တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ

တချို့ ဟင်းသီးဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမိုအာနိသင်ရရှိစေပါတယ်။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမိုကောင်းမွန် အောင် ပံ့ပိုးပေးနိုင်ပါတယ်။

ဂျုံမှုန့်နှင့် လိမ္မော်ရည်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲ ဖက်စားတာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

ဘလူးဘယ်ရီသီးနှင့် စပျစ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲဘလူးဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စား ပေးတာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့်အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

သံပရာသီးနှင့် ကိုက်လန်ရွက်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲသံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှုပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲနနွင်းထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင်ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်းစေပါတယ်။

ဇွန်
Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ