Honey ပျားရည်


ဆရာခင်ဗျာ ကျွန်တော့သားက အခုဆို တနှစ်နဲ့တလ ရှိပါပြီ။ G6PD deficiency ပါဆရာ။ အခုရက်ပိုင်း သားကို တနေ့ ပျားရည် လက်ဖက်စားတဇွန်း တိုက်ပါတယ်။ ကလေးငယ်နဲ့ပျားရည်ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှုကို သိချင်ပါတယ်ဆရာ ။ နောက်ပြီး ပျားရည် မှာပါဝင်တဲ့ အာဟာရ တန်ဖိုးနဲ့ ကောင်းကျိုး ဆိုးကျိုး သိပါရစေ ခင်ဗျ ။

ပျားရည်ထဲမှာ Fructose ဖရပ်တို့စ် နဲ့ Glucose ဂလူးကို့စ်ပါလို့ချိုတယ်။ အချိုအရသာက သကြားနဲ့ အတူလောက်ရှိတယ် ။ မုန့်လုပ်ရာမှာပိုအဆင်ပြေတယ်။ ပိုးတွေကပျားရည်ထဲမှာ သကြားလောက် မပေါက်ပွါးနိုင်ကြဘူး ။ ဒါပေမယ့် Clostridium botulinum ပိုးကနေအစာဆိပ်သင့်စေတဲ့ပိုး ဖြစ်တယ်။ ကလေးငယ်လေးတွေအတွက် မသင့်ပါ ။ ဆိုးရင်သေစေနိုင်တယ် ။

- Glycemic index အချိုဓါတ် ၃၁ ကနေ ၇၈ အထိရှိတယ်။
- Fructose ဖရပ်တို့စ် = 38.2%
- Glucose ဂလူးကို့စ် = 31.3%
- Maltose မောလ်တို့စ် = 7.1%
- Sucrose ဆူးခရို့စ် = 1.3%
- Higher sugars အမြင့်စားသကြား = 1.5%
- Ash ပြာ = 0.2%
- ရေ = 17.2%
- အခြား = 3.2%

ဆီးချိုနဲ့မသင့်တဲ့ သကြားတွေကို အစဉ်လိုက်ပြောရရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည် (Fructose)၊ ဂလူးကို့စ် (Glucose) တွေဖြစ်တယ်။ ၁၁-၁၂-၂ဝ၁၄ ဆေးသုတေသနအရ သွေးတိုး ရောဂါရှိနေသူတွေမှာ ဆားထက် သကြားပိုစားရင် ပိုဆိုးတာတွေ့ရတယ်။ သကြားဆိုတာ ဓါတုဗေဒလို Monosaccharide fructose ကိုပြောတာဖြစ် ပါတယ် ။ သွေးတိုးနဲ့ နှစ်လုံး-သွေးကြောရောဂါတွေဟာ အသက်တိုစေပါတယ်။ မသေလည်း ဒုက္ခိတဖြစ်နိုင်တယ်။

ပျားရည်ရဲ့အစွမ်းတွေထဲမှာ အထင်မှားတာနဲ့တကယ်စွမ်းတာတွေက ရောနေတယ်။ ပြောတိုင်းမဟုတ်ပါ။ အစာအိမ်နာ၊ အနာအဆာ၊ မီးလောင်နာ၊ စတာတွေအတွက်သုံးကြတယ်။ အလာဂျီဖြစ်စေနိုင်တယ်။ ကင်ဆာအတွက်ကိုသက်သာတဲ့ ဆေးသုတေသနမရှိပါ။ ချောင်းဆိုးတာအတွက်လည်း အထောက်အထား နည်းနည်းသာရှိတယ် ။ ရေနွေးနွေး + ပျားရည် + သံပရာရည်ရောသောက်ကြတယ်။ ကိုယ်ခံအားနည်းသူတွေမသင့်ပါ။ ဖန်းဂတ်မှိုပိုးဝင်လာစေနိုင်တယ်။

Toxic honey ပျားရည်အဆိပ်ဟာ ပျားရည်ကိုဘယ်လိုပန်းမျိုးတွေကနေစုဆောင်းတာလည်းအပေါ်မှာမူတည်တယ်။ ဖြစ်ရင် ခေါင်းမူးမယ်၊ အားယုတ်မယ်၊ ချွေးထွက်များမယ်၊ ပျို့-အန်မယ်။ သွေးဖိအားကျမယ်။ ရှော့ခ်ရမယ်။ နှလုံးခုန်မမှန် ဖြစ်မယ်။ တက်မယ်။ ရှားရှားပါးပါးသေဆုံးနိုင်တယ်။ ပျားရည်အစစ်ကပိုဖြစ်တယ်။

မြန်မာလူမျိုးတွေက တွဲမစားသောက်သင့်ဘူးဆိုတဲ့ အစားအစာတွေထဲမှာ ဒီလို ဖတ်ရပါတယ်။ ကင်းပိတ်ရွက်၊ ပဒုမ္မာကြာရွက်နု၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး ၊ ပီလောပီနံ၊ ရှားစောင်း၊ သင်္ကန်းဖွယ်ငှက်သား။ ဆရာဝန်တွေကပြောတာတော့ မဟုတ်ပါ။

Infantile Botulism မွေးစကလေးအဆိပ်သင့်ခြင်းဖြစ်နိုင်တယ်။ နေရာဒေသအလိုက် အဖြစ်များ-နည်း မတူပါ။ ဗြိတိန်မှာ ၁၉၇၆ ကနေ ၂ဝဝ၆ အတွင်း ကလေး ၆ ယောက်မှာ ဖြစ်ခဲ့တယ်။ ယူအက်စ်မှာ ကလေး အကောင်းမွေး ၁ သိန်းမှာ ၁့၉ ယောက်ဖြစ်လို့ပိုများတယ် ။ သူတို့ထဲက ၄၇့၂% ဟာ ကယ်လီဖိုးနီးယား ကဖြစ်တယ် ။

(ဘော့တူလဇင်) ဆိုတာရှားပေမယ့် ဖြစ်ရင်ဆိုးတဲ့ရောဂါဖြစ်တယ်။ Clostridium botulinum ဗက်တီးရီးယားကနေ ထုတ်ပေးတဲ့ အဆိပ်ကနေဖြစ်စေတယ်။ အမျိုး (၅) မျိုးရှိတယ်။
၁။ Food-borne botulism အစားအသောက်ကနေကူးစက်တာ၊ အစာဆိပ်သင့်တာလို့ခေါ်တယ်။
၂။ Wound botulism အနာဒဏ်ရာကနေရတာ၊
၃။ Infant botulism ကလေးငယ်လေးတွေရဲ့အူထဲနေဗက်တီးရီးယားကနေဖြစ်တာ၊
၎။ Adult intestinal toxemia လူကြီးတွေအစာလမ်းမှာဖြစ်တာ၊
၅။ Iatrogenic botulism မတော်တဆအဆိပ်များလို့ဖြစ်တာ။ အားလုံးဟာ အဆင်မသင့်ရင်သေနိုင်တယ်။

အဲဒီဗက်တီးရီးယားက မြေဆီမှာနေတယ်။ သူတို့ကထုတ်တဲ့အဆိပ်ဟာ အာရုံကြောကိုထိခိုက်စေတယ်။ ကလေးငယ်တွေကို ကူးစက်စေတာက ပျားရည်၊ စည်သွပ်ဗူးနဲ့ ပျောင်းကနေထုတ်တဲ့အချိုရည်တွေဖြစ်တယ်။
ကြီးတဲ့သူတွေဆိုရင် စည်သွပ်ဗူးတွေ၊ စနစ်အကျနည်းတဲ့ တာရှည်ခံအစားအသောက်တွေ ၊ ဆေးဖက်ဝင် ဆီတွေ အပြင် ဘယ်အစားအသောက်ကမဆို သိုလှောင်တာ၊ ချက်ပြုပ်တာ စနစ်မကျရင်ဖြစ်နိုင်တယ်။

ပိုးဝင်ခံရရင် ကလေးငယ်တွေမှာ ၃-၃ဝ ရက်မှာရောဂါရမယ်။ ကြီးသူတွေမှာ ၁၂-၇၂ နာရီမှာ ခံစားရ တာတွေပေါ်လာမယ် ။ မအီမသာဖြစ်မယ် ။ အားနည်းနေမယ် ။ ဝမ်းချုပ်မယ်။ ခေါင်းကိုကောင်းကောင်းမထိန်းနိုင်ဖြစ်မယ်။ နို့စို့နည်းမယ် ။ ကြီးတဲ့သူတွေမှာ မျက်စိကြည့်တာ အရုပ်နှစ်ခုပေါ်မယ်။ ကြည့်မကောင်းဖြစ်မယ် ။ မျက်ခွံအောက်ကျမယ် ။ စကားပြောတာနှေးလေးမယ် ။ မျိုချရတာခက်မယ်။ အာခေါင်ခြောက်မယ်။ ဖြစ်တာနဲ့ဆေးရုံသွားရမယ် ။

၁။ Bee pollen ပန်းဝတ်မှုံ အာဟာရ http://doctortintswe.blogspot.com/2014/11/bee-pollen_19.html
၂။ Bee pollen granules ပျားကနေထုတ်တဲ့ဆေး http://doctortintswe.blogspot.com/2014/11/bee-pollen-granules_19.html
၃။ Honey and Botulism ပျားရည်နှင့်အဆိပ် http://doctortintswe.blogspot.com/2016/02/honey-and-botulism.html
၎။ Honey ပျားရည် http://doctortintswe.blogspot.com/2015/04/honey.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ