သင့်ရဲ့ အားလပ်ရက်ခရီးစဉ်မှာ တောက်ပတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် သော့ချက်များ

 ရုံးပိတ်ရက် သို့မဟုတ် အားလပ်ရက်တွေမှာ ခရီးထွက်တော့မယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် အသားအရေဟာ အစိုဓါတ်ကုန်ခန်းပြီး ရေဓါတ်ပြည်လည် ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ခရီးရှည်ထွက်တော့မယ်ဆိုရင်တော့ ရာသီမတူတဲ့နေရာမှာ သွားရောက်စဉ် အသားအရေ အမြဲလှပနေဖို့ ပြုလုပ်သင့်တဲ့ အချက်လေးတွေကို ဆက်လက်လေ့လာကြည့်ပါ။

၁။ အသားအရေကို ရေဓါတ်ဖြည့်ပါ။

သင့်အသားအရေက စက္ကန့်တိုင်း ရေဓါတ်ဆုံးရှုံးရပါတယ်။ အဓိကအားဖြင့် ပူနွေးတဲ့ပတ်ဝန်းကျင်တွေ ရောက်ရင်ပေါ့။ လေယဉ်၊ ကား၊ ရထားနဲ့ ခရီးထွက်တော့မယ်ဆိုရင် လေစိမ်းတွေကြား ရောဂါပိုးတွေ ပါဝင်မှုများတဲ့အတွက် သင့်အသားအရေ ခြောက်သွေ့စေမှာ ဖြစ်ပါတယ်။

ရေဓါတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် အစိုဓါတ်ဖြည့်ပေးတဲ့ ခရင်မ်တွကို ခပ်ထူထူလိမ်းပေးပါ။ အသားအရေခြောက်သွေ့နေတဲ့ သူတွေအနေနဲ့တော့ မျက်နှာလိမ်းအဆီကို ခရင်မ်နဲ့ရောပြီး လိမ်းမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

၂။ သင့်အသားအရေ ဂရုစိုက်ဖို့ လွယ်ကူတဲ့နည်းလမ်းတွေကို အသုံးပြုပါ။

အသားအရေဂရုစိုက်ခြင်း နည်းလမ်းတချို့တွေက အဆင့်တွေများနေပြီး အချိန်ပေးပြုလုပ်ရတာကြောင့် ခရီးပင်ပန်းတဲ့သူတွေအတွက် အမြဲပြုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ သင့်အသားအရေက မတူညီတဲ့ ရာသီထဲ မြန်ဆန်စွာရောက်ရှိလာတဲ့အခါ ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် သင့်အနေနဲ့လည်း ဂရုစိုက်ရပါလိမ့်မယ်။ ဒီနေရာမှာ Lotion တစ်ခုပြီးတစ်ခု လိမ်းရုံနဲ့တင် မလုံလောက်နိုင်ပါဘူး။ အဓိက ကတော့ သင့်အသားအရေအတွက် အလိုအပ်ဆုံးပစ္စည်းကို သင်ရွေးတတ်ဖို့ပါပဲ။ ဥပမာ လိမ်းနေတဲ့ခရိမ်ထဲမှာ ပါဝင်ပစ္စည်း များများမရှိတဲ့ ခရင်မ်အမျိုးအစားဆိုရင်တော့ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည် ပိုရှိလာမှာဖြစ်ပါတယ်။

၃။ မိတ်ကပ်အရည်တွေကို သုံးပါ။

ရာသီဥတု အေးတဲ့နေတဲ့ နေရာတွေမှာ အပန်းဖြေခရီးထွက်မယ်ဆိုရင်တော့ သင့်အသားအရေဟာ ခြောက်သွေ့နေမှာ သေချာပါတယ်။ ရေဓါတ်ဖြည့်နည်း စိတ်ကြိုက်ပြုလုပ်ပြီးမှ အလှပြင်တော့မယ်ဆိုရင် သင်အသုံးပြုတဲ့ မိတ်ကပ်ဟာလည်း အလွန်အရေးကြီးပါတယ်။

2-way cake မိတ်ကပ်ထက် မိတ်ကပ်ရည်ကို ပိုပြီးရွေးချယ်တယ်ဆိုရင် သင့်အသားအရေက သူ့အစိုဓါတ်တွေကို ထိန်းသိမ်းဖို့ အထောက်အကူပြုမည်ဖြစ်ပါတယ်။ သင့်အသားရေဟာ အဆီပြန်ပြီး ညိုမှောင်နေမှာ စိုးရိမ်တယ်ဆိုရင်တော့ BB ခရမ် သို့မဟုတ် ရေဓါတ်ဖြည့်ပေးတဲ့ Foundation တစ်ခုခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Ref:herworldplus.com

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ