အမျိုးသမီးများနှင့် အလွန်မြင့်လွန်းသော ဒေါက်ဖိနပ်များ


'High Heeled queen sheen ' ဒေါက်မြင့်ဖိနပ်များ ဘုရင်မ ၏လင်းလက်မှုဟု တင်စားခေါ်ဝေါ် ခံရသည့်အဆိုတော် 'လေဒီဂါဂါ' လျှင်ပင် မြင့်လွန်း၊ အဆန်းထွင်လွန်း သောသူမ၏ဒေါက်ဖိနပ်များ၏အ ကျိုးဆက်ကအသက် (၂၅)နှစ် သူမ ၏နုပျိုဆဲအရွယ်၌မှာပင် နောက် ကျောဖက်မှာ နာကျင်မှုကို ခံစား ရသည်မှအစ တင်ပါးခွဲစိတ်သည် အထိ ဖြစ်ခဲ့ရသည်။

 အချို့ အမျိုး သမီးများသည် ခြေသဲရှည်နှင့် ဒေါက် မြင့်ဖိနပ်စီးလိုက်လျှင်ကြည့် ၍ ကောင်းသည်ဟု ယူဆကြသည်။ ဖိနပ်အမြင့်စီးလိုက်လျှင် တင်ပါး၏ ကောက်ကြောင်းပို၍ ပေါ်လာခြင်း၊ ခြေထောက်များ ရှည်လာသည်ဟု ထင်ရခြင်းကြောင့် တင်ပါးပြားသူ များက ပို၍နှစ်သက်စီးတတ်ကြသည်။

စင်စစ်မှာ ဖိနပ်ပိုမြင့်လာ လေလေ မိမိ၏ခါးရိုးကျောဆစ်များကို ပို၍ အားပြုရလေလေဖြစ်သည်။ ပုံတွင်ပါရှိသည့်အတိုင်း ဖိနပ်အပြား နှင့်နံရံကို မှီလျှင် ၉၀ဒီဂရီ နံရံကို သက်သောင့်သက်သာမှီထား နိုင် သည်။

ဖိနပ်အမြင့်စီးလိုက်လျှင် အချို့က လမ်းလျှောက်ရာ၌ ရှေ့ကို ကုန်းလာသယောင်ရှိသည်။ အချို့က ဟန်ကျကျဝတ်၍ လမ်းလျှောက်လျှင် ကျောရိုးကိုပို၍အားပြုရသည့်ပုံ (ခ )အတိုင်း တွေ့ရှိရပေမည်။

ဒေါန
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ