ရေရှည်ခံစားရသောစိတ်ဖိစီးမှုက လူကိုဝစေနိုင်


အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ စိတ်ဖိစီးမှုကိုရေရှည်ခံစားရခြင်းသည် လူကိုဝစေနိုင်ကြောင်း အင်္ဂလန်နိုင်ငံသုတေသီများကပြောသည်။
စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီစောဟိုမုန်းဟာ လူတွေရဲ့  ခါးအရွယ်အစား၊ခန္ဓာကိုယ်အလေးချိန် အစရှိ တာတွေနဲ့  ဆက်နွယ်နေတာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည်။ သုတေသီများသည် အသက် ၅၀ ကျော်အရွယ် အမျိုးသားနှင့်အမျိုးသမီး ၂၅၀၀ ထက်မနည်းကို လေ့လာ ဆန်းစစ် ခဲ့ခြင်း ဖြစ် ကြောင်း ၊ ၄င်းတို့ ထံမှ စုဆောင်းရရှိသည့်ဆံပင်များတွင် ကော်တီစောဟိုမုန်း ပါဝင်နေသည် ကိုတွေ့  ရခြင်း ဖြစ်ပြီး အဆိုပါ ၂၅၀၀ ဦးသည်လည်း ခန္ဓာကိုယ်ဝနေသည်ကိုတွေ့  ရှိရခြင်းဖြစ်ကြောင်း သိရသည်။စိတ်ဖိစီးမှုဖြစ်တဲ့အခါ အဒရယ်နလင်းဂလင်းတွေ က ကော်တီစောဟိုမုန်းကို ထုတ် လုပ်ပြီး သွေးကြောတွေ ထဲကို စီးဝင်စေပါတယ် ။

 ကော်တီစောဟာ ရောင်ယမ်းနာကျင်ကိုက်ခဲမှုကိုသက်သာစေပြီး သွေးပေါင်ချိန် ကို ထိန်းပေးပါတယ်။ ဒါ့အပြင် သွေးကလိုအပ်တဲ့သကြားပမာဏကိုလည်း ရရှိအောင်တွန်းအားပေးပါ တယ်။ အဓိကကတော့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့  အားရှိလာအောင် လုပ်ပေးတာပါ။ဒီတော့ စိတ်ဖိစီးမှုဖြစ် ပွားတဲ့အခါ ကော်တီစောဟိုမုန်းက ဦးနှောက်စီကို ဂလူးကို့ စ်ပိုပြီးပို့ ပေးပြီးတော့ စိတ်ဖိစီးစေတဲ့ အခြေအနေမျိုးမှာ ခန္ဓာကိုယ်ကဆက်ပြီးလှုပ်ရှားနေအောင်လို့  ထိန်းချုပ်ပေးတာဖြစ်ပါ တယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ခန္ဓာကိုယ်ရဲ့ အခြားဇီဝကမ္မဖြစ်စဉ်ကို အားနည်းသွားစေသလို ကိုယ် တွင်း အဆီတွေ ကိုလည်း ပိုပြီးစုမိစေပြီးတော့ လူကိုဝစေခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြ သည်။


ကိုယ်တွင်းကော်တီစောပမာဏကို အတိအကျတိုင်းတာရန်ခက်ခဲကြောင်း၊ အချိန်၊ အစားအစာ၊ စိတ်ဖိစီး စေသောအကြောင်းအရာတို့ ကြောင့် ကိုယ်တွင်းကော်တီစောပမာဏပြောင်းလဲသည်ကဲ့သို့  ကျန်းမာရေး အခြေအနေပေါ်မူတည်၍လည်း ၄င်းပမာဏပြောင်းလဲနိုင်ကြောင်း၊ ထို့ ကြောင့် ကော်တီစော ပမာဏကို သွေး၊ ဆီး၊ တံတွေး အစရှိသည်တို့ အားတိုင်းတာပြီး အတိအကျသိရှိနိုင်ရန် မသေခြာကြောင်း ၊ ကော်တီ စော ပမာဏကို အတိကျဆုံးတိုင်းတာနိုင်သည်မှာ ဆံပင်၏အမြစ်များတွင်ဖြစ်ကြောင်း သိ၇သည် ။ကော်တီစောစစ်ဆေးမှုခံယူလိုသူစီကနေ နှစ် စင်တီမီတာပတ်လည်ရှိတဲ့ဆံပင်ကို ရယူရပါတယ်။ အဲဒီ ဆံပင်နဲ့  ပါလာတဲ့အမြစ်တွေဟာလွန်ခဲ့တဲ့ နှစ် လအတွင်းပေါက်ခဲ့တဲ့ဆံပင်ပမာဏနဲ့  ညီမျှပါတယ်။ အဲဒီ အမြစ်ပါအရာတွေကိုတိုင်းတာပြီး လူတစ်ယောက်ရဲ့  ခန္ဓာကိုယ်တွင်းမှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟိုမုန်း ဘယ်အတိုင်းအတာအထိပါသလဲဆိုတာကို သိရှိနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည် ။ရေရှည် စိတ်ဖိစီးမှုသည် လူကိုဝစေနိုင်သည့်အတွက် စိတ်ဖိစီးမှုကို ကုစားပေးနိုင်မည့် နေထိုင်မှုပုံစံ၊ အစား အသောက်နှင့် ကိုယ်လက်လှုပ်ရှားမှုတို့ ကို မှန်မှန်ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ