ဦးနှောက်ကို အနှောင့်အယှက်ပေးသည့် အရာများ


တံခါးများအလုပ်တစ်ခုခုလုပ်ရန် တံခါး ဖွင့်၍ အခန်းထဲဝင်လိုက်စဉ် အလုပ်ကိစ္စမေ့သွားတတ်သည် မျိုးကြုံဖူးပါသလား ။ တံခါးများသည် ဦးနှောက် အားဖြစ်စဉ်တစ်ခုနှင့် တစ်ခုကြား နယ်ခြားမျဉ်း အဖြစ်သတ်မှတ်ပေးပြီး တံခါးကို ကျော်သည်နှင့် ယခင်ကိစ္စကို မေ့လျော့သွားစေသည်ဟု နော့ထရီ ဒိမ်းတက္ကသိုလ် သုတေသီများကတွေ့ ရှိထားသည်။

အချက်ပေးသံများ
ကားနောက်ဆုတ်ရန်အချက်ပြ သည့် တတီတီ မြည်သံကြောင့် အာရုံ စူးစိုက်မရသည်မျိုး ကြုံဖူးပါသလား။ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အသံများအား အသံဖြစ်ပြီးလျှင် ပြန် လည်ပျောက်ကွယ်သည့်
အချိန်၌ ဦးနှောက်က မည်သည့်အသံဖြစ်သည် ကို ဆုံးဖြတ်ပေးလေ့ရှိရာ အချက်ပြ သကဲ့သို့ စည်းချက်ညီညီ ထွက်ပေါ် နေသည့် အသံများသည် ဦးနှောက်ကို အနှောင့်အယှက်ပေးလေ့ရှိသည်။

လွင်ပြင်ကျယ်များ
သဲသောင်ပြင်၊ လယ်ကွင်းရှည်၊ ပင်လယ်ပြင် တို့ကဲ့သို့ အဆုံးအစမ ရှိကျယ်ပြောသည့် နေရာများတွင် လမ်းပြပစ္စည်း ကိရိယာမပါလျှင် တစ် ဖြောင့်တည်းသွားရန်မဖြစ်နိုင်ပါ။ ခန္ဓာကိုယ်ရွေ့လျားမှုရှိသည်နှင့်

နား အတွင်းရှိ ဟန်ချက်ထိန်းစနစ် (vestibular system) တွင် ယိုင်နဲ့မှု များဖြစ်ပေါ်ပြီး ဦးတည်ရာလမ်း ကြောင်းကို သွေဖည်စေသည် ။ တိုက်၊ အိမ်၊ သစ်ပင်၊ တောင်တန်းတို့ကဲ့သို့ အမှတ်အသားမြင်ရသည့် နေရာများ၌မူ အသိစိတ်က အမြင်အာရုံမှတစ် ဆင့် ဦးတည်ရာလမ်းကြောင်း တည့် မတ်စေရန် ထိန်းကျောင်းပေးသည် ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ