Hepatitis B and Pregnancy ကိုယ်ဝန် နှင့် ဘီပိုး
၁။ မင်္ဂလာပါ ဆရာ ကျွန်မအသက်က (၃၁) ပါ။ အခုလောလောဆယ် သားဦးကိုယ်ဝန်လွယ်ထားတာ (၃၅)ပတ်ရှိနေပါပြီ။ ကျွန်မမှာရှိနေတဲ့ အသည်းရောင်အသားဝါဘီပိုးကြောင့် မွေးဖွားပြီးပြီးချင်း ကလေးလေး ကို ကာကွယ်ဆေး မဖြစ်မနေ ထိုးပေးရမယ် ဆိုပါတယ် ။ ပုံမှန်ထိုးနှံပေးတဲ့ကာကွယ်ဆေးအပြင် နောက်ကာကွယ်ဆေး တမျိုး ထပ်ထိုးဖို့ လိုမလိုဆိုတာ ဆေးထပ် စစ်မှသိနိုင်မယ်ဆိုလို့ ဆေးစစ်ခဲ့ပါတယ်ဆရာ။ ဆေးစစ်ချက်အဖြေတွေလဲတွဲပို့လိုက်ပါတယ်ရှင့်။ ကလေးအတွက် ကာကွယ်ဆေးနဲ့တင်လုံလောက်ပါသလားဆရာ။ မိခင်အနေနဲ့ရော ဘယ်လိုဆောင် ရန်ရှောင်ရန်နဲ့ ကုသမှုတွေ လိုအပ်ပါသလဲဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေး ဖို့ မေတ္တာရပ်ခံပါရစေ ဆရာ။
၂။ အသက်၃၂ /မ ပါဆရာ။ ဘီပိုးကောင်ရေစစ်တာ သန်း ၁၇၀ ကျော်တယ်ပြောပါတယ်။ tenofovir နဲ့ silybean သောက်နေရတာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ ခလေးယူရင် ခလေးမှာဘယ်လိုဖြစ်နိုင်ပါလဲဆရာ။ ခလေးမှာဘီပိုးမပါအောင်ဘယ်လိုကာကွယ်လို့ရမလဲဆရာ။့ လပိုင်း ၂၀၁၇ မှာအိမ်ထောင်ပြုမှာပါဆရာ။ အိမ်ထောင်ပြုပြီး ၅ လလောက်နေရင် ခလေးယူချင်လို့ပါ။
ကိုယ်ဝန်ရှိရင် ဘီပိုး ရှိ-မရှိ စစ်ရပါမယ်။ ခင်ပွန်းမှာ ဘီပိုးရှိရင်၊ ကိုယ်က ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်း၊ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ရင် ဘီပိုး ရှိ-မရှိ စစ်ဘို့ သူများတွေထက်လိုတယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ဘီပိုး ရှိနေတယ်ဆိုရင် ကလေးမွေးဖွါးနေတုံး ကလေးဆီကို ကူးစေနိုင်တယ်။
ကိုယ်ဝန်နုကာစ မိခင်လောင်းမှာ ဘီပိုးရှိတာဆိုရင် ကလေးကို ကူးလာနိုင်ချေ ၁ဝ% ထက်နည်းတယ်။ ကိုယ်ဝန်ရင့်ပြီဆိုရင် ၉ဝ% အထိရှိနိုင်တယ်။ ကလေးကိုကူးပြီဆိုရင်တော့ ဆိုးတယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးပေမဲ့ ပိုးရှိနေပြီဖြစ်တဲ့ကလေးဟာ ၉ဝ% ဟာ ရောဂါပိုးသယ်ပို့ပေးနေသူဖြစ်နေမယ်။ ကလေးကြီးလာရင်လဲ ၂၅% ဟာ အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့ သေဆုံးနိုင်တယ်။
ဘယ်လိုနည်းနဲ့မွေးမလဲ
မွေးပေးမဲ့ ဆရာဝန်ကနေ မွေးခန်းကြိုတင်ပြင် ဆင်မှုတွေ အသေအခြာ လုပ်ပေးမယ်။ လိုအပ်တဲ့ ဆေးတွေ အဆင်သင့် ရှာထားမယ်။ ထိုးပေးမယ်။ အဲလိုမလုပ်ရင် မွေးလာမဲ့ကလေးကို ၅၉% ရောဂါ ကူးစက် လိမ့်မယ် ။ နာတာရှည် အသည်းရောင် ဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ကလေးကို ဘာမှမဖြစ်စေပါ ။ ဗိုက်ခွဲမွေးဖွးရင် ကလေးကို ကူးစေနိုင်တဲ့ အခွင့်အလမ်းနည်းနေမယ်လို့ ယူဆကြသလို အခုနောက်ပိုင်းမှာ ဘယ်လိုနည်းနဲ့မွေးမွေး မထူးဘူးလို့လဲ ယူဆကြတယ် ။
မွေးမွေးချင်းကလေးကို -
၁။ Hepatitis B vaccine ကာကွယ်ဆေး ပဌမအကြိမ် ထိုးပေးမယ် ။
၂။ တခါတည်း Hepatitis B Immune Globulin (HBIG) ဆေးလဲထိုးပေးမယ် ။
အဲလိုဆေး ၂ မျိုးကို မွေးပြီး ၁၂ နာရီအတွင်းထိုးပေးနိုင်ရင် ကလေးကို ပိုးကူးဘို့ ၉ဝ% စိတ်ချနိုင်တယ် ။ နောက် တလ တိတိမှာ ဒုတယအကြိမ် နဲ့ ၆ လ အပြည့်မှာ တတိယအကြိမ် ကာကွယ်ဆေး ဆက်ထိုးဘို့ လိုတယ်။
ကလေးနို့တိုက်ခြင်း
မွေးမွေးချင်း ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံးတိတိကျကထိုးပေထားရင် နို့တိုက်လို့လဲ ကလေးကို ကူးမှာကို ထူးပြီးစိုးရိမ်ရာမလိုပါ။ တချို့က အတိုက်မခိုင်းဘူး ။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ Centers for Disease Control (CDC) ဌာနအဆိုအရ မတိုက်ဘဲထားတာနဲ့ တိုက်တာတွေရဲ့ အဆိုး-အကောင်းတွေယှဉ်ရင် ကလေးကို နို့တိုက်သင့်တယ်လို့ ထောက်ခံ အားပေးပါတယ် ။
ကလေးမွေးပြီးတဲ့နောက်မှာ
• အသည်းရောင် (အေ) ကာကွယ်ဆေး ထိုးသင့်တယ်။
• အရက်ရှောင်ရမယ်။
• Acetaminophen (Tylenol)/Paracetamol (ပါရာစီတမော) ဆေးမသောက်ပါနဲ့။
• သွေးမလှူပါနဲ့၊ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းလဲ မလှူပါနဲ့။
• သွားတိုက်တံ၊ ရေဇာ၊ လက်သည်းညှပ်၊ သူများတွေနဲ့ တွဲမသုံးပါနဲ့၊
• ဆေးရုံ၊ ဆရာဝန်တွေကို hepatitis B carrier ကိုယ့်ရောဂါရှိနေတာကို ပြောပြပါ။
• အနည်းဆုံး တနှစ်တခါ ဆရာဝန်ပြပါ။
• ကိုယ့်မိသားစု၊ ယောက်ျား၊ ဇနီး အတူနေတွေကို ရှင်းပြပါ။
• HBsAg test positive ဖြစ်သူဟာ အသည်းအခြေအနေသိရအောင် Liver function testing ပါလုပ်ပါ။
(HBV) ဘီပိုး ကူးစက်ခံရသူရဲ့ သွေးထဲမှာ အများဆုံးစုနေပြီး၊ တံတွေး၊ သုတ်ရည်၊ ဗဂျိုင်းနာအရည် နဲ့ အနာအဆာကနေ ထွက်တဲ့ အရည်တွေထဲမှာ နည်းနည်းသာတွေ့ရတယ်။ ဒီ ဗိုင်းရပ်စ်ပိုးဟာ အခန်းထဲ အပူချိန်မှာ ၇ ရက်အထိလောက် ရှင်နေနိုင်တယ်။ ပိုးဝင်ခံတဲ့နောက် ရက်ပေါင်း ၉ဝ ကနေ ၆ လ အတွင်း လက္ခဏာပြမယ်။ ရက်တိုပိုးဝင် လက္ခဏာတွေကတော့ အစား အသောက်ပျက်မယ်၊ ပျို့ချင် အန်ချင်မယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အသားဝါမယ်။ ဆီးဝါမယ်။ ဝမ်းအရောင် ပျော့မယ်။ ဘူတဝက်လောက်မှာတော့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ၁% လောက်ကတော့ သိပ်ဆိုးနိုင်တယ်။
ရက်တိုဖြစ်တဲ့သူတွေဟာ ကလေးငယ်လေးတွေဆိုရင် ၉ဝ% နာတာရှည်ဖြစ်မယ်။ ၅ နှစ်အောက်ကလေး ၃ဝ% နာတာရှည် ဖြစ်မယ်။ လူကြီးဆိုရင် ၂-၆% နာတာရှည်ဖြစ်မယ်။ မိခင်မှာ ဘီပိုးရှိနေပေမဲ့ မွေးလာတဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းတာ မဖြစ်ပါ။ ကိုယ်အလေးချိန် နည်းတာ မပြည့်တာတော့ ဖြစ်နိုင်တယ်။
ကိုယ်ဝန်လာအပ်ရင် ဘီပိုးရှိ-မရှိ သွေးစစ်တာကို (HBsAg) ခေါ်တယ်။ သံသယရှိသူအားလုံး၊ ဥပမာ မိသားစုဝင်တွေ၊ ဇနီး-ခင်ပွန်း-အဖေါ်တွေကို (HBsAg, antiHBc, antiHBs) တွေစစ်ရမယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = negative ဖြစ်နေသူဆိုတာ၊ ကောင်းတယ်။ ဒါပေမဲ့ တချိန်မှာ ကူးမလားဘူးမပြောနိုင်ဘူး။ ရောဂါ မပြီးသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = positive ဖြစ်နေသူဆိုတာ၊ ပိုကောင်းတယ်။ သူဟာ မသိမသာပိုးအဝင်ခံထားရာကနေ သဘာဝအရ ရောဂါပြီးနေတယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = positive ဖြစ်သူဟာ ဘီပိုး ကာကွယ်ဆေးထိုးထာလို့ ရောဂါပြီးနေသူ ဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = positive, anti-HBs = negative ဆိုသူဟာ acutely infected လောလောလတ်လတ် ပိုးဝင်တာခံနေရသူဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = negative, anti-HBs = negative ဆိုသူဟာ chronically infected နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg ရှိနေတယ်ဆိုတာ ပိုးလတ်တလောအဝင်ခံရသူဖြစ်တယ်။ ၃-၅ ပါတ်မတိုင်ခင်က ဝင်ခဲ့သူဖြစ်မယ်။ ပိုးဝင်ပြီး နလံထရင် (၃-၄ လ ကြာရင်) ဒါကို မတွေ့တော့ဘူး။ အဲဒီအချိန်မှာ anti-HBs တွေ့လာမယ်။
• HBsAg positive ဖြစ်ပြီး၊ IgM anti-HBc မတွေ့သူဆိုတာ နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = negative ဆိုဟာ (၄) မျိုးဖြစ်နိုင်တယ်။
၁။ ရက်တိုရာကနေ နလံထလာသူ၊
၂။ ရောဂါကိုပြီးပေမဲ့ စမ်းသပ်တဲ့အခါမှာ သွေးထဲမှာ နည်းနေသူ၊
၃။ အပေါင်းပြတာ မမှန်လို့ ရောဂါပိုးဝင်တာခံရနိုင်သူ၊
၎။ သွေးစစ်တာမှာ နည်းလွန်းလို့ မပြပေမဲ့ သူများကို ကူးစေနိုင်သူ။
ကာကွယ်ဆေး
• အမေရိကားမှာ Recombivax HB နဲ့ Engerix-B ၂ မျိုး သုံးတယ်။ ကိုယ်ဝန်ဆောင်နေလဲထိုးနိုင်တယ်။ ကလေးတွေကို 0.5 ml ထိုးတယ်။ အသက် ၂ဝ အထက်ကို 1.0 mL IM ထိုးတယ်။
• ရက်တိုပိုးရှိသူနဲ့ ထိတွေ့လိုက်ရလို့ (လိင်ဆက်ဆံလို့) ဆိုရင် ၁၄ ရက်အတွင်းမှာ HBV vaccine ထိုးပါ။ စုစုပေါင်း ၃ ခါ ထိုးရမယ်။ ချက်ချင်း၊ နောက် ၁ လ၊ ဒိနောက် ၅ လ။ နောက်ပြီး Hepatitis B immune globulin (HBIG) 0.06 mL/kg IM ကိုလည်း နောက် တင်ပါး၊ လက်မောင်းမှာ ထိုးပါ။
• တကယ်လို့ အရေပြား၊ အရေပြားနုရဲ့အပေါက်အပြဲ၊ ဒဏ်ရာကနေ ဝင်တာဆိုရင် HBIG ကို နောက် တလနေရင် တခါထပ်ထိုးပါ။
• နာတာရှည်ပိုးရှိနေသူကနေ (လိင်ဆက်ဆံတာဖြစ်ဖြစ်၊ အပ်-သွေးကြောင့်ဖြစ်ဖြစ်) ကာကွယ်ဘို့ hepatitis B vaccine တမျိုးထဲသာ လိုတယ်။
• ရက်တိုပိုးဝင်ခံရသူကို ရောဂါဆေးရယ်လို ပေးစရာမလိုပါ။ အထောက်အကူပြုကုသမှုသာ လိုတယ်။ သိပ်ဆိုးသူကိုတော့ ဆေးရုံတင်ရမယ်။ နာတာရှည်ပိုးဝင်သူကို alpha-interferon ဒါမှမဟုတ် Lamivudine ဆေးပေးမယ်။ ကိုယ်ဝန်ဆောင်ကို ဒီဆေး ပေးနိုင်တယ်၊ မပေးသင့်ဘူး၊ အတိအကျ ပြောမရပါ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin