အဝလွန်ခြင်းက အရေပြား ကင်ဆာ ဖြစ်စေနိုင်

အဝလွန်ခြင်းနှင့် အစားအစာများကို အလွန်အကျွံ စားသုံးခြင်း (overeating)သည် အရေပြား ကင်ဆာ ရောဂါတစ်မျိုး ဖြစ်သော melanoma နှင့် ဆက်စပ်မှု ရှိကြောင်း သိရသည်။

University of Leeds မှကင်ဆာသုတေသန ပညာရှင် အဖွဲ့က လေ့လာခဲ့ခြင်းဖြစ်ပြီး အဝလွန်သူ များ၏ ဒီအင်အေတွင် intron8 ဟုခေါ်သော မျိုးဗီဇပါဝင်နေပါက အရေပြား ကင်ဆာများ အနက် အသေအပျောက် အများဆုံး melanoma ကိုဖြစ်စေ နိုင်ကြောင်း၊ အဆိုပါ မျိုးဗီဇသည် BMI မြင့်နေသူများတွင် အများဆုံး ပါဝင်နေကြောင်း၊ အဝလွန်ခြင်းနှင့် intron8 ၏ဆက်စပ်နေမှုကို တွေ့ရှိသည်မှာ ယခုပထမဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

intron8၏ ရောဂါများစွာနှင့် ဆက်စပ်နေမှုကို ယခင်က ဖော်ထုတ် နိုင်ခဲ့ပြီး ယခု အရေပြား ကင်ဆာနှင့် ဆက်စပ်မှုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ အဝလွန်သူများနှင့် အစားအစာကို လွန်ကဲစွာ စားသုံးသူများတွင် intron8 ပါဝင်သော ရာခိုင်နှုန်း မြင့်တက်နေကြောင်း ဖော်ပြထားသည်။

ယခုသုတေသနကို Journal of Nature Genetics တွင် ဖော်ပြထားခြင်း ဖြစ်သည်။

သက်နှင်း

ref: PTI

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ