ယခုနှစ် တုပ်ကွေးကာကွယ်ဆေးထိရောက်မှုအား ၄၈ ရာခိုင်နှုန်းရှိ


အမေရိကန်ပြည်ထောင်စုတွင် ယခုနှစ်တုပ်ကွေးရာသီအတွင်းကာကွယ်ဆေးထိရောက်မှုမှာ ၄၈ ရာခိုင် နှုန်းထက်မနည်းရှိသောကြောင့် တုပ်ကွေး ကာကွယ်နိုင်စွမ်းမှာ ယခင်နှစ်များက ထက်တိုးတက်ကောင်းမွန် လာပြီး တုပ်ကွေးဖြစ်ပွားသူဦးရေလည်း ကျဆင်းလျက်ရှိကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာသည်။

ယခုနှစ်တုပ်ကွေးရာသီတွင် တုပ်ကွေးဗိုင်းရပ်မှာA(H3N2) ဖြစ်ကြောင်း၊ ၄င်းဗိုင်းရပ်အပေါ် ကာကွယ်ဆေး သက်ရောက်အားမှာ ၄၃ ရာခိုင်နှုန်း၊ B ဗိုင်းရပ်အပေါ် သက်ရောက်အားမှာ ၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပျှမ်း မျှတွက်လိုက်သောအခါ ကာကွယ်ဆေးသက်ရောက်အား ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ ၂၀၁၅-၁၆ တုပ်ကွေးရာသီတွင် ကာကွယ်ဆေးထိရောက်အားမှာ ၄၇ ရာခိုင်နှုန်းရှိခဲ့သည်ဖြစ်ရာယခုနှစ် နှင့် မတိမ်း မယိမ်းပင်ဖြစ်ကြောင်း၊ သို့ သော် ၂၀၁၄-၁၅ ရာသီတွင် ကာကွယ်ဆေးထိရောက်အားမှာ ၁၉ ရာခိုင်နှုန်း သာရှိခဲ့ကြောင်း ၊ တုပ်ကွေးဗိုင်းရပ်သည် နှစ်စဉ် သန္ဓေပြောင်းလေ့ရှိကြောင်း၊ ထို့ အတွက် ကာကွယ်ဆေးများ ကို နှစ်စဉ်ပြန်လည်ထုတ်လုပ်ရကြောင်း၊ ထုတ်လုပ်ရာတွင်လည်း ဖြစ်ပေါ်လာမည့် ဗိုင်းရပ်အမျိုးအစားကိုမှန်းဆကာထုတ်လုပ်ရခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် တစ်ခါတစ်ရံတွင် ဗိုင်းရပ် အမျိုးအစားနှင့် ကာကွယ်ဆေး အမျိုးအစားတိုက်ဆိုင်မှု နည်းပါးသွားပြီး ကာကွယ်ဆေး ထိရောက်အား ကျဆင်းသွားခြင်းဖြစ်ကြောင်း ၊ ယခုနှစ်တွင်မူဗိုင်းရပ်နှင့်ကာကွယ်ဆေးတိုက်ဆိုင်မှုအားကောင်းသည် ဟုဆိုနိုင်ကြောင်းသိရသည်။

ဒီနှစ်အတွက် ကာကွယ်ဆေးကတော့ မှန်သွားပြီလို့ ဆိုနိုင်ပါတယ်။ H3N2 ဆိုတာ တုပ်ကွေးလောကမှာ အမြဲအားကောင်းတဲ့ ဗိုင်းရပ် ဖြစ်ပါတယ် ။ ဒါပေမယ့် ရှေ့ တစ်ရာသီမှာ H3N2 မပေါ်ခဲ့ပါဘူး။ ၂၀၁၄-၁၅ တုန်းကပေါ်ခဲ့တဲ့ဗိုင်းရပ်နဲ့ တော့ တူညီပါတယ်။ ဒီနှစ်ကာကွယ်ဆေးဟာဘာပဲဖြစ်ဖြစ် အရင်နှစ်နှစ်က ထက်တော့ ထိရောက်အားအများကြီးပိုကောင်းလာခြင်းဖြစ်ပါတယ် ဟုသုတေသီတစ်ဦးကပြောပြသည်။
အမေရိကန်ပြည်ထောင်စုတွင် တုပ်ကွေးကာကွယ်ဆေးကိုတစ်နှစ်လျင်တစ်ကြိမ်ထိုးနေရသည်ကိုအချိန် မပေးနိုင်ဟုအကြောင်းပြကာကာကွယ်ဆေးမထိုးသူဦးရေလည်းများပြားလာလျက်ရှိသဖြင့်လူတိုင်းတုပ် ကွေးကာကွယ်ဆေးထိုးကြရန်လည်းတိုက်တွန်းနေရကြောင်း၊အထူးသဖြင့်ကလေးနှင့်သက်ကြီးရွယ်အိုများတုပ်ကွေးကာကွယ်ဆေးထိုးကြပါရန် စည်းရုံးလှုံ့ ဆော်နေရကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ