Thrush မှက္ခရုနာ


၁။ ကျမ သမီးက ၂လနဲ့၂၃ရက်ပါ။ သမီးလေးက လျှာဝါးနေပါတယ် ။ ၂ ပတ်လောက်ရှိပါပြီ ။ အရပ်ထဲက ကျားရိုးခွံ့ပါ သူငယ်ဆေးခွံပါလို့ တိုက်တွန်းနေပါတယ် ။ လျှာဝါးတာ ဘာကြောင့်ဖြစ်တာပါလဲ။ သဘာ ဝကြောင့်လား ရောဂါတမျိုးလားဆရာ ။ ရောဂါဆို ဘယ်လိုကုသပေးရင် ပျောက်ကင်းနိုင်ပါသလဲ သိချင်ပါတယ်ဆရာ ။

၂။ မက်ခရုက ကလေးအတွက်အန္တရာယ်များရှိပါသလားဆရာ ။ ရွာက သားဖွားဆရာ ကျန်းမာရေး ဆရာမတော့ မနက်ဖြန်ပြချေလို့ပြောထားပါတယ် ။ ဖြစ်နိုင်ရင် မက်ခရုအကြောင်းဖြစ်ဖြစ် ကလေးအတွက် အကြံဥာဏ် တောင်းခံပါစေဆရာ ။

၃။ ဆရာရှင့်မင်္ဂလာပါ။ ကျွန်မသမီးလေးက ၂၁-၁-၂ဝ၁၆ မှာ လေးလပြည့်မှာပါ။ အခုသမီးလေးက သွားရေတွေ အရမ်းကျနေလို့ အဲဒါဖြစ်တတ်တာလား ။ ရောဂါတခုခု ကြောင့်ဖြစ် တာလားဆိုတာ ရှင်းပြပေးပါဆရာ ။

၎။ မင်္ဂလာပါဆရာ ။ ကျွန်မသမီးက ၁၁ လ ရှိပါပြီဆရာ။ကလေးလျှာမှာ အနီစက်တွေဖြစ်ပြီး ပါးစောင်မှာ အဖြူဖုတွေလို ဖြစ်နေပါတယ်ဆရာ ။ ကလေးကတော့လန်းပါတယ် မငိုပါဘူး ။ အစားတော့ အရင်ကလောက် မစားပါဘူး ။ အရမ်းစိုးရိမ်နေလို့ ဘာလုပ်ရမယ်ဆိုတာ လမ်းညွန်ပေးစေခြင်ပါတယ် ဆရာ ။

ကလေးငယ်တွေ လျှာမှာတခုခုဖြစ်ရင် မှို ခေါ် ဖန်းဂတ်စ်ကို အရင်ဆုံးစဉ်းစားရမယ်။ မှက္ခရုနာလိုလျှာဖြူနေတာ၊ သွားရည်ကျတာ၊ လျှာထုတ်တာအပြင် နို့ပွေး အားလုံးဟာ ခပ်ဆင်ဆင်ပိုးတွေဖြစ်တယ် ။ အရပ်ခေါ်နာမည်တွေက တနေရာတမျိုး ။ သူငယ်နာလို့လည်း ခေါ်ကြတယ် ။ ကလေးပါးစပ်ထဲ ဝင်စရာတခုခုကနေ ဝင်လာတယ်။ မိခင်နို့နဲ့ ကစားစရာ။ မိခင်နို့ကို သန့်ရှင်းရေး ပိုလုပ်ရမယ်။ မိခင်နို့ကို စိုထိုင်းနေတာ မကောင်း။ ခြောက်နေစေရမယ်။ ချိုတိုက်ပြီး တိုင်း ခြောက်အောင် လုပ်ပြီးမှ အတွင်းခံဖုံးရမယ် ။ မှိုက ပူနွေးစိုထိုင်းတာကြိုက်တယ်။ ကလေးလျှာကို အဝတ်သန့် လေးနဲ့  ခြင်းယူသန့်ပေးပါ ။ ဆေးမလိုလောက်သေးပါ ။ အလိုလိုပျောက်မယ်။ ပြန်ဖြစ်တတ်တယ် ။

မှက္ခရုနာ Thrush (Oral candidiasis)
Moniliasis လို့လဲခေါ်တယ်။ နို့တိုက်အရွယ် ကလေးငယ်တွေ။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရခက်တယ်။ Fungus ဖန်းဂတ်စ် မှိုတမျိုးကနေ ဖြစ်တယ် ။ မှိုအမျိုးအစားတွေ အများကြီးဘဲ။ ခန္ဓာကိုယ်အပြင်ကနေ ကိုယ်ထဲဝင်လာမယ်။ ပူလောင်စိုစွပ်ရာ နေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြား အရေးအကြောင်း ရှိရာတွေ မှာ ဖြစ်တတ်တယ် ။ အတွင်းခံဝတ်တဲ့နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာဖြစ်ရင် ကြာကြာကုရတယ် ။ နို့တိုက်အရွယ် ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေဖြစ်ပြီး၊ ဘေးကနီနေတယ်။ သွားရည်ကျမယ်။ နာမယ်၊ နို့စို့ရ၊ အစာစားရခက်မယ် ။

ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ ။ မိခင်နို့ကို အမြဲသန့်နေပါစေ ။ သန့်တယ်ဆိုတာ ရေ + ဆပ်ပြာသုံးပြီးနောက် ရေကိုခြောက်စေပြီးမှသာ အတွင်းခံဖုံးပါ ။ မိုးရာသီမှာ ပိုသတိထားရမယ် ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ ။ လိုတာကရှားပါတယ် ။ မိခင်နို့ကို သန့်ရှင်းရေး ပိုလုပ်ရမယ်။ ဆေးတွေမလိုပါ ။ ကလေးကိုချိုတိုက်ပြီး စိုနေတုံးမှာ အတွင်းခံပြန်မအုပ်သေးပဲ အရင်ခြောက်စေပါ ။ ရေချိုးပြီးလည်း ရေခြောက်မှသာ အပေါ်ဝတ်ဝတ် ဆင်ပါ ။ မှိုပိုးတွေက ပူနွေးနွေး စိုထိုင်းထိုင်းကိုကြိုက်တယ် ။ ကလေးတချို့မှာ ဗီတာမင်ဘီ-၁၂ နဲ့သံဓါတ်နည်းတာနဲ့တွဲနေတတ်တယ် ။

ကလေး-လူကြီး သန့်ရှင်းရေးကို လိုတာထက် မပိုသင့်ပါ။ တကိုယ်ရေသန့်ရှင်းရေးမှာ စနစ်ကျရမယ်။ အပိုတွေမသုံးသင့်ပါ။ တခြားကူးစက်ရောဂါကို ဖိတ်ခေါ်သလိုဖြစ်တတယ်။ ဖန်းဂတ်စ်ပိုးဟာ အဲလိုကနေ ရလာတတ်တယ်။ စိုစွပ်တဲ့အချိန်၊ ပူအိုက်ချိန်မှာ ဖန်းဂတ်စ်တွေကို ပိုသတိထားရပါမယ်။ အမျိုးသမီးတွေ အဖြူဆင်းတာလည်း မှိုပိုးကနေဖြစ်တာများတယ်။ မိန်းမကိုယ်ကို ဗက်တီးရီးယားသေတဲ့ သန့်ဆေးရည်တွေ သုံးလို့ မှိုပိုးဝင်တယ် ။ အဲလိုဆေးက လိုသူတွေမှာသာ သုံးရတယ် ။

• Aphthous ulcer and Fissured tongue လျှာနာ အာနာ http://doctortintswe.blogspot.com/2014/11/aphthous-ulcer-and-fissured-tongue.html
• Baby Face Ringworm နို့ပွေး http://doctortintswe.blogspot.com/2014/12/baby-face-ringworm.html
• Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2012/06/common-oral-mucosal-lesions.html
• Thrush (Oral candidiasis) မှက္ခရုနာ http://dts-medicaleducation.blogspot.com/2014/05/thrush-oral-candidiasis.html
• Thrush မှက္ခရုနာ http://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html
• Tongue diseases လျှာနာများ http://doctortintswe.blogspot.com/2014/11/tongue-diseases.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ