တစ်နေ့ နှစ်နပ်သာစားခြင်းက ဆီးချိုရောဂါကုရန် ထိရောက်

 အမျိုးအစား -၂ ဆီးချိုရောဂါကို ကုသရာမှာ နံနက်စာနဲ့ နေ့လယ်စာ နှစ်နပ်သာစာခြင်းက နည်းနည်းချင်း ပုံမှန်အတိုင်း စားခြင်းထက် ပိုပြီးထိရောက်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။ ပရပ်ဂ်မြို့က သုတေသနပညာရှင်တွေဟာ လူ ၂၇ ဦးစီပါဝင်တဲ့ အုပ်စုနှစ်စုခွဲပြီး၊ ကယ် လိုရီတန်ဖိုးတူညီတဲ့ အစာတွေကို တစ်နေ့မှာနှစ်နပ်နဲ့ ခြောက်နပ်ခွဲပြီး ကျွေးကာ လေ့လာခဲ့တယ်။

အဲဒီအခါမှာ နှစ်နပ်စားတဲ့ အုပ်စုဝင်တွေဟာ ခြောက်နပ်စားတဲ့အုပ်စုဝင်တွေထက်ပိုပြီး ကိုယ်အလေးချိန် ကျဆင်းကာ၊ သွေးထဲသကြားဓာတ်ပါ ၀င်မှုနှုန်းလည်း ကျဆင်းသွားခဲ့တယ် လို့ဆိုတယ်။ ဒါကြောင့် အစာကို ပမာဏပိုပြီး အကြိမ်အရေအတွက် နည်းနည်းစားတာက ပိုမိုထိရောက်ကြောင်း အခုလေ့လာချက်က ပြသနေတယ်လို့ဆိုတယ်။

အမျိုးအစား – ၂ ဆီးချိုရောဂါဟာ သွေးထဲမှာ သကြားပါဝင်မှုကို ထိန်းချုပ်တဲ့ အင်ဆူလင်ဟိုမုန်းကို ခန္ဓာကိုယ်ကအလုံအလောက် မထုတ် နိုင်တာကြောင့် ဖြစ်ပွားတာဖြစ်တယ်။ အဲဒါကို မကုသဘဲထားရင် နှလုံးရောဂါနဲ့ လေဖြတ်တာ၊ အာရုံကြောတွေ ပျက်စီးတာ၊ မျက်လုံးတွေ အလင်းရောင်ဒဏ် မခံနိုင်တာနဲ့ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်ပေါ် လာနိုင်တယ်။

လေ့လာချက်မှာပရပ်ဂ်မြို့ ကုသရေးနှင့် စမ်းသပ်ရေး ဆေးပညာဌာနက သိပ္ပံပညာရှင်တွေက အသက် ၃၀နှစ်က အသက်၇၀အတွင်းရှိ လူပေါင်း၅၄ဦးကိုနှစ်အုပ်စုခွဲပြီး လေ့လာခဲ့တာဖြစ်ကြောင်း သိရတယ်။

ref: BBC
ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal No. 124

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ