နှင်းကျသည့်ပမာဏ နှင့် အမျိုးသားများနှလုံးခုန် ရုတ်တရက်ရပ်တန့်ခြင်းဆက်နွယ်နေ


နှင်းမုန်တိုင်းတိုက်ခတ်ပြီးချိန်များနှင့် နှင်းထူထပ်စွာကျဆင်းသည့်အချိန်များ၌ အမျိုးသမီးများထက် အမျိုး သားများက နှလုံးခုန်ရုတ်တရက်ရပ်တန့်  နိုင်ခြေမြင့်မားကြောင်း ကနေဒါနိုင်ငံမှ သုတေသီများ က ပြောသည် ။ နှင်းထူထပ်စွာကျဆင်းချိန်တွင် အမျိုးသားများ နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေ ၁၆ ရာခိုင်နှုန်းပိုလာပြီး သေဆုံးနိုင်ခြေလည်း ၃၄ ရာခိုင်နှုန်း ပိုလာကြောင်း၊ နှင်းအနည်းဆုံး ၈ လက်မကျလျင် အမျိုးသားများ၏ နှလုံးကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ကောင်းနေပြီဖြစ်ကြောင်း၊ အမျိုးသမီးများတွင်မူ နှင်းကျခြင်းနှင့် နှလုံး ကျန်းမာရေး ဆက်နွယ်မှုမရှိသည်ကိုတွေ့ ရကြောင်း သုတေသီတစ်ဦးက ပြောပြသည်။ သုတေသီများသည် ၁၉၈၁ မှ ၂၀၁၄ အထိ၊ နှစ်ပေါင်းများစွာစုဆောင်းထားရှိသော လူနာ ၁၂၈၀၇၃ ဦးတို့ ၏ နှလုံးကုသမှုပိုင်းဆိုင်ရာစာရွက်စာတမ်း အထောက်အထားများကို စူးစမ်းလေ့လာ ဆန်းစစ် ခဲ့ခြင်းဖြစ်ကြောင်း၊ မူလက အမျိုးသားများ နှင်းကို ဂေါ်ပြားဖြင့်ကျုံးရာမှ မောပန်းကာ နှလုံးကို ထိခိုက် စေခဲ့သည် ဟုယူဆခဲ့ကြကြောင်း၊ တစ်ကယ်တမ်းတွင် နှင်းကိုဂေါ်ပြားဖြင့်ထွက်မကျုံးလည်း နှလုံးကို ထိခိုက်နေသည်ကို အထောက်အထားများတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။
 
 နှင်းကျတဲ့ပမာဏရော၊ နှင်းကျတဲ့ကြာချိန်တို့ ပါ များရင်များတဲ့အတိုင်း အမျိုးသားတွေ၇ဲ့  နှလုံးကို ဒုက္ခ ပေးပါတယ် ။ သေချာတာကတော့ နှလုံးရောဂါအခံရှိတယ်ဆိုရင် နှင်းကိုဂေါ်ပြားနဲ့ ထွက်ကော်တာမျိုး လုံးဝမလုပ်သင့်တဲ့အပြင် နှင်းကျတာများလာပြီဆိုတာနဲ့ တပြိုင်နက် အသိသတိရှိရှိ နေထိုင်ဖို့ လိုအပ် ပါမယ်။ ဖြစ်နိုင်ရင် တစ်ယောက်ထဲမနေဘဲ မိသားစုဝင်တစ်ဦးဦးနဲ့ အတူရှိနေသင့်ပါတယ်ဟု သုတေသီ တစ်ဦးက အကြံပေးထားသည်။ နှင်းကျတာနဲ့ အမျိုးသားတွေ၇ဲ့ နှလုံးကိုပဲထိခိုက်စေတာ ဘာကြောင့်လဲ ဆိုတာတော့ မသိသေးပါဘူး ။ နှင်းကိုထွက်ပြီးဂေါ်ပြားနဲ့ ကော်ရှင်းတာကို အမျိုးသားတွေပဲ လုပ်တာ မို့ လည်းဖြစ်နိုင်ပါတယ် ။ အမျိုးသား တွေက လမ်းရှင်းစေချင်တဲ့ဇောနဲ့  ကိုယ်ခံနိုင်တာထက်ပိုပြီး လုပ်ကြတာမို့  လည်းဖြစ်နိုင်ပါတယ် ။

 နှင်းကျ တဲ့အချိန်မှာဖြစ်ပေါ်တဲ့ လေထုအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြ သည် ။ နှင်းအကျများတဲ့ဆောင်းတွင်းတွေမှာ အမျိုးသားတွေ နှလုံးရုတ်တရက် ရပ်တန့် ပြီးသေဆုံးတဲ့နှုန်းကမြင့်နေ တာ သေချာပါတယ်။ အကြောင်းရင်းကိုရှာဖွေနေဆဲဖြစ်ပါတယ်။ ကြားပိုင်းကာလတွေမှာ အမျိုး သားများအနေနဲ့  ဆောင်းတွင်း၊နှင်းကျတဲ့အချိန်တွေမှာ မိမိကိုယ် ကိုယ်ဂရုစိုက်တတ်ဖို့ လိုအပ်ပါတယ် ဟု သုတေသီများက သတိပေးထားသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ