး၍ ရင်သားအထူးကုနဲ့ပြသရာတွင် mammogram ရိုက်ခြင်း။ utrasound ရိုက်ခြင်း ။ Biosy စစ်ခြင်းများ ပြုလုပ်ခဲ့ရာ ကင်ဆာကျိတ်မဟုတ်ကြောင်း သိရပါတယ်ရှင့်။ mammogram ရိုက်၍ ရင်သားစစ်ဆေးခြင်းကို အသက်၄၀ နောက်ပိုင်းမှစစစ်သည်ဟုဖတ်ရပါသည်။ ယခု ကျွန်မ အသက် ၃၅ မှာရိုက်ခဲ့ရ၍ ဘာများဖြစ်နိုင်ပါသလဲ။ ကလေးကောယူလို့ရပါသလား။ ကလေးယူရန်အတွက် အချိန်ယူရသေးပါသလား။ ချက်ချင်းယူလို့ရပါသလား သိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

မင်မိုဂရမ်ရိုက်စစ်ဆေးတာ ရင်သားကင်ဆာအတွက် အလွန်အသုံးကျတယ်။ ဒါပေမယ့် ပါဖက်မဖြစ်ပါ။ သတိထားစရာတွေ ရှိတယ်။ ၁ဝဝ% ရောဂါရှိမတွေ့နိုင်ပါ။ ဓါတ်ရောင်ခြည် နည်းနည်းလေးသုံးရတယ်။ ခဏခဏရိုက်တာမှာ အကျိုးနဲ့ အပြစ် ချိန်ဆရတယ်။

အမျိုးသမီးအသက်ငယ်သူတွေဆိုရင် ဖတ်ရတာပိုခက်တယ်။ နို့ထွက်ဂလင်းတွေ အရွတ်တွေက ပိုများကြလို့ဖြစ်တယ်။ အသက်ကြီးသူတွေမှာ အဆီပိုများလာတယ်။ ဂလင်းနည်းလာတယ်။ ဖတ်ရတာပိုလွယ်ကူတယ်။ ၁ဝ% လောက်မှာ ထပ်စစ်ဘို့လိုကြတယ်။ ဥပမာ အာလ်ထွာဆောင်းနဲ့ အသားစထုတ်ယူစစ်ဆေးနည်း (ဘိုင်အော့ပစီ)။ မင်မိုဂမ်မှာ မူမမှန်တာတွေ့တိုင်းတော့ ရင်သားကင်ဆာမဟုတ်သေးပါ။ တချို့ကို အရင်ရိုက်တာနဲ့ နောက်ရိုက်တာ ယှဉ်ကြည့်ရတယ်။

နောက်ကလေးအတွက် စိုးရိမ်ရန် မရှိလောက်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ