UK တွင် ငှက်ဖျားရောဂါကုထုံး မအောင်မြင်မှု ပထမဆုံးအကြိမ်ဖြစ်ပွား


UK တွင်နေထိုင်ပြီး အာဖရိကသို့ သွားရောက်လည်ပတ်ခဲ့ကြသော လူ (၄)ဦးသည် ငှက်ဖျားဝေဒနာ ခံစားရလျက်ရှိ သောကြောင့် UK တွင်အဓိကအသုံးပြုသောကုထုံးဖြင့်ကုသပေးရာဝယ် ကုသမှု မအောင်မြင်ခဲ့ဘဲ ငှက်ဖျားပိုးမှာ ဆေးကိုခံနိုင်ရည်ရှိနေသည်ကို ပထမဆုံးအကြိမ်တွေ့ ရှိရကြောင်း လန်ဒန်ဆေးတက္ကသိုလ်မှ ထုတ်ပြန်ကြေညာ သည်။ ပုံမှန်တွဲဖက်အသုံးပြုသည့်ဆေးဝါးများကို ငှက်ဖျားပိုးက ခံနိုင်ရည် ရှိနေခြင်းဖြစ်ကြောင်း၊ အခြေအနေမှာ စိုးရိမ်ရန် မရှိသေး ကြောင်း ၊ သို့ သော် အာဖရိကတွင် ဆေးယဉ်ပါးငှက်ဖျားပိုးပြဿနာ ယခုထက်ပို၍ အချိန်မရွေးကြီးထွား လာနိုင်ကြောင်းနှင့် ၄င်းအခြေအနေကိုထိန်းချုပ်နိုင်ရန်မူ ကြိုတင်စဉ်းစားထားရန် လိုအပ်နေပြီဖြစ်ကြောင်း လည်း တာဝန်ရှိသူ တစ်ဦးက သတိပေးထားသည် ။

ငှက်ဖျားပိုးသည် ခြင်ကိုက်ခြင်းမှတစ်ဆင့် ပျံ့ နှံ့ လေ့ရှိပြီး အသက် ၅ နှစ်အောက် အရွယ်ကလေးငယ်များ အတွက် အလွန်အန္တရာယ်ကြီးမားကြောင်း ၊ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါကြောင့် အသက် ၅-နှစ်အောက်ကလေးငယ်များသေဆုံးသည့်နှုန်းမှာ ၂-မိနစ်လျင် ၁-ဦးနှုန်း ဖြစ်ကြောင်း၊ UK တွင်လည်း နှစ်စဉ် ငှက်ဖျား ဝေဒနာခံစားနေရသူဦးရေ ၁၅၀၀ မှ ၂၀၀၀ အထိ ရှိနေကြောင်း၊ ၄င်းတို့ အားလုံးလိုလို သည် ပင်လယ်ရပ်ခြားခရီး သွားပြီးအပြန်တွင် ငှက်ဖျားဝေဒနာကိုခံစားကြရခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ စီမှာ ငှက်ဖျားဖြစ်ရင် artemether နဲ့  Lumefantrine ဆေးနှစ်မျိုး စပ်ပြီးတိုက်ကျွေး ကုသပါတယ်။ ဒါပေမယ့် အခုဖော်ပြခဲ့တဲ့လူနာ (၄)ဦးကိုတော့ ဒီကုထုံးနဲ့ ကုသနိုင်ခြင်း မရှိခဲ့ပါဘူး ။ နောက်တစ်မျိုးပြောရမယ်ဆိုရင် သူတို့ စီကိုကူးစက်ခဲ့တဲ့ငှက်ဖျားပိုးက ခါတိုင်းလိုငှက်ဖျားပိုးမျိုး မဟုတ်ခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ဆေးယဉ်ပါးစူပါငှက်ဖျား ပိုး ထွက်ပေါ်နေပြီဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ အဲဒီလူတွေကို မူလကုထုံးနဲ့ ကုပေးလိုက်ပေမယ့် အရှင်းပျောက် မသွားဘဲ နောက်တစ်လလောက် မှာ ဆေးရုံပြန်တက်ခဲ့ကြရပါတယ် ။ သူတို့ စီကို ကူးစက်ခဲ့တဲ့ ငှက်ဖျားပိုးကို လေ့လာဆန်းစစ်နေပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည် ။

အဆိုပါလူနာ(၄)ဦးကို အခြားကုထုံးများဖြင့်ဆက်လက်ကုသပေးခဲ့ရကြောင်း၊ ၄င်းတို့ ထံ ကူးစက် ထားသော ငှက်ဖျားပိုးကို လေ့လာဆန်းစစ်မှုများအရ လက်ရှိငှက်ဖျားကုထုံးများကို အံတုနိုင်မည့်ငှက်ဖျားပိုး အမျိုးအစားသည် မဝေးတော့သည့်ကာလတွင် ထွက်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း ၊ လတ်တလော အခြေအနေတွင် မစိုးရိမ်ရသေးသော်လည်း နောင်တွင် ကြီးလေးသောပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အထူးသဖြင့် အာဖရိကနိုင်ငံများတွင် ဤကိစ္စကို အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ