အစားအသောက်နှင့် လူနေမှုစနစ်ပြုပြုခြင်းဖြင့်နှလုံးရောဂါကိုကြိုတင်ကာကွယ်နိုင်


နှလုံးခုန်ရုတ်တရက်ရပ်တန့် ခြင်းနှင့် အခြားသောနှလုံးရောဂါတို့ ကို ကာကွယ်သွားနိုင်ရန် အစား အသောက်နှင့် လူနေမှုပုံစံကို ပြုပြင်ထိန်းညှိသွားရန် အလွန်အရေးကြီးကြောင်း အမေရိကန်ပြည်ထောင် စု ရောဂါ ထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာသည်။

အစားအသောက်ကိုဆင်ခြင်ရာဝယ် အမဲသားကဲ့သို့  အသားနီများကို အလွန်အကျွံ စားသောက်ခြင်း မှ ရှောင်ကြဉ်ရန်ဖြစ်ကြောင်း၊ အသားနီအစားများသူတို့ သည် နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေ ပို၍ မြင့်မားကြောင်း၊ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည့်ကြက်သား၊ ကြက်ဆင်၊ ငါး အစရှိသည်တို့ ကို ဦးစားပေးစားသုံးသင့်ကြောင်း၊ အသားနီတွင် သွေးထဲမပျော်ဝင်နိုင်သည့်အဆီနှင့် ကိုလက်စထရောအဆီ မြင့်မားစွာပါဝင်ကြောင်း သိရသည်။ လူနေမှုစနစ်ပြုပြင်ပြောင်းလဲခြင်းဆိုရာတွင် ခန္ဓာကိုယ်ကိုယ် အလွန်အကျွံခိုင်းနေခြင်းကို ဆင်ခြင်ရန် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် နှင်းမုန်တိုင်း ကျရောက်ပြီးစအချိန်တွင် နှင်းထုကိုရှင်းလင်းလိုစိတ်ဖြင့် မိမိ နှလုံးခံနိုင်သည်ထက်ပိုသောအားကို စိုက်ထုတ်ခြင်းကြောင့် အမျိုးသားများ နှလုံးခုန်ရုတ်တရက်ရပ်တန့်  မှုနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အမျိုးသားများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ကာလရှည် ကြာစွာနေထိုင်ပြီး ရုတ်တရက် ပြင်းပြင်း ထန်ထန်လှုပ်ရှားသည့်အတွက်လည်း နှလုံးကိုထိခိုက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိရသည်။

ထို့ အပြင် မိမိနှလုံးကမခံနိုင်သည့်အခြေအနေမျိုးတွင် အကူဆေးဝါးများအသုံးပြုကာ လိင်ဆက်ဆံခြင်း၊ အရက်သေစာကို လွန်ကျူးစွာသောက်သုံးခြင်း၊ဘက်စုံကျန်းမာရေးထိခိုက်စေနိုင်သည့်အလေ့အကျင့် များကို တမင်တကာကျင့်သုံးခြင်း အစရှိသည်တို့ ကြောင့်လည်း နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင် ကြောင်း၊ လိင်ဆက်ဆံမှုဖြစ်စေ၊ အရက်ကိုဖြစ်စေ၊ သင့်တင့်မျှတစွာမှီဝဲတတ်ပါလျင် နှလုံးကျန်းမာရေး ကို အထောက် အကူပင်ပြုကြောင်း၊ အလွန်အကျွံမှီဝဲခြင်း၊ မှားယွင်းသောပုံစံဖြင့်မှီဝဲခြင်း တို့ ကိုသာ မပြုလုပ် ကြပါရန် တိုက်တွန်းခြင်းဖြစ်ကြောင်း၊ တစ်လက်စတည်း စိတ်ဖိစီးမှုသည်လည်း ကာလရှည်ကြာလာလျင် နှလုံး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း၊ အလုပ်နှင့်ဘ၀ဟန်ချက် မျှတအောင် နေထိုင်နိုင် ရန် အားလုံးက ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ စိတ်ဖိစီးနေလျင်လည်း နားလည်တတ်ကျွမ်း သူများနှင့် ဆွေးနွေး တိုင်ပင်ကာ အကူအညီရယူရန်လိုအပ်ကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်နှစ်တိုင်းဆိုသလို နှလုံးရုတ်တရက်ရပ်တန့် ခြင်းကို ခံစားရသူဦးရေ ၇၃၅၀၀၀ ဦးထက်မနည်းရှိကြောင်း၊ ၄င်းတို့ အနက် ၆၁၀၀၀၀ ဦးတို့ မှာ အသက်ဆုံးရှုံးရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ