မျက်မမြင်များအတွက် အသုံးပြုနိုင်မည့် ESight 3


ESightမှာကွန်ပျူတာဖြင့် ဖန်တီးထားသည့် တုပလောကအား ကြည့်ရှုခံစားနိုင်ရန်အတွက် အသုံးပြုသော မျက်မှန် အမျိုးအစားနှင့် သာမန် မျက်မှန် အမျိုးအစားတို့ ပေါင်းစပ်၍ ဖွဲ့ စည်းထားသည် ။ 1020p ကင်မရာ ရှိပြီးလျင်မြန် သည့်အရာများကိုလည်းရိုက်ကူးနိုင်သည်။ ကင်မရာမှ ရိုက်ကူးရသော အချက်အလက်များကို မျက်မှန်ထဲရှိစနစ် တစ်ခုထဲသို့ ပို့ ဆောင်ပြီး ၄င်းမှ မျက်မှန် ဖန်သားပြင်ပေါ်သို့ အချက်အလက်များ ဆက်လက်ပို့ ဆောင်ပေးသည် ။

ESightမျက်မှန်များမှာအရောင် ပုံရိပ်များအား ပြသပေးနိုင်ပြီးကင်မရာအတွက် Zoom စနစ်ပါ ထည့်သွင်းထားသ ဖြင့် ပုံကြီးချဲ့ ခြင်း၊ ချုံ့ ခြင်းများကိုလည်း မျက်မှန်တပ်ဆင်သူက စိတ်ကြိုက်ပြုလုပ်နိုင်ပြီး ဓါတ်ပုံများကိုလည်းရိုက် ကူးနိုင်ကြောင်းသိရသည်။ ESightကိုကနေဒါကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီးကင်မရာအလုပ်လုပ်ပုံအများစုကိုတပ်ဆင်သူမှ ထိန်းချုပ်နိုင်သည်။ ကင်မရာမှ ဖမ်းယူပြသသော ပုံရိပ်များ၏ အလင်းအမှောင်၊ အလင်းအရည်အသွေးကွာခြား မှု၊ zoom စနစ် စသည်ဖြင့် သာမန် ကင်မရာ တစ်လုံးအသုံးပြုသည့်အတိုင်းမျက်မှန်တပ်ဆင်ထားသူမှ ESightကိုထိန်း ချုပ်နိုင်ကြောင်းသိရသည်။

ကမ္ဘာတစ်ဝန်းတွင် မျက်မမြင်သူများနှင့် အမြင်အာရုံချို့ ယွင်းသူများသန်း ၃၀၀ ကျော် ရှိပြီးထိုကဲ့သို့ အမြင် အာရုံထိခိုက်ခံရထားသူများအတွက် ပို၍ကောင်းမွန်စွာတွေ့ မြင်နိုင်ရန် ESight မှ နည်းပညာမြင့် ကိရိယာများကိုထုတ် လုပ်လျက်ရှိသည်။ ESightများကိုလွန်ခဲ့သည့် ၅ နှစ်ခန့် က ပထမဆုံး ထုတ်လုပ်ခဲ့ပြီး ယခုအခါ နည်းပညာတိုးတက်မှုများ ပြုလုပ်ထားကြောင်းသိရသည်။ ဤ ESight 3 ကိရိယာကို ငယ်ရွယ် သည့် အခါက ယာဉ်မတော်တဆမှုကြောင့် မျက်စိကွယ်သွားသည့် မျက်မမြင် အမျိုးသမီးတစ်ဦးက စမ်းသပ်အသုံးပြုခဲ့ပြီး အံ့အားသင့်ခဲ့ရကြောင်းသိရသည် ။ အသက် ၃၆ နှစ်အရွယ် Yvonne Felix မှာမျက်စိမမြင်ရဘဲနေထိုင်လာရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကာအဆိုပါ ESight 3 မျက်မှန် ကိုအသုံးပြုပြီးကတည်းကသူမ၏ ဘ၀မှာ ပြောင်းလဲသွားခဲ့သည်။ ယခုအခါ Yvonne က မည်သည့်အရာကို မဆို ၏ အကူအညီဖြင့် တွေ့ မြင်နိုင်ပြီဖြစ်ပြီးအမြင်အာရုံကို ပြန်လည်ရရှိခဲ့ပြီဖြစ်သောကြောင့် Yvonne မှာအတိုင်းမသိ ၀မ်းသာကြောင်း သိရသည် ။ ယအခုအခါ Yvonne မှာESightအတွက် ပြောရေးဆိုခွင့်ရှိသူ အဖြစ် ခန့်အပ်ထားကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ