အကင်လည်းစား….ကင်ဆာကိုလည်း မြင်ကြပါ

နေရာတော်တော်များတွင် အသားကင်ရောင်းချသူ ၊ အကင်ရောင်း ဆိုင်များတော်တော်များရှိနေကြပါသည် များပြားလာသော အကင်ဆိုင်များတွင်လည်း စားသုံးသူများက များပြားလာခြင်းကြောင့် ထို အကင်များကိုအလွန်အကျွံအကင်စားသုံးသူများပြားလာလျှင် ကင်ဆာရောဂါဖြစ်ပွားနှုန်း များပြားလာနိုင်ပါသည် ။

အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။ဒီလိုအကြောင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း အသည်းဆရာဝန်ကြီး တဦးကပြောခဲ့သည့် စကားလေး မှာ ''အကင်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။ လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့တိုင်းပြည်မှာကင်ဆာဖြစ်နှုန်းတ ဖြည်းဖြည်းတက်လာမှာပါ။စားသုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ''ဟုပြောပြပါသည် ။ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီးအချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ပါကြောင်း ။

ကျန်းမာရေးအကြောင်းသိကောင်းစရာများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ