သင်သည် ဆေးလိပ်သောက်သူဖြစ်ပါက ဒါတွေကို အသင် ..သိပါသလား ။ ( ဆိုးကျိုး နှင့် ကောင်းကျိုးများယှဉ်ပြခြင်း )


(၁)လူဘဝသက်တမ်းအန္တရာယ် ... စီးကရက် များများသောက်သောသူသည် အသက်၂၅အရွယ် လူတစ်ယောက်သည် မသောက်သောသူတို့ထက် သက်တမ်း ၈-၃ နှစ်တိုလိမ်မည်။
ကျေးဇူး ... ဆးလိပ်ဖြတ်ပြီး ၁၀-၁၅ နှစ်ကြာသောသူတစ်ယောက်၏ သက်တမ်းသည် မသောက်သောသူတစ်ယောက်နှင့်မခြား အသက်ရှည်လိမ့်မည်။

(၂)အဆုတ်ကင်ဆာရောဂါအန္တရာယ် ... စီးကရက်သည်အဆုတ်ကင်ဆာရောဂါဖြစ်စေသောအကြောင်းအရင်းဖြစ်သည်။စီးကရက်သောက်သောသူသည်မသောက်သောသူထက် ကင်ဆာရောဂါဖြစ်ရန် ၁ဝဆ ပိုသည်။
ကျေးဇူး ... စီးကရက် ဖြတ်ပြီး၁ဝ နှစ်၁၅နှစ်အကြာတွင် မသောက်သောသူများအတိုင်း ကျဆင်း သွားသည်။

(၃)လည်မျိုကင်ဆာရောဂါအန္တရာယ် ... စီးကရက်သောက်သောသူသည် ဤရောဂါ ဖြစ်မည့်နှုန်းမှာ ၃ဆ မှ- ၁၇ ဆ ဖြစ်နိုင်သည်။
ကျေးဇူး ... ဆးလိပ် ၁ဝနှစ်ဖြတ်ပြီးပါက ဤရောဂါ ဖြစ်ပွားသူရှားသည်။

(၄)ပါးစပ်ကင်ဆာအန္တရာယ် ... ဆေးလိပ်သောက်သောသူများသည် ပါးစပ်ကင်ဆာရောဂါဖြစ်သည့်နှုန်း ၃ဆမှ ၁ဝဆအထိ ပိုသည်။ဆေးလိပ်ရော၊ အရက်ပါသောက်လျှင်ပိုဆိုးသည်။
ကျေးဇူး ... ဆေးလိပ်အရက်ဖြတ်လိုက်သည်နှင့် ဤရောဂါ ဖြစ်ပွားနှုန်းကျသွားလေ့ရှိသည်။

(၅)အစာမျို ကင်ဆာအန္တရာယ် ... ဆေးလိပ်သောက်သောသူများသည်၂ဆမှ၉ဆပို၍ဖြစ်သည်။အရက်ပါတွဲလျှင်ပို၍ဆိုးသည်။
ကျေးဇူး ... ဆေးလိပ်အရက် အချိန်မီတားနိုင်ပါက ဤဝေဒနာဖြစ်ပွားနှုန်း ကျသွားသည်။

(၆)ဆီးအိမ်ကင်ဆာရောဂါအန္တရာယ် ... ဆေးလိပ်သောက်သောသူများသည် ဤရောဂါဖြစ်သူ ရဆမှ၁ဝဆပိုသည်။ အခြားလုပ်ငန်းခွင်နှင့်ပက်သက်သော နေသူများတွင် ပိုပြီးများသေးသည်။
ကျေးဇူး ... ဆေးလိပ်ဖြတ်ပြီး ရနှစ်အကြာ ဤရောဂါဖြစ်ပွားနှုန်းကျသွားသည်။

(၇)ပန်ခရိယကင်ဆာအန္တရာယ် ... ဆေးလိပ်သောက်သောသူများသည် သာမာန်လူတို့ထက် ၂ဆမှ၅ဆ ပို၍ဖြစ်သည်။များများသောက်လျှင် ရောဂါဖြစ်နှုန်းလည်းပိုသည်။
ကျေးဇူး ... ထိုကြောင့် ဆေးလိပ်ဖြတ်လိုက်လျှင် ရောဂါဖြစ်သညါ့နှုန်းလည်းကျသွားသည်။

(၈)နှလုံးသွေးကြောပိတ်ရောဂါအန္တရာယ် ... ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၂၅၀၀၀၀ ဦးသေကြေရခြင်း၏အဓိအ ကြောင်းအရင်းဖြစ်သည်။
ကျေးဇူး ... ဆေးလိပ်ဖြတ်ပြီး ၁ဝနှစ်အကြာတွင် ရေဂါဖြစ်ပွားသည့်နှုန်း ဆေးလိပ်မသောက်သူ များကဲ့သို့ရှိလာပါသည်။

(၉)ရင်ကြပ်ပန်းနာ ရောဂါအန္တရာယ် ... အခြား အဆုတ်နှင့်ပက်သက်သောရောဂါဝေဒနာများ ဆေးလိပ်သောက်သူများ၏ အဆုတ်သည်၎ဆမှ၂၅ဆ အထိပျက်စီးလွယ်သည်။ဆေးလိပ်ဖြတ်လိုက်တာနှင့် ချောင်းဆိုး သလိပ်ထွက်သည် လက္ခဏာများပျေက်ကွ့ယ်သွားသည်။
ကျေးဇူး ... ဆေးလိပ်ရပ်တာနဲ့ရောဂါ ပျောက်ကွယ်သွားစမြဲဖြစ်သည်။

(၁၀)ပေါင်ချိန်မပြည့်သော ကလေးမွေးသည့်နှုန်းအန္တရာယ် ... ဆေးလိပ်သောက်သောမိခင်များမှ ပေါက်ဖွားလာသောကလေးများတွင် အသေမွေးနှုန်း၊ပေါင်ချိန်မပြည့်သော ကလေးမွေးနှုန်းမြင့်သည်။
ကျေးဇူး ... ကိုယ်ဝန် ၄လ မတိုင်မီ ဖြတ်ထားနိုင်က ဤပြသနာတွေကင်းသည်။

(၁၁)အစာအိမ်အနာဖြစ်ခြင်းအန္တရာယ်=အစာအိမ် အချဉ်ပေါက်ခြင်း၊အစာအိမ်ရောဂါကြောင့် သေဆုံးရခြင်းတို့ပိုသည်။ အစာအိမ်ရောဂါဖြစ်နေသူများ ဆေးလိပ်သောက်ပါက အလွယ်တကူမပျောက်တော့ချေ။
ကျေးဇူး ... ဆေလိပ်ဖြတ်ပြီး သူများတွင်လည်း အစာအိမ်ရောဂါဖြစ်ကြပါ၏။သို့သော် ပျောက် လွယ်သည်။

(၁၂)သွေးကိုဖောက်စစ်လျှင်အန္တရာယ် ... ဆေးလိပ်သောက်သူများတွင် သွေးထဲ၌အပြောင်းအလဲတွေရှိသည်။ထိုကြောင့် ပဋိသန္ဓေတားဆေးကြောင့် သွေးခဲခြင်းစသည့် ဝေဒနာမျိုးထပ် ဆင့်ရတတ်သည်။
ကျေးဇူး ... ဆေးလိပ်ဖြတ်ပြီးသူ၏ သွေးသည် မသောက်သူများနှင့်မခြား ရှိပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ