Dandruff (1) ဘောက် (၁)


ဆရာရှင့် ကျွန်မ မြန်မာနိုင်ငံမှာ နေတုန်းက ခေါင်းမှာ ဗောက်ဆိုတာ နည်းနည်းမှ မရှိ မမြင်ဘူးပါ။ အခု အမေရိကား ရောက်တော့ အရမ်းအေးလွန်းတော့ ရေနွေးနဲ့ခေါင်းလျော်တာများလို့လား အရမ်းအေးလို့လား မသိဘူး အရင်တုန်းက မစေးကပ်တဲ့ ဆံပင်တွေက အခုဆို စေးကပ်ပြီး အဆီအဆံ သေးသေးလေးတွေ လည်း ခေါင်းကိုစမ်းလိုက်တာနဲ့ တွေ့ရတယ်။ နဖူးစပ်လေးတွေမှာလည်း အဆီဆံလေးတွေ တခါ တခါ ခေါင်းတွေ ယားပြီး ဗောက်တွေလည်း တွေ့ရပါတယ်ရှင့်။ ဘာကြောင့်မှန်းမသိ ဘာလုပ်ပေးရင် အဆင်ပြေနိုင်လည်း သိချင်ပါတယ်ရှင်။ ဒီမြေ ဒီရေမှာ အမြဲနေထိုင်သွားရမှာမို့ ပြောပြပေးပါရှင် ။

အခုတယောက်က အသက် စတာ မပြောပါ ။ အရင်တယောက်မေးစဉ်ကလည်း အသက်ကို နောက်ဆုံး မှရေးတော့ ထပ်ဖတ်ရပြန်တယ် ။

ဆရာ သမီးဆံပင်အကြောင်းလေးမေးချင်လို့ပါ ။ အရင်ကဆို ဆံပင်ထူတယ်။ ပျော့ပျော့ပျောင်းပျောင်းလေး ဆံသားက။ အခုနောက်ပိုင်းကျတော့ ဗောက်လည်းထလာတယ် ။ ဆံပင်လည်း အရမ်းကျွတ်လာတယ် ။ ပြီးတော့မွဲခြောက်ခြောက်လည်း ဖြစ်လာတယ် ။ ဆံပင်က အာဟာမရှိသလိုပဲ ။ နေပူထဲထွက်ရင် ထီးမပါပဲလဲ ထွက်ဖြစ်တယ် ။ သိပ်တော့ သတိမထားမိဘူး အရင်က ။ ဗောက်ထတော့ ခေါင်းလျှော် ရည်တွေပြောင်းသုံးတယ် အဆင်မပြေဘူး ။ အခု side effect လည်းနည်းပါတယ် chemical ပစ္စည်းတွေ လည်း သိပ်မပါပါဘူးဆိုတဲ့ ခေါင်းလျှော်ရည်ကို သုံးနေပါတယ် ။ အဲ့ဒါလည်း အဆင်မပြေပါဘူး ။ ကျွတ်မြဲကျွတ် မွဲမြဲမွဲ ဗောက်ထမြဲ ပါပဲ ။ သမီး ဆံပင်ကို သူများတွေလိုမျိုး ခဏခဏလည်း မလုပ်မိပါဘူး ။ အခုချိန်ထိ ဆံပင်ကို သုံးခါလောက်ပဲ ပြင်ဖူးပါသေးတယ် ။ အစက အဲ့ဒါကြောင့်လားလို့လည်း ထင်မိသေး တယ် ။ ဒါမဲ့ သူများတွေလည်း ဒီလိုပဲပြင်နေတာပဲ။ ခုက ကိုယ်တယောက်တည်းလိုပဲကွက်ဖြစ်နေတော့ နဲနဲတော့စိတ်ရှုပ်လာရတယ်။ တခါတလေဆို ခေါင်းမလျှော်ခင် သံလွင်ဆီလိမ်းပေးဆိုလို့ သံလွင်ဆီလည်း သုံးပါတယ် ။ hair coat ကတော့ အပြင်သွားတိုင်း သုံးဖြစ်ပါတယ် ။ ရာသီလာရင်တော့ နည်းပါတယ်ဆရာ ။ ကျန်တဲ့ရောဂါတွေတော့ မရှိလောက်ဘူး ထင်တယ်ဆရာ ။ အစားအသောက်ကတော့ ရွေးမစားဖြစ်ဘူး ။ ဒီတိုင်း ရှိတာပဲစားဖြစ်တယ် ။ သမီး အသက်က ၂ဝ ပြည့်တော့မယ် ။ အကြံဥာဏ်လေးပေးပါအုန်းဆရာ ။ ဆံပင်ကိစ္စက ခုတော်တော်ကြီးကို စိတ်ရှုပ်ရပါတယ် ။

အင်္ဂလိပ်လို Dandruff ကို မြန်မာလိုကလည်း ဘောက်လို့ တလုံးတည်းခေါ်ပေမဲ့ ဆေးစာလိုကြ Pityriasis simplex capillitii ဆိုပြီး အရှည်ကြီး ခေါ်တယ်။ ဦးရေခွံအရေပြားတွေ ခြောက်ပြီး၊ ကွာထွက် လာတာ ကို ပြောတာပါ ။ အမှန်က အရေပြား (ဆဲလ်) တွေ အသစ်ဖြစ်-ကြီးရင့်-သေကြတာ ပုံမှန် အနိစ္စဖြစ်စဉ် တခုပါ ။ အမြဲ အဲလိုကွာကျနေတာကို မျက်စိနဲ့ မမြင်ရလို့သာပါ ။ ပုံမှန်ထက် ကဲပြီး အများကြီး ၊ ဆက်ဆက်ပြီး ၊ အဖတ်လိုက် ကွာကျလာမှ ဘောက်လို့ ခေါ်ကြတယ် ။ ပုံမှန်ဆိုရင် ခေါင်းဦးရေ က အရေပြားဟာ ၁ လလောက်နေမှ ကွာကျပေမဲ့ ဘောက်ရှိနေသူတွေမှာ ၂ ရက်ကနေ ၇ ရက် ဆိုတာနဲ့ ကွာကျတော့တာဘဲ ။

ဖြစ်စေတဲ့ အကြောင်းခံ ၃ ခုရှိတယ်။ အရေပြားအဆီ၊ အရေပြားပေါ်က ပိုးမွှားတွေနဲ့ ဖြစ်တတ်သူမို့ဖြစ်တာ ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ အရင်က နားလည်ခဲ့တာက Malassezi globosa (ဖန်းဂတ်စ်) တမျိုးကြောင့်ပါ ။ ဒီ (ဖန်းဂတ်စ်) ကနေ အရေပြားထဲရှိတဲ့ Triglycerides အဆီကို ပြောင်းလဲစေပြီး Oleic acid ဆိုတာ ထွက်လာစေတယ် ။ ရာသီဥတု ပြင်းပြီး ချွေးထွက်များရင်လည်း ဖြစ်တတ်တယ် ။ တချို့မှာ ခေါင်းလိမ်းတဲ့-သုံးတဲ့ gel or hairspray တမယ်မယ်ကြောင့် ဖြစ်ရတတ်တယ် ။ ပူလွန်း ၊ အေးလွန်း ရင်လည်း ဖြစ်တတ်တယ် ။ မေးတဲ့သူက UAE က မဟုတ်လား ။

များသောအားဖြင့် ခေါင်းလျှော်ရည် ကောင်းတာကို နေ့တိုင်းသုံးတာနဲ့ သက်သာ-ပျောက်ပါတယ် ။ ဘောက် အတွက် သပ်သပ်ထုတ်တဲ့ ခေါင်းလျှော်ရည်ထဲမှာ Salicylic acid နဲ့ Zinc pyrithione ၂ မျိုး ပါတယ် ။ Selenium sulfide နဲ့ Ketoconazole တွေကလဲ (ဖန်းဂတ်စ်) ကို သေစေတယ် ။ နောက်ဆုံးဆေး Ketoconazole ပါတာက ပိုထိရောက်တယ်လို့ ပြောနိုင်တယ် ။

Selsun Blue 2.5% ဆိုတာ Selenium sulfide ပါတဲ့ ခေါင်းလျှော်ရည်ပါ။ ဒီလိုကြေငြာတယ် ။ ကေသာ အနက်မှာ (ဆဲလ်ဆန်-ဘလူး) မပါလို့မရတဲ့။ ရိုးရိုး ရောင်းကုန် ကြောငြာထက် နည်းနည်းထူးတယ် ။ ဆရာဝန်ညွှန်သလို အတိအကျ သုံးပါတဲ့။ တပါတ် ၂ ခါနဲ့ ၂ ပါတ်သာ သုံးဘို့ လိုတယ် ဆိုပါတယ် ။ ဒီထက် လျော့ချင် လျှော့ပါ ပိုတော့ မသုံးပါနဲ့တဲ့ ။ ဆေးရည် လက်ဖက်ရည် ၁-၂ ဇွန်းကို ရေစို ဆံပင်ထဲ လောင်းပြီး  ၊ ၃-၄ မိနစ်ကြာ နှိပ်ပြီးမှ ရေးဆေးရတယ် ။ ဆေးကိုင်တဲ့ လက်ကို သေခြာ ပြန်ဆေးရမယ်။ ခေါင်းမှာ အနာအဆာရှိနေရင် မသုံးရသေးဘူး ။

Tea-tree oil (Melaleuca alternifolia) လက်ဘက်ပင်အဆီပါတဲ့ ခေါင်းလျှော်ရည် ကလည်း လူတွေ လက်ခံလာတဲ့ ဆေးနည်း တခုပါ ။ ၾသစေတးလ် လက္ဘက္ပင္မ်ိဳးကေန ထုတ္တာပါ ။

အိမ်သုံးဆေးနည်း တချို့ကိုလည်း ရေးပြပါရစေ ။
• ရေ လက်ဖက်ရည်ဇွန်း ၆ ဇွန်းထဲမှာ (ဗနီဂါ) ရှာလကာရည် ၂ ဇွန်းထည့်ပါ ။ ညမအိပ်ခင် ဂွမ်းနဲ့ ခေါင်းကို အနှံ့လိမ်းပါ ။ ခေါင်းအုံး မပျက်အောက် မျက်နှာသုတ်ပုဝါ ပတ်ထားပါ ။ မနက်ကြရင် ခေါင်းလျှော်ပါ ။ ထပ်ပြီး (ဗနီဂါ) ရည် လိမ်းပါ ။ တပါတ် တခါ ၃ လကြာ လုပ်ပါ ။
• သံပရာရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ (ဗနီဂါ) ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောလိမ်းပါ ။
• ပဲနံ့သာစေ့ Fenugreek ကို (ရောဂတ်) ဒိန်ချဉ်ထဲထည့်ပြီး တညသိပ်ပါ ။ ဆံပင်ကို လိမ်းပြီး နာရီဝက်နေမှ ခေါင်းလျှော်ပါ ။ ဗမာတွေက ခေါင်းလိမ်းအုံးဆီထဲ ပဲနံ့သာစေ့ ထည့်တတ်ကြတယ်။ အနံ့ မကြိုက်သူတွေတော့ ရှိတယ်။ ဒိန်ချဉ်နဲ့ မဟုတ်ဘဲ တည ရေစိမ်ထားပြီး လိမ်းတာလည်း တနည်းဘဲ။
• ဒိန်ချဉ် သပ်သပ် လိမ်းတာကလည်း ဆံပင်ပါ အရောင်ကောင်းစေသတဲ့ ။
• ကြက်ဥ ၂ လုံးကို ဖေါက်၊ ရေလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရော လိမ်းနည်းလည်း သုံးတယ် ။

အသက်ကြီးတော့ တနည်းသာဆိုတာထဲမှာ ဒါလဲပါတယ်။ ဘောက် သိပ်မဖြစ်တော့ဘူး ။

- Dandruff (1) ဘောက် (၁) http://doctortintswe.blogspot.com/2014/11/dandruff-1.html
- Dandruff (2) ဘောက် (၂) http://doctortintswe.blogspot.com/2014/11/dandruff-2.html
- Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
- Hair loss (2) ဆံပင်ကျွတ်ခြင်း (၂) http://doctortintswe.blogspot.com/2015/04/hair-loss.html
- Hair loss in pregnancy ကိုယ်ဝန်ဆောင်ချိန် ဆံပင်ကျွတ်တာ ယာယီပါ http://doctortintswe.blogspot.com/2015/04/hair-loss-in-pregnancy.html
- Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://doctortintswe.blogspot.com/2014/11/hair-health.html
- Scalp fungus ဦးရေခွံပွေး http://doctortintswe.blogspot.com/2015/04/scalp-fungus.html
- Secrets to healthy hair ဆံပင်ကျန်းမာရေး http://doctortintswe.blogspot.com/2015/05/secrets-to-healthy-hair.html
- Foods for Healthy Hair ဆံပင် အာဟာရ http://doctortintswe.blogspot.com/2014/11/foods-for-healthy-hair.html
- Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ http://doctortintswe.blogspot.com/2014/11/oily-hair.html
- Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ http://doctortintswe.blogspot.com/2014/11/soft-hair.html
- Hair salon ဆံပင်အလှပြင်သူတွေအတွက် http://doctortintswe.blogspot.com/2015/06/hair-salon.html
- Body hair တလွဲဆံပင်ကောင်းသူများ http://doctortintswe.blogspot.com/2014/11/body-hair.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ