ဗါဒံစေ့၏ အကျိုးကျေးဇူး


Prof: Helen Griffiths ဦးဆောင်တဲ့ သုတေသနအဖွဲ့သည် ဗါဒံစေ့များကို လေ့လာသောအခါ သွေးထဲမှာ antioxidant ကိုများစေပြီး သွေးပေါင်ကျစေကော သွေး စီးဆင်းမှုကို ကောင်းစေပါသည်။ အ၀လွန်၍ သွေးပေါင်များသော လူငယ်များနှင့် ကျန်းမာတဲ့လူငယ်များကို နှစ်ဖွဲ့ခွဲ၍ လေ့လာခဲ့သည်။ တစ်ဖွဲ့ကို ပုံမှန်စားစေပြီး၊ တခြားတစ်ဖွဲ့ကို ဗါဒံစေ့ ၅၀ ဂရမ်ကို တစ်လစားစေသည်။

လေ့လာမှုကာလတစ်လ အဆုံးမှာတော့ သူတို့နှစ်ဖွဲ့ကို သွေးစစ်ဆေးကြည့်သောအခါ ဗါဒံစေ့ ၅၀ ဂရမ် တစ်လစားထားသူများ၏ သွေးထဲတွင် antioxidant (alpha- tocopherol) မြင့်မားသည်ကို တွေ့ ရသည်။ သွေးပေါင်ကျစေပြီး သွေးစီးမှုကောင်းစေသော ဗီတာမင် E လို အမျှင်ဓာတ်ပါသော အစာများလို ယခုဗါဒံစေ့လေးများတွင် antioxidant ဂုဏ်သတ္တိတွေရှိနေသည်ကို တွေ့ရသည်။

““လေ့လာမှုတွေအရ ဒီဗါဒံစေ့လေးတွေဟာ ထူးခြားတဲ့ အစာတစ်ခုပါပဲ။ တစ်နေ့ကို ၅၀ ဂရမ် ပုံမှန်စားပေးခြင်းဖြင့် သင့်ရဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါပြီ”” ဟု Prof: Helen Griffiths က ပြောပါသည်။

မာဃ
Ref; MNT (Medical News Today)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ