ငရုတ်သီးစားခြင်းကြောင့် အသက်ရှည်စေနိုင်ဟု သိပ္ပံပညာရှင်များ ပြောကြား

 ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက်ရှည်စေကြောင်း၊ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin့ ဒြပ်ပေါင်းက နာကျင်မှုအာရုံခံပရိုတိန်း TRVPI  ကို ဟန့်တားပေးကြောင်း၊ ဒါကြောင့်မို့ ငရုတ်သီးတောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန်စားသုံးခြင်းဖြင့် အသက်ရှည်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီအင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ် လုပ်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

TRVPI  ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်ကြောင်း ၊ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တဲ့အပြင် ပိုမိုကျန်းမာကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်းပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည်ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်စရာ မလိုဘဲ အဆီပိုတွေကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက်အရွယ်အိုမင်းလာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်းအပါအ၀င် ဇီဝရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့တယ်။

သို့ဖြစ်ရာ ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှုသက်သာစေရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန်အသုံးဝင် နိုင်ကြောင်း ဆဲလ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုမှာ ပါမောက္ခ သုတေသီဒီလင်းက ပြောကြားခဲ့တယ်။

ညွန့်လွင် (စက်မှုတက္ကသိုလ်)
Health Updates Journal No. 124

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ