သမ်းဝေခြင်းဖြင့် ဦးနှောက်ကိုအေးစေနိုင်

ဗီယင်နာ− သမ်းဝေခြင်းမှာ အပူလွန်ကဲနေသောဦးနှောက်ကို အေးသွားစေကြောင်း ဗီယင်နာတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

မအိပ်စက်ရခြင်းနှင့် စိတ်ဖိစီးမှုများကဲ့သို့ အကြောင်းရင်းများက ဦးနှောက်အပူလွန်ခြင်းကို ဖြစ်စေနိုင်ပြီး မကြာခဏသမ်းဝေစေနိုင်သည်။ အနီးအနားတွင် လူတစ်ဦးသမ်းဝေနေသည်ကိုမြင်တွေ့ရပါက အခြားတစ်ဦးကလိုက်ပြီး သမ်းဝေတတ်သည့်အကြောင်းရင်းကိုမူ သိပံ္ပပညာရှင်များ ရှာဖွေနေကြဆဲဖြစ်သည်။

ယင်းလေ့လာမှုကို ဗီယင်နာ၊ ဩစတြီးယားနှင့် အရီဇီုးနားဒေသတို့တွင် နွေရာသီနှင့် ဆောင်းရာသီအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူများ၏ ဦးနှောက်အပူချိန် ၆၈ ဒီဂရီတွင် အများဆုံးသမ်းဝေတတ်ကြကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။ အပြင်ဘက်တွင် ပူနွေးနေချိန်သည် ဦးနှောက်အပူချိန်အပေါ် အနည်းငယ်သာအကျိုးသက်ရောက်မှုရှိသဖြင့် လူအများသမ်းဝေခြင်းနည်းပါးကြောင်း သိရသည်။

အပူချိန်သုညဒီဂရီအောက်ရောက်နေချိန် သမ်းဝေရန်မလိုအပ် ကြောင်း (သို့မဟုတ်)အန္တရာယ်ပင်ဖြစ်စေနိုင်ကြောင်း သိရသည်။ သမ်းဝေခြင်းမှာဦးနှောက်ကို အေးစေပြီးစိတ်ပိုင်းဆိုင်ရာအကျိုး ကျေးဇူးပိုများစေသည်။

ယင်းကြောင့် ဘေးနားမှလူတစ်ဦးသမ်းဝေနေစဉ် နောက်တစ်ဦးလိုက်၍ သမ်းဝေခြင်းမှာအုပ်စုလိုက်နိုးကြားမှုကို အားကောင်းစေရန်ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်သည်ဟု သုတေသီများက တွေးထင်ကြသည်။

    —Ref: Internet

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ