ကိုယ်အလေးချိန်ပြန်မတက်အောင် လေ့ကျင့်ခန်းတစ်ခုတည်းဖြင့် မလုံလောက်


ကိုယ်အလေးချိန်လျှော့ချရန်အားကစားလေ့ကျင့်ခန်းပြုလုပ်သူများသည် အချိန်အခိုက်အတန့် ကြာပြီး နောက် အဆီပိုများပြန်တက်လာရခြင်းမှာ လေ့ကျင့်ခန်းတစ်ခုတည်းကိုပြုလုပ်ပြီး အစားထိန်းခြင်း၊ရှောင် ခြင်း မပြုလုပ်သည့်အတွက်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုဆေးတက္ကသိုလ်မှသုတေသီ များက ပြောသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်သည်ဖြစ်စေ၊ အားကစားလိုက်စားသည်ဖြစ်စေ၊ ကျန်းမာရေးနှင့် ညီညွှတ်သည့်စားသောက်ပုံကိုမကျင့်သုံးဘဲ ရှောင်သင့်သည်တို့ ကိုမရှောင်ဘဲနေခြင်း၊ အစားမထိန်းခြင်း တို့ ပြုလုပ်နေလျင် ကျပြီးအဆီများပြန်တက်လာနိုင်သည့်အပြင် မူလကထက်ပင် ၀လာနိုင်ကြောင်း၊ လူ အများစုသည် အားကစားလုပ်စဉ်ခဏတာ အလေးချိန်ကျပြီး နောက်ပိုင်းတွင်ပြန်တက်လာရသည့် အကြောင်းရင်းမှာလည်း အစားမထိန်းနိုင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းပဲလုပ်ပြီးအစားမထိန်းဘူးဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့ မပြောနဲ့ ၊ပိုဝမလာအောင်တောင် ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ အ၀လွန်တာဟာ ရောဂါတစ်ခုလိုကူးစက်နေ တယ်ဆိုတာ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ လို့ ပြောကြသူတွေက တစ်ပိုင်းတစ်ပဲမှန်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု မှန်မှန်လုပ်ရမယ်။ အစာကိုစနစ်တကျစားသောက်ရပါမယ်။ အဲဒီနှစ်ခုမညီမချင်း ကိုယ်အလေး ချိန် ထူးထူးခြားခြားကျမှာမဟုတ်ပါဘူးဟု သုတေသီတစ်ဦးက ပြောပြသည်။

အ၀လွန်ခြင်းကိုထိရောက်စွာတိုက်ဖျက်ရန်မှာ လူတို့ ၏အစားအသောက်ကိုအလေးအနက်ထား လေ့လာ ဆန်းစစ်ရန်လိုအပ်ကြောင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းသည် ခန္ဓာတစ်ကိုယ်လုံး၏ကျန်းမာရေးကိုထိခိုက်စေ နိုင်ရာဝယ် အစားအသောက်မှားယွင်းမှုကြောင့် အဆီပိုများတက်လာခြင်းဖြစ်ကြောင်း၊ ကယ်လိုရီမြင့် မား သော အစားအစာများ၊ ချိုအောင်သကြားထည့်ထားသောအစားအစာများက အဆိုးဆုံးဖြစ်ကြောင်း၊ လူအများ ကိုယ်လက်လှုပ်ရှားသည့်ပမာဏနှင့် ၄င်းတို့ အစားအစာစားသောက်သည့်အချိုးအစားတို့  ဟန်ချက်မညီသည့်အတွက်သာ အ၀လွန်လာခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

လူအများစုဟာ ကိုယ်စားလိုက်တဲ့အစားအစာမှာ ကယ်လိုရီဘယ်လောက်ပါတယ်ဆိုတာကို တိတိကျကျ မသိကြပါဘူး။ အထူးသဖြင့် အပျော်စားနေကြတဲ့ရေခဲမုန့် တွေနဲ့ မုန့် ပဲသွားရည်စာတွေဟာ အချိုများသလို ကယ်လိုရီလည်းများပါတယ်။ လူတွေအစာလျော့တာ မနက်၊နေ့ လည်၊ညစာတွေမှာလျှော့ကြပြီး မုန့် တွေ ကိုတော့ အားပါးတရပြန်စားနေကြတာကိုတွေ့ ရပါတယ်။ အဲဒီမုန့် တွေကိုလည်းလျှော့နိုင်မှ၊ မနက်စာကို အ၀စားပြီး နေ့ လည်စာနဲ့ ညစာကို လျှော့ချနိုင်မှ၊ တစ်နည်းအားဖြင့် တြိဂံပုံစံအတိုင်းစားသောက်နိုင်မှသာ ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းအတိုင်း ကိုယ်အလေးချိန်ကျဆင်းတဲ့အကျိုးကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်ဟု ၄င်းကဖြည့်စွက်ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် UK နှစ်နိုင်ငံလုံးတွင် အ၀လွန်ခြင်းမှာ ကပ်ရောဂါဆိုးသဖွယ် ပျံ့ နှံ့ လျက်ရှိ ပြီး ၄င်းရောဂါကိုထိန်းချုပ်နိုင်ရန် အစိုးရကိုယ်တိုင်ဦးဆောင်သော အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ကြိုးပမ်း ဆောင်ရွက်နေရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ