နံနက် အိပ်ယာမှ နိုးနိုးချင်း လေ့ကျင့်ခန်းလုပ်ပါ


နံနက်အိပ်ယာမှနိုးလျှင် ကျော များတောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ် စေပါသည် ။ ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့်
ကိုယ်ခန္ဓာရရှိစေရန် အောက်ပါလေ့ကျင့်ခန်းများကို အိပ် ယာထဲ၌ပင် ပြုလုပ်ပါ။

(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကိုထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီး လျှင် ဘယ်သို့လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။

(၂) ပက်လက်အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာခပ်လျော့ လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက်ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ ။ ဤအနေအထား အတိုင်း (၁၀)
ကြိမ်ပြုလုပ်ပါ ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ထားပါ ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသ လုံြးွကက်တတ် တက်သည် ။

(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ ။ စက္ကန့် (၂၀)ခန့်ထားပါ ။ ဤနည်းဖြင့် ညာဒူး ၊ ဘယ်ဒူးပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ ။

(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ ။  လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက်ဖြည်းဖြည်းဆန့်ထုတ်ပါ ။ (၁၀)ကြိမ်ပြုလုပ်ပါ ။

(၅) ပက်လက်ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့် ထုတ်ပါ ။ ညာဘက်ပြီးလျှင် ဘယ် ဘက်ခြေထောက်ကို အလားတူပြု လုပ်ပါ ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့် ။

ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။

TKD
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ