ချစ်သူများနေ့ ကိုတစ်ယောက်ထဲဖြတ်သန်းရမယ်ဆိုရင်


ဒီကမ္ဘာပေါ်မှာလူနှစ်မျိုးရှိတယ်။ ချစ်သူများနေ့ ကိုရင်ခုန်စွာတမ်းတကြသူတွေနဲ့  ပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၁၃ ကနေ ၁၅ ကိုတစ်ခါထဲခုန်ကူးသွားရင်ကောင်းမှာပဲလို့ စိတ်ကူးနေကြ သူတွေပေါ့။ အဲဒီလိုစိတ်ကူးရှိပြီးချစ်သူများနေ့ မြန်မြန်ပြီးသွားရင်ကောင်းမှာပဲလို့ တွေးနေသူများအတွက် ချစ်သူများနေ့ ကို တစ်ယောက်ထဲ ဟန်ကျပန်ကျလေးဖြတ်သန်းနိုင်ဖို့  နည်းလမ်းလေးတွေကို မျှဝေလိုက်ပါတယ် ။ ချစ်သူများနေ့ ဆိုတာအချစ်ကိုဆင်နွဲရမယ့်နေ့ ဆိုတော့ သင်တစ်ခုခုကိုချစ်မှဖြစ်မယ်။ သင်ကလည်း တစ်ကိုယ်ရည်တည်းဖြတ်သန်းချင်သူဆိုတော့ သင်အမြဲလုပ်ချင်ခဲ့တာလေး တစ်ခုကို ဒီနေ့ အမှတ်တရလေးလုပ်လိုက်ပါ ။ သင်တန်းအပ်ဖို့ စိတ်ကူးနေတာကြာပြီလား၊ အင်္ကျီလေး တစ်ထည်ကို ကြိုက်နေတာ ၀ယ်ဝတ် ဖို့ တွန့် ဆုတ်နေခဲ့တာလား၊ ဖြစ်သလိုပဲစားနေတာ ကြာပြီလား၊ ဒီနေ့ တစ်ရက် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ပြီးသွားရင် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ အစရှိတဲ့ နေရာတစ်ခုခုကိုသွားပြီး စေတနာ့ဝန်ထမ်း ၀င်လုပ်ပေးလိုက်ပါ ။ ဒါမှမဟုတ် သင့်မှာရှိတဲ့အ၀တ် အစားအဟောင်းတွေကို လိုအပ်နေသူတစ်ယောက်ယောက်ကိုပေးလိုက်ပါ ။ လုပ်ချင်သေးရင် သင်လှူချင် တဲ့ငွေပမာဏကို အပြင်ထွက်ပြီးလှူပစ်လိုက်ပါ ။ အချစ်ကိုဆင်နွဲတယ်ဆိုတာ ဘယ်နေရာမှာမဆိုဆင်နွဲလို့  ရတယ်ဆိုတာ ကိုယ်တိုင်ရှာဖွေတွေ့ ရှိလိုက်ပါ ။ ချစ်သူမရှိရင် သူငယ်ချင်းတွေစုပြီးအပြင်ထွက်ပါ ။

ကိုယ်နဲ့ စိတ်တူကိုယ်တူသူငယ်ချင်းတွေစုပြီးပါတီလေးလုပ်ကြပါ။ ဒါမှမဟုတ် မတွေ့ တာကြာပြီဖြစ်တဲ့ အမျိုးတွေစုပြီးစားကြသောက်ကြပါ ။ ဒီကမ္ဘာကြီးပေါ်မှာမပြောနဲ့ ၊ သင့်လမ်းထဲမှာကို သင့်လိုပဲ ချစ်သူများနေ့ ကို တစ်ယောက်ထဲဖြတ်သန်းရမယ့် သူတွေ အများ ကြီးပါ။ အဲဒီလူတွေ အချင်းချင်းတွေ့ ဆုံပြီးပျော်လိုက်ကြစမ်းပါ ။

ချက်စားပါ။ အဓိပ္ပါယ်မရှိအောင်ဈေးတင်ထားတဲနှင်းဆီပန်းတွေ ၊ချောကလက်တွေကို ၀ယ်ပြီးငွေဖြုန်းတီးနေမယ့် အစား မိသားစုပျော်ပျော်ရွှင်ရွှင်လေးချက်ပြုတ်စားသောက်လိုက်ကြပါ။ ချစ်သူများနေ့ ဆိုတာမိသားစုနဲ့ လည်းဆိုင်တယ်ဆိုတာမမေ့ပါနဲ့ ။ သင် အပြင်မှာ သွားချင်တိုင်းသွား ၊ချစ်ချင်တိုင်း ချစ်လို့ ရ အောင် ဒီမိသားစုကပံ့ပိုးထားတယ်ဆိုတာကိုသတိရပါ။

သူတို့ နဲ့ အရည်အသွေးပြည့်ဝတဲ့အချိန်လေး ဖန်တီးနိုင်ပါတယ်။သင့်အကြိုက်ဆုံးစာအုပ်ကိုဖတ်ပါ။ အခုခေတ်စားနေတဲ့လူမှုကွန်ယက်တွေပေါ်မှာအသိ၊ပညာ၊ဗဟုသုတဆိုင်ရာရေးသားဖော်ပြချက်တွေ လုံးဝ မပါဘူးမဟုတ်၊ပါပါတယ်၊ဒါပေမယ့် ပြည့်စုံမှုမရှိပါဘူး။ သင့်ဥာဏ် ရည် ဥာဏ်သွေးကို ချစ်မြတ်နိုးစွာနဲ့  ဒီနေ့ တစ်ရက် အစာတွေကျွေးပြီးအားတွေဖြည့်ပေးလိုက်ပါ။ သင့်ကျန်းမာရေးအတွက် မလုပ်ဖြစ်တာ ကြာပြီဆိုတာလေးတွေကို လုပ်ပါ ။ ရေနွေးငွေ့ ချိုးခန်းကိုသွားပါ။ ဒါမှမဟုတ် ခြေသည်းလက်သည်းအလှပြင်ပါ ။ ဒါမှမဟုတ် ဆံပင်ပေါင်းတင်တာ ၊ဆေးဆိုးတာ ၊ကောက်တာလုပ်ပါ ။ ဒါမှမဟုတ် ရှော့ပင်ထွက်လိုက်ပါ ။ ကိုယ့်ကိုယ်ကိုယ်ပျော်အောင် ထားပါ ။ ခင်မင်ရင်းနှီးသူတွေ ဆီလျှောက်လည်ပါ ။ သင်ဟာချစ်သူများနေ့ ကိုတစ်ကိုယ်ရည်တည်းဖြတ်သန်းမယ့် သူ ဖြစ်နေရင် အိမ်သိပ်မလည်တတ်သူထဲမှာပါနိုင်ပါတယ် ။ ဒီနေ့ တစ်ရက်ကိုထူးထူးခြားခြားလိုက်လည် လိုက်ပါ ။ လူတွေတအံ့တသြဖြစ်ပြီး သင့်ကို ၀မ်းသာအဲလဲဧည့်ခံတာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့  ဇိမ်ခံလိုက်ပါ ။ချစ်သူများနေ့ကဖိအားများလှပါတယ် ။ လူတကာနှင်းဆီပန်းတွေရ ၊ချောကလက်တွေစား ၊လက်ဆောင်တွေ ကြွားနေချိန်မှာ ကိုယ်တွေမှာပြစရာ ဘာမှမရှိဘူးဆိုပြီးမိန်းကလေးတွေ ကပိုခံစားတတ်ကြပါတယ် ။ ယောက်ျားလေးတွေက ဘာပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့ ဖြတ်ကျော်လိုက်လို့ ရပါသေးတယ်။တစ်ကယ်တော့ ကမ္ဘာ့အနောက်ဘက်ခြမ်းကနေတဖြည်းဖြည်းပျံ့ နှံ့ လာတဲ့ ချစ်သူများနေ့ ထုံးတမ်းစဉ် လာသာဖြစ်ပြီး ကျွန်တော်တို့ မှာကျင်းပမှဖြစ်မယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး ။

သို့ သော်လည်းဟိုလူကမေးလိုက် ၊ ဒီလူကမေးလိုက်နဲ့  အနေရအထိုင်ရခက်တာတော့ အမှန်ပါပဲ ။ ဒီတစ်နှစ်ချစ်သူများနေ့ က ရုံးဖွင့်ရက်လည်းကျတယ်ဆိုတော့ ပိုဆိုးတာပေါ့ ။ ရှောင်ရခက်တာပေါ့ ။ ဒီတော့ ကိုယ်တိုင်နှင်းဆီပန်းဝယ်ပြီးစားပွဲပေါ်မှာခပ်တည်တည်တင်ထားလို့ ရသလိုအခုကျွန်တော်ဖော်ပြခဲ့သလိုပဲကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင်ထားခြင်းဖြင့် ချစ်သူများနေ့ ကိုဆင်နွဲနိုင်ပါကြောင်းလေ့လာရေးသားတင် ပြလိုက်ရပါတယ်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ