ဗြိတိန်ရှိ ခေတ်သစ်စုံတွဲများ၌ နှစ်ကိုယ်တူ ချစ်ကြည်နူးမှုနှုန်း သိသာစွာ ကျဆင်း လာစေသည့် အချက်များ

ဗြိတိန်နိုင်ငံအမျိုးသား ကျန်းမာရေးနှင့် ဘ၀နေထိုင်မှုပုံစံလေ့လာရေးဌာနမှတွေ့ရှိချက်အရ ဗြိတိန်ပြည်သူများ လိင်ကိစ္စ၌ စိတ်ဝင်စားမှုမှာလွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကထက် သိသာစွာ နည်းလာကြောင်း ထောက်ပြ ခဲ့သည် ။

အသက် ၁၆ မှ ၄၄ ကြားအရွယ်ရောက်ပြီးသူများအား လေ့လာခဲ့ရာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်ထိသာ လိင်ဆက်ဆံလေ့ရှိပြီး ၁၉၉၀ -၁၉၉၁ မှ စစ်တမ်းများနှင့် ၁၉၉၉-၂၀၀၁ မှ စစ်တမ်းများထက်  သိသာ စွာနည်းလာကြောင်း တွေ့ရသည်။

နာမည်ကျော် Lancet  ဆေးပညာဂျာနယ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Dr. Cath Mercer  က ယင်းကဲ့ သို့ ဖြစ်လာရခြင်းမှာ လူများက ပိုက်ဆံနှင့်အလုပ်အပေါ် စိုးရိမ်ပူပန်မှုများ ပိုများ လာသောကြောင့် ဖြစ်သည် ဟု တင်ပြခဲ့သည်။

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကလည်း ခေတ်သစ် စုံတွဲများအား နှစ်ကိုယ်ရည် ချစ် ကြည်နူးမှုမှ အာရုံပျက်စေသည်ဟု ဆိုခဲ့သည် ။ 

ယမန်နှစ်က လေ့လာမှု စစ်တမ်းများအရ စစ်တမ်း၌ ပါဝင်သူ ၅၄%ခန့်မှာ နှစ်ကိုယ်တူချစ်ကြည် နူးရန်ထက် အစားအသောက်ကိုသာ ပိုမိုစိတ်ဝင်စားနေကြောင်း တွေ့ ရသည်။

အပိန်လေး
Health Updates Journal No. 95

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ