ခေါင်းကိုက် ဝေဒနာ အတွက် စိတ်မညစ်နဲ့


ခေါင်းကိုက်ခြင်းသည် အဖြစ်များဆုံး ဝေဒနာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူကြီးလူငယ်မရွေးဖြစ်လေ့ ရှိကြသည်။ စိတ်ဖိစီးမှုများခြင်း၊ အစားမှားခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းချုပ်ခြင်း၊ သောက်သုံးရသော ပဋိဇီဝဆေး ဝါးများ၏ ဘေးထွက် ဆိုးကျိုး၊ ကိုယ်တွင်း အပူခဲခြင်း၊ ဇက်ကြောတက်-ဦးနှောက်အကျိတ်ထွက်ခြင်း၊ စိတ်ဝေဒနာ ရောဂါ စသည့်ဦးနှောက် အာရုံကြော အမျိုးမျိုး၊ ဟိုမုန်း ပြဿနာများ၊ လည်ပင်း၊ အရိုးကျီးပေါင်း၊ သွား၊ ခံတွင်း၊ မေးရိုးရောဂါ၊ မျက်လုံး၊ နား၊ နှာခေါင်း၊ အာသီးနှင့် လည်ချောင်းရော ဂါများ၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း စသည့် ဝေဒနာများကြောင့် ခေါင်းကိုက် တတ်သည်။

ခေါင်းကိုက်၍ အသက် မသေနိုင်သော်လည်း တစ်ခါတစ်ရံ သေလောက်အောင် ခေါင်းကိုက် တတ်ကြ ပြီး နေ့စဉ် လူ ၁ဝဝ လျှင် ၁၅ ဦးခန့် ခေါင်းကိုက်ပျောက်ဆေး မှီဝဲနေကြရသည်။ ထို့ကြောင့် ခေါင်းကိုက်ခြင်းကို မပေါ့လျော့ဘဲ အထက်ပါ ရောဂါနှင့် သက်ဆိုင်ရာ ဆရာဝန်ဖြင့် ဆေးကုသ မှုခံယူရင်း ဝေဒနာ သက်သာအောင် အောက်ပါ နည်းလမ်းတို့ဖြင့် မိမိကိုယ်ကို ဆင်ခြင်နိုင်ကြစေရန် မျှဝေ အပ်ပါသည်။

အပယိက ခေါင်းကိုက်ဝေဒနာရှောင်ရှားနည်း

ဗိုက်အဆာလွန်ခြင်းက ခေါင်းကိုက်စေတတ်သဖြင့် အစာမခံပါနှင့်။

သကြားအချိုဓာတ်က ခေါင်းကိုက်ခြင်းကို တစ်မုဟုတ်ချင်း ပြေပျောက်စေနိုင်၍ စားပွဲတင်ဇွန်းတစ်ဇွန်းစာပမာဏ ရှိသောသကြားကို စားပေးပါ။

ယောဂကျင့်စဉ်က သွေးလည်ပတ်မှုကိုကောင်းမွန်စေ ပြီး ခေါင်းကိုက်ခြင်းမှကာကွယ်ပေးပါသည်။

ဆီကြော်မုန့်များနှင့်အြ<ွကပ်ကြော်များစားသုံးခြင်းကို တတ်နိုင်သမျှရှောင်ပါ။

အိပ်ရေးဝဝအိပ်ခြင်းက အကောင်းဆုံးခေါင်းကိုက် ပျောက်ဆေးပါ။

စိမ်းရောင်ခြယ် ဟင်းရွက်များနှင့် ဓာတုကင်းစင်၍ သန့်ရှင်းလတ်ဆတ်သော သစ်သီးဝလံ များများ စားပေးပါ။

ခေါင်းကိုက်နေစဉ် နွားနို့တစ်ခွက်သောက်ပေးခြင်းက ဝေဒနာကိုပြေလျော့စေပါသည်။

ညအိပ်ခါနီး ဒိန်ချဉ်လုံးဝမသောက်ပါနှင့်။

ချိစ်နှင့်ချောကလက်များ အလွန်အကျွံမစားမိပါစေနှင့်။

ဝမ်းချုပ်မခံပါနှင့်။

လေကောင်းလေသန့်ရရှိသောနေရာတွင် နာရီဝက်ခန့် လမ်းလျှောက်ရင်း အသက်ဝဝရှူသည့်လေ့ကျင့်ခန်း လုပ်ပေးပါ။

ရေငတ်ခံခြင်း၊ နှာရည်ပြင်းပြင်းညှစ်ထုတ်ခြင်း၊ အလွန်အကျွံအိပ်စက်ခြင်း စသည်တို့ကို မျှတမှုရှိပါစေ။

ခေါင်းကိုက်ခြင်းအတွက် အိမ်တွင်းကုထုံး

ကိုယ်တွင်းအပူဓာတ်လျော့ကျစေရန် နံနံပင်နှင့်သကြား ပြုတ်ရည်သောက်သုံးပါ။

လေးညှင်းပွင့်ကို အိုင်အိုဒင်းဆားဖြင့်ရောထောင်း၍ နွားနို့ဖြင့်သောက်ပေးခြင်းက စိတ်ဖိစီးမှုများပြေလျော့စေပြီး ခေါင်းကိုက် သက်သာစေပါတယ်။

သစ်ကြံ ပိုးခေါက်မှုန့်ကို ရေနှင့်ပျစ်ပျစ်ရောပြီး ခေါင်းကိုက်သည့်နေရာကို လိမ်းကျံပေးပါ။

သံပရာရည်သောက်ပါ။

နံ့သာဖြူသွေး၍ နဖူးတွင်လိမ်းကျံပေးပါ။

အုန်းဆီဖြင့် ဦးရေပြားအနှံ့နှိပ်နယ်ခြင်းက လူကိုပေါ့ပါးလာကာ အချိန်တိုအတွင်း ခေါင်းကိုက်ပျောက်စေ ပါတယ်။

ရှေးအစဉ်အလာ ကတည်းကစ၍ အာရှနိုင်ငံများမှာ လက်ဖက်ရည်ကြမ်းကို ရိုးရာခေါင်းကိုက်ပျောက်ဆေး အဖြစ် သောက်သုံး လာခဲ့ကြသည်။ လက်ဖက်ရည်ကြမ်းထဲ ချင်း၊ ဇီရာ၊ နံနံစေ့တို့ရောသောက်ခြင်းက ပိုမိုဆေးစွမ်း ထက်စေ သည်။

ခေါင်းကိုက်သော နေရာကို ယူကလစ်ဆီဖြင့် နှိပ်နယ်ပါ။

မကြာခဏ ခေါင်းကိုက်တတ်သူများအတွက် ပန်းသီးကို ၁ဝ ရက်ခန့် နံနက်အိပ်ရာထတိုင်း စားပေးပါ။

ဗာဒံစေ့ဆီဖြင့် နဖူးကိုလိမ်းကျံခြင်းက ခေါင်းကိုက်ဝေဒနာများကို တစ်မုဟုတ်ချင်း သက်သာလာစေမှာပါ။

အနံ့ဆိုးသော်လည်း နံနက်အိပ်ရာထ ကြက်သွန်ဖြူ စားပေးခြင်းက ခေါင်းကိုက်ဝေဒနာကို မိနစ် အနည်းငယ် အတွင်း ပျောက်ကင်းစေ၏။

ဟိုမုန်းရောဂါကြောင့် ခံရခက်လှသည့် မိုင်ဂရိန်း(န်) (ခေါ်)ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမှာ အမျိုးသားထက် အမျိုးသမီး များ အဖြစ်များ လေ့ရှိသည်။

အထူးသဖြင့် သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးစအမျိုးသမီး များ ခံစားနေရပါသည်။ ထိုရောဂါအတွက် နာနတ်သီး ၊ ကိုက်လံရွက်၊ တရုတ်နံနံ၊ သခွားသီး၊ သံပရာရည်၊ ချင်းတို့ဖြင့် ရောစပ်ထားသောဖျော်ရည်ကို ယုံကြည်စိတ်ချစွာ သောက်သုံးပါ။ ထိုအမယ်ခြောက်မျိုးထဲရှိ သဘာဝအစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများက ခေါင်းတစ်ခြမ်း ကိုက်ပျောက် ဆေးသဖွယ် ကောင်းကျိုးပြုစေ ပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ