ကင်ဆာရောဂါကုသရာတွင် ငါးမန်းများက အရေးပါလာမည်


ပင်လယ်သမုဒ္ဒရာတို့ ကိုစိုးမိုးသောရေမုဆိုးဖြစ်သည့် ငါးမန်းတို့ သည် ဒဏ်ရာအနာတရဖြစ်လျင် အနာ ကျက် အလွန်မြန်ခြင်း၊ ကင်ဆာရောဂါလုံးဝမဖြစ်ပွားခြင်း အစရှိသည့်အစွမ်းသတ္တိတို့ ရှိနေသည့်အတွက် ၄င်းတို့ ၏ DNA ကို စူးစမ်းလေ့လာကာ လူသားရောဂါခုခံစနစ်တွင် ထူးခြားသောပြောင်းလဲမှုများပြုလုပ် နိုင်လျင် လူသားများတွင်လည်း ကင်ဆာရောဂါကို မဖြစ်ပွားအောင်ကာကွယ်ခြင်း ၊ဖြစ်ပွားလျင် လည်း ပျောက်ကင်း သက်သာမှုမြန်ဆန်ခြင်း အစရှိသည့်အကျိုးကျေးဇူးတို့ ကိုခံစားနိုင်ဖွယ်ရှိကြောင်း အမေရိကန် ပြည်ထောင်စု၊ Cornell University တက္ကသိုလ်မှ တာဝန်ရှိသူများကပြောသည်။

 ငါးမန်းတွေက ကင်ဆာမဖြစ်ဘူး၊ အနာကျက်တာမြန်တယ်ဆိုလို့  ငါးမန်းဟင်းချက်စားရင် ကင်ဆာပျောက် မယ် လို့  ဆိုလိုတာမဟုတ်ပါဘူး။ တစ်ကယ်တော့ ငါးမန်းသားကိုစားရင် ကျန်းမာရေးကိုတောင် ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ငါးမန်းသားထဲမှာ မာကျူရီပါဝင်မှုနှုန်းအလွန်မြင့်မားတဲ့အတွက် ချက်စားတဲ့လူတွေ အတွက် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ရမှာက ငါးမန်းရဲ့ ဗီဇဓါတု ပစ္စည်းတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို စူးစမ်းလေ့လာပြီး လူ့ ဗီဇဓါတုပစ္စည်းတွေကိုလည်း လိုအပ် သလို တည်းဖြတ်ပြုပြင်ပြောင်းလဲပြီး ကင်ဆာကိုခုခံတိုက်ခိုက်နိုင်အောင် ပြုပြင်ပေးဖို့ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက သတိပေးပြောကြား သည်။

ငါးမန်းတို့ သည် ကမ္ဘာပေါ်တွင်လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀ ကတည်းက ရှိနေခဲ့သည် ဟု ယုံကြည်ရ ကြောင်း ၊ ၄င်းတို့ ၏ခန္ဓာကိုယ်တွင်ဖြစ်သော ကြီးမားသည့်ဒဏ်ရာအပေါက်အပြဲများသည်ပင် နာရီအနည်း ငယ်အတွင်း အကောင်းပကတိအတိုင်းပြန်ဖြစ်အောင် အနာကျက်မြန်လှကြောင်း၊ ထိုကဲ့သို့  ထူးခြားသည့် စွမ်းရည်များရှိခြင်းကြောင့်လည်း ငါးမန်းတို့ တွင် ကင်ဆာ လုံးဝမဖြစ်ပွားခြင်းဖြစ် နိုင်ကြောင်း ၊စူးစမ်းလေ့လာ မှုများအရလည်း ငါးမန်းတို့ ၏ ဗီဇဓါတုပစ္စည်းများသည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာအရင်ကတည်းက သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိစေရန် ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲ လာခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ဆိုသည်။ ငါးမန်းတွေရဲ့ ရောဂါခုခံစနစ်က နှစ်သန်းပေါင်းရာနဲ့ ချီ အစမ်းသပ်ခံနိုင်ခဲ့ပြီးဖြစ်ပါတယ်။ သူတို့ ရဲ့ အဲဒီ ခံနိုင်ရည်စွမ်းဟာ ဗီဇဓါတုပစ္စည်းထဲမှာပဲ ရှိမှာပါ။

ဒီဗီဇဓါတုပစ္စည်းအလုပ်လုပ်ပုံကွင်းဆက်ကိုသာ ကျွန် တော်တို့ ဖော်ထုတ်နိုင်မယ်ဆိုရင် လူတွေအတွက် အလွန်အကျိုးထူးမယ့် ကင်ဆာကာကွယ်မှုနဲ့ ကုသမှု ဆိုင်ရာကုထုံးများကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောသည်။ငါးမန်းများတွင် ဒဏ်ရာအနာတရဖြစ်၊ အရေပြားပေါက်ပြဲ မှုဖြစ်ပွားပြီး နာရီပိုင်း အတွင်း ဆဲလ်အသစ်များ ချက်ခြင်းပြန်လည်ဖြစ်ပွားပြီး အနာကိုပြန်ပိတ်ပေးကြောင်း ၊ နို့ တိုက်သတ္တ၀ါများ ထဲတွင် ငါးမန်းသည် အနာကျက်အမြန်ဆုံးဖြစ်ကြောင်း၊ ငါးမန်း၏ ဓါတုဗီဇပစ္စည်းများ အနက် ၂ မျိုးကို လူသားများတွင်လည်း တွေ့ ရကြောင်း၊ ၄င်းဓါတုပစ္စည်းနှစ်မျိုးကို လိုအပ်သည့် အနေ အထား အထိပြုပြင်ပြောင်းလဲပေးခြင်းဖြင့် လူသားများသည်လည်းငါးမန်းများအတိုင်း အနာကျက်မြန် ၊ ကင်ဆာဒဏ်ခံနိုင်မည်ဟု ယုံကြည်ရခြင်း ဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ