အမြင်အာရုံများအတွက် သတိပြုစရာများ


မျက်လုံးဆိုတာ အလင်းကိုလက်ခံပေးတဲ့ လူ့ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုပါ။ မျက်လုံးတွေက ကမ္ဘာကြီးကိုမြင် တွေ့စေတယ်။ အရာဝတ္ထု တစ်ခုနဲ့တစ်ခု ဘယ်လိုအပ်စက်နေတယ်ဆို တာကို မြင်တွေ့နားလည်စေ တယ် ။ မျက်လုံးကတစ်ဆင့် မြင်ရ၊ တွေ့ရတဲ့ ကုန်ကြမ်းတွေကို ဦးနှောက်က ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ ကိုယ်ဘယ်လောက်သိမြင်တာတွေနဲ့ နှိုင်းယှဉ်ပေးပါတယ်။ ပြီးတော့ ဦးနှောက်က မျက်လုံးကနေတစ်ဆင့် အမြင်ကို ဘာသာပြန်ပေးပါတယ်။ အဲဒီတော့ မျက်လုံးက လူတွေ အတွက် ဘယ်လောက်အရေးကြီးလဲ ။ မျက်လုံး ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ ….။

အစားအစာ

Omega 3 Fatty acid, lutein, zinc, ဗီတာမင် C ,E စတာတွေ အသက်အရွယ်ကြောင့် အမြင် အာရုံေ၀၀ါးခြင်း ၊ အားနည်းခြင်းကိုကာကွယ်ပေး ပါတယ် ။ ကိုက်လန် ၊ မုန်ညင်း ၊ ဟင်းနုနွယ်တို့လို အစိမ်းရောင် ဟင်းသီး ဟင်းရွက် များများစားပေးပါ ။ ဘာမွန်ငါး၊ တူနာ၊ တခြားအဆီပါသော ငါးများ စားပေးပါ ။ ဥ၊ အစေ့အဆန်၊ ပဲနို့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာများစားပေးပါ။ လိမ္မော်သီးတို့လို ဗိတာမင်ကြွယ်ဝတဲ့ သစ်သီးများစားပေးပါ။ သင့်တင့်မျှတတဲ့စားသောက်မှု ပုံစံက မျက်လုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါလိမ့်မယ် ။ဆေးလိပ်ဖြတ်ပါဆေးလိပ်သောက်ခြင်း က အမြင်အာရုံများပျက်စီးခြင်း ၊ မျက်စိတိမ်စွဲရောဂါ စတာတွေဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဆေးလိပ်သောက်သုံးခြင်းကို အတတ်နိုင် ဆုံးဖြတ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ် ။

နေကာမျက်မှန်

နေရောင်ခြည်ကလည်း မျက်လုံးအမြင်အာရုံကိုပျက်စီးစေတဲ့ အကြောင်းရင်းတစ်ခုပါ။ နေရောင်ခြည်ဒဏ် ထိတွေ့မှုများခြင်းက အမြင်အာရုံကြောများ ပျက်စီးခြင်း၊ မျက်စိတိမ်စွဲခြင်းတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် နေရောင်ထဲထွက်တဲ့အခါ UVA, UVB (၂)မျိုးလုံးကာကွယ်ပေးနိုင်တဲ့မျက်မှန်တပ်တာ အကောင်းဆုံးဖြစ်ပါတယ် ။

ကွန်ပျူတာဖန်သားပြင်

ကွန်ပျူတာဖန်သားပြင်ကို အချိန်ကြာကြာကြည့်ခြင်းက မျက်စိညောင်းညာခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ လည်ပင်း၊ ကျောရိုးနာကျင်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ကွန်ပျူတာသုံးတဲ့အခါ အတတ်နိုင်ဆုံး မိနစ် (၂၀)တစ်ကြိမ် အနားယူပေးပါ။ ကွန်ပျူတာ (၂)နာရီ ကြာအသုံးပြုတိုင်း (၁၅)မိနစ်ခန့် အနားယူပေးပါ။ ကွန်ပျူတာကို အလင်းပြန်စေမယ့် ပြတင်းပေါက်၊ မီးချောင်းတို့နဲ့ အတတ်နိုင်ဆုံးရှောင်ပါ ။

မကြာခဏမျက်လုံးစမ်းသပ်ပါ

ကလေးကအစ သက်ကြီးရွယ်အိုတွေအထိ မျက်လုံးကို ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။ မျက်စိရေတိမ်စွဲခြင်း လို ပြဿ နာမျိုးက ရောဂါလက္ခဏာကြိုတင်ပြလေ့မရှိတဲ့အတွက် မျက်လုံးကို ပုံမှန်စစ်ဆေးပေးပြီး မဖြစ် ခင်ကြိုတင် ကာကွယ်တာအကောင်းဆုံးဖြစ်ပါတယ် ။

Health Guide
https://www.facebook.com/healthguidemyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ