ရေချိုးခြင်းနှင့် ကျန်းမာရေး ရုပ်ပိုင်းဆိုင်ရာ

အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ် ဖြစ်၊ အားကစားလုပ်ပြီးတဲ့ အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လန်း ဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခု လို ပင်ပင်ပန်းပန်း တစ်ခုခု လုပ်ပြီးမှ ရေချိုးခြင်းက အခြားအကျိုးကျေးဇူး များစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။

(၁)တကိုယ်ရေသန့်ရှင်းမှု-ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်း အားဖြင့် တကိုယ်ရေ သန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစား သမားတွေအတွက် ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည်သန့်ရှင်းရေးထက် အနံ့ အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။

(၂)ကြွက်သားနာမှုကို သက်သာစေ နိုင် – လူတွေက လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်လုပ်ပြီး နောက်တစ်နေ့ မှာ ကြွက်သားနာကျင်မှုကို ခံစားရ လေ့ရှိပါတယ်။ အဲဒီလိုမခံစားရအောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ ရေအေးအေးနဲ့ရေချိုးပေးနိုင်ပါတယ်။ တစ်နေ့ထဲ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်လုပ်ရတဲ့ အားကစား သမားတွေမှာလည်း လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား ရေအေးအေးနဲ့ ချိုးပေးခြင်းအားဖြင့် ပင်ပန်းမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာများပြီး ကိုယ်လက်ကိုက်ခဲ သူများမှာ ရေအေးနဲ့ချိုးပေးတာ တောင် မသက်သာလျှင် နောက် တစ်နေ့နံနက်၌ ရေနွေးနွေးဖြင့် ပြန် ချိုးပေးသင့်ပါတယ်။ ယင်းကဲ့သို့ ချိုးခြင်းအားဖြင့် ကြွက်သားများ ကို သွေးလှည့်ပတ်မှုကောင်းစေပြီးနာကျင်မှုကို လျော့ကျစေပါတယ်။

(၃)အဆီကျစေနိုင်-တကယ်လို့လေ့ကျင့် ခန်းလုပ်ရတဲ့ရည်ရွယ်ချက်က အဆီ ကျစေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ချိန်မှာ ရေအေးအေးနဲ့ချိုးပေးသင့်ပါ တယ်။ ရေအေးအေးနဲ့ ရေချိုးနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းထားဖို့အတွက် ဇီဝရုပ်ဖြစ်ပျက် မှုကို ၅၅၀%ခန့်ပိုမြန်စေပြီး ကယ်လို ရီတွေကို လောင် ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ ကိုလည်း တင်းရင်းစေပါတယ်။

ref:IANS
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ